စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲများကို တိုင်းဒေသကြီး နှင့် ပြည်နယ်အဆင့်၊ ခရိုင်အဆင့် မေးခွန်းများဖြင့် အစိုးရစစ်စာမေး ပွဲပုံစံ စစ်ဆေးခြင်းဖြစ်ရာ ဖြေဆို ရန် နှစ်ရက်ခန့်အလိုမှသာ သက် ဆိုင်ရာ စာစစ်ဌာန ကြီးကြပ်ရေးမှူးများက ပညာရေးမှူးရုံးများမှ စာမေးပွဲမေးခွန်းများ သွားရောက် သယ်ယူရခြင်းဖြစ်သည်။ ထိုသို့ သယ်ယူရာတွင် လုံခြုံမှုရှိစေရေး သံသေတ္တာဖြင့် သယ်ဆောင်နိုင် ရန် စီစဉ်ခြင်းဖြစ်ကြောင်း ဆို သည်။
‘‘မေးခွန်းသယ်ဖို့ သံသေတ္တာ တွေ ပေးတာပါ။ ဆယ်တန်းမေး ခွန်းတွေ သယ်သလို သေတ္တာမျိုး တွေပါ။ အခုက လေးတန်း၊ ရှစ် တန်း စာမေးပွဲလည်း လုပ်နေတာ ဆိုတော့ အဲဒီအတွက် လိုအပ်ချက်ရှိနေလို့ ထုတ်ပေးတာ။ ခရိုင်အ လိုက် လိုအပ်ချက်စာရင်းတွေ တောင်းပြီး လိုတဲ့နေရာတွေကို ထုတ်ပေးပါမယ်’’ဟု ဒေါက်တာ အောင်နိုင်စိုးကပြောသည်။
စာမေးပွဲမေးခွန်းများ ထည့် ရန် မေးခွန်းသေတ္တာသည် သော့ နှစ်လုံးခတ် သံသေတ္တာအမျိုးအ စားဖြစ်ရမည်ဖြစ်ပြီး သေတ္တာတစ် လုံးလျှင် ကျပ် ၁၆,၀၀၀ ခန့် ပညာရေးဝန်ကြီးဌာန ဘတ်ဂျက်မှ ချ ပေးမည်ဖြစ်သည်။ ချထားပေး မည့် သံသေတ္တာအရေအတွက်ကို ခရိုင်ပညာရေးမှူးရုံးများမှ စာရင်း ကောက်ယူထားကြောင်း ဒေါက် တာ အောင်နိုင်စိုးကဆိုသည်။
READ - ပထမတန်းစာမေးပွဲ စစ်ဆေးနေသော ကျောင်းများ စာမေးပွဲမစစ်ရန် အခြေခံပညာဦးစီးဌာန ထပ်မံညွှန်ကြားမည်
‘‘အခုက လေးတန်း၊ ရှစ်တန်းက ကိုယ့်ကျောင်းမှာကိုယ် ဖြေရ တော့ မေးခွန်းတွေ၊ အဖြေလွှာ တွေ သယ်တဲ့နေရာမှာ လုံခြုံဖို့ သံသေတ္တာတွေ စီစဉ်ပေးမယ် ကြားတယ်။ မေးခွန်းသွားသယ် မယ်၊ အဖြေလွှာသွားပို့မယ်၊ နောက်ပြီး ရုံးခန်းထဲမှာ မေးခွန်း တွေ၊ အဖြေလွှာတွေ ယာယီထည့် ထားဖို့လို့တော့ပြောတယ်။ အရင်စာစစ်ဌာနလုပ်တဲ့ ကျောင်းတွေ မှာတော့ သေတ္တာရှိတယ်။ ဒီနှစ်က ကျောင်းတိုင်းမှာ စာစစ်ဌာနလုပ် တော့ အရင်စာစစ်ဌာနမလုပ်ဖူး တဲ့ ကျောင်းတွေအတွက်လို့ ကြား ပါတယ်’’ဟု ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် အထက(ခွဲ)အေးမွန်ကျောင်းအုပ်ကြီး ဦးအောင်ကျော်သူက ပြောသည်။
စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲများကို ဖေဖော်ဝါရီ ၁၉ ရက်တွင် စတင်ကျင်းပမည်ဖြစ် ရာ စာမေးပွဲရက်မတိုင်မီ အချိန် မီ စီစဉ်ပေးရန် လိုအပ်ကြောင်း ဦးအောင်ကျော်သူကဆိုသည်။
စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲမေးခွန်းများ လုံးဝပေါက် ကြားမှုမရှိစေရန်၊ မေးခွန်းအဖြေ လွှာ စာအုပ်များ မပျက်စီး၊ မ ပျောက်ပျက်အောင် သတိပြု ဆောင်ရွက်ရန် ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာ မျိုးသိမ်းကြီးက ဇန်နဝါရီ ၂၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ထောက်ကြန့်အုပ်ချုပ်မှုသင်တန်းကျောင်း၌ ဖွင့်လှစ်သည့် ဒုတိယမြို့နယ်ပညာရေးမှူးများ စီမံခန့်ခွဲမှုသင်တန်းတွင် ပြောကြား သည်။
ပြီးခဲ့သည့် ၂၀၁၆-၁၇ ပညာသင်နှစ်က စာမေးပွဲမေးခွန်းများ လုံခြုံစွာသိမ်းဆည်းရန် အုတ်နံရံကပ် မေးခွန်းတိုက်ငယ်များ ဆောက်လုပ်ရန် စာစစ်ဌာနရှိသည့် အခြေခံပညာကျောင်းတစ်ကျောင်းလျှင် ကျပ်ငါးသိန်းနှုန်း ပညာရေးဝန်ကြီးဌာနက ချပေး ခဲ့သည်။
၂၀၁၇-၁၈ ပညာသင်နှစ် စတုတ္ထတန်း နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၃ ရက်အထိ ပိတ်ရက်မရှိ စစ်ဆေးမည်ဖြစ်ပြီး အဋ္ဌမတန်း နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၆ ရက်အထိ (စနေ၊ တနင်္ဂနွေ ပိတ်ရက်မပါ) တစ်ရက်လျှင် တစ်ဘာသာနှုန်း စစ်ဆေးမည်ဖြစ် သည်။
ယခုပညာသင်နှစ်တွင် စတုတ္ထတန်းနှင့် အဋ္ဌမတန်း ကျောင်းသား၊ ကျောင်းသူများကို ၎င်းတို့ တက်ရောက်သည့် ကျောင်း၌သာ နှစ်ဆုံးစာမေးပွဲ ဖြေဆိုခွင့်ပြုရန်နှင့် စာမေးပွဲအဖြေလွှာများကို မြို့နယ်တွင်သာ စစ်ဆေးရန် အခြေခံပညာဦးစီးဌာနက ညွှန်ကြားထားသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: 7day daily