မေးခွန်းထုတ်ရာတွင် မတွန့်၊ မကွန့်ရန် ပညာရေး အကြံပေးပညာရှင် ပြောကြား

မေးခွန်းထုတ်ရာတွင် မတွန့်၊ မကွန့်ရန် ပညာရေး အကြံပေးပညာရှင် ပြောကြား

ယခင်နှစ်များက စတုတ္ထတန်းနှင့် အဌမတန်း အတန်းတင်စာမေးပွဲ မေးခွန်းထုတ်ရာတွင် မတွန့်၊ မကွန့်ဘဲ ရိုးရိုးစင်းစင်း မေးခွန်းထုတ်ရန် ပြောကြားခဲ့သော်လည်း မေးခွန်းထွက်လာသောအခါ မှာကြားသည်များနှင့် လွဲချော်နေခဲ့ပါသည်။

သိသင့် ၊ သိထိုက် ၊ သိအပ်တာလေးတွေကို တတ်မြောက်အောင် သင်ပေး။ စစ်တဲ့အခါမှာလည်း ရိုးရိုးရှင်းရှင်း ၊ စင်းစင်းလေးစစ်။ မကွေ့နဲ့မကောက်နဲ့ဟု ပြောကြားထားပါသည်။

မေးခွန်းထုတ်ရာတွင် သင်ခန်းစာ အားလုံးကို လွှမ်းခြုံပြီး ကျောင်းသားများ မသိမဖြစ် သိရမည့် အကြောင်းအရာများကို ၆၀ ရာခိုင်နှုန်း ၊ သိသင့်သိထိုက်သည့် အကြောင်းအရာများကို ၂၀ ရာခိုင်နှုန်း ၊ ဝေဖန်ပိုင်းခြားစဉ်းစားမှုကို အခြေခံသည့် အကြောင်းအရာများကို ၂၀ ရာခိုင်နှုန်း ထည့်သွင်း မေးခွန်းထုတ်သင့်ပါသည်ဟု ရှင်းပြထားပါသည်။

ထို့သို့ ပြောကြားချက်မှာ ပညာရေး သဘောတရားအရ မေးခွန်းထုတ်ရာတွင် ထည့်သွင်းစဉ်းစားရမည့် မေးခွန်းစံနှုန်းကို ဆိုလိုခြင်းဖြစ်ပါသည်။

မတွန့်နဲ့မကွန့်နဲ့ဆိုတာက ကလေးတွေကို အားလုံးအောင်အောင် မေးခွန်းထုတ်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။

ယခုပညာသင်နှစ်တွင် စတုတ္ထတန်းခရိုင်စစ်နှင့် အဌမတန်းတိုင်းစစ် အတန်းတင်စာမေးပွဲ စစ်ဆေးမည့် အချိန်စာရင်းအတိအကျ တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးသကဲ့သို့ ကုစားဖြေဆိုမှု ဆက်လက်ကျင့်သုံး ၊ မကျင့်သုံးကိုလည်း တရားဝင်ထုတ်ဖော် ပြောကြားခြင်းမရှိသေးပါ။

ယခုပညာသင်နှစ် အခြေခံပညာအဆင့်တွင် ကျောင်းသား ၊ ကျောင်းသူ ကိုးသန်းကျော် ရှိကြောင်း အခြေခံပညာ ဦးစီးဌာနထံမှ သိရသည်။

စတုတ္ထတန်းခရိုင်စစ်နှင့် အဌမတန်းတိုင်းစစ် စစ်ဆေးခြင်းကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်ကတည်းက စတင်ကျင့်သုံးခဲ့ခြင်းဖြစ်သည်။

ထိုနှစ်တွင် ကျရှုံး ကျောင်းသား ၊ ကျောင်းသူ အများအပြား ရှိခဲ့သောကြောင့် ကုစားဖြေဆိုရသူ များပြားခဲ့သည်။

၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင်မူ ကျရှုံးသူ နည်းခဲ့သည်။ ကုစားဖြေဆိုမှုကို ဆက်လက်ကျင့်သုံးခဲ့သည်။

Source: The Voice

News Read 3040 times