ယခုလ ၂၃ ရက်နေ့တွင် လုပ်သက် (၁၂) နှစ်နှင့်အထက်ရှိသူ ၂၇ ဦး၏ ရာထူးတိုး အပြောင်းအရွှေ့များကို ထုတ်ပြန်ပေးသွားမည် ဖြစ်ကာ ယခုလ ၃၀ ရက်နေ့တွင် လုပ်သက်ခြောက်နှစ်နှင့် ၁၂ နှစ်အတွင်းရှိသူ ၁၁၀ ၏ ရာထူးတိုး အပြောင်းအရွှေ့များကို ထုတ်ပြန်သွားမည် ဖြစ်သည်။
ဇွန်လ ၆ ရက်နေ့တွင် လုပ်သက် သုံးနှစ်နှင့် ခြောက်နှစ်အတွင်းရှိ ဆရာ၊ ဆရာမ ၂၈၅ ဦးတို့၏ ရာထူးတိုးအပြောင်းအရွှေ့များကို ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်သည်။
အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ရှိ ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ ရာထူးတိုးအပြောင်းအရွှေ့များကို ထွက်ရှိပြီး ဖြစ်သော်လည်း ပညာရေးကောလိပ်များရှိ ဆရာ၊ ဆရာမများ၏ ရာထူးတိုး အပြောင်းအရွှေ့များမှာ ထွက်ရှိရန် ကြန့်ကြာနေခြင်းကြောင့် ပညာရေးကောလိပ်များရှိ နည်းပြ ဆရာ၊ ဆရာမ ၂၇ ဦး တို့သည် ဧပြီလ ၁ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်၏ စေ့စပ်ညှိနှိုင်းမှုကြောင့် သတင်းစာ ရှင်းလင်းပွဲကို ရွှေ့ဆိုင်းခဲ့ပြီး ပညာရေးဝန်ကြီးနှင့် ရန်ကင်းပညာရေးကောလိပ်တွင် တွေ့ဆုံပြီး ဆွေးနွေး ညှိနှိုင်းခဲ့သည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပညာရေးကောလိပ် ၂၅ ခု ရှိပြီး ယခုနှစ်အတွက် ရာထူးတိုးတင်ပြထားသည်မှာ ၃၀၀ ကျော် ရှိကြောင်း သိရသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
Source: democracy