ISCED  Classification အကြောင်း သိကောင်းစရာများ 

ပညာရေး စနစ်သည် နိုင်ငံအလိုက် အမျိုးမျိုးပြောင်းလဲလျက်ရှိပါသည်။ သို့သော် နိုင်ငံတကာ စံနမူနာ စည်းကမ်းများနှင့် ‌ဒေတာအချက်အလက်များပေါ် မူတည်ပြီး ကိုယ်ပိုင်ရည်ရွယ်ချက်များဖြင့် ပညာရေး စနစ်ကို ရေးဆွဲလေ့ကြပါသည်။ 

များသောအားဖြင့် ISCED - Classification Code ကို အသက်အရွယ်အလိုက်၊ level အလိုက် ပညာရးပရိုဂရမ်များ၊ သင်ရိုးညွှန်းတမ်းများကို ရေးဆွဲနိုင်ရန် အသုံးပြုကြပါသည်။ ISCED Classification Code (International Standard Classification of Education) ဆိုသည်မှာ UNESCO (ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့) မှ 1970 အလယ်ပိုင်းနှစ်များတွင် စတင် ရေးဆွဲခဲ့ကြပြီး 1997 ခုနှစ်တွင် ပညာရေး အဆင့်အတန်း ပိုမိုကောင်းမွန်စေရန် ရည်ရွယ်၍ ပြန်လည် သုံးသပ်ခဲ့ကြပါသည်။ နောက်ဆုံးတွင် ISCED 2011 ကို UNESCO၏  အထွေထွေညီလာခံတွင် လက်ခံကာ လက်ရှိအထိ အသုံးပြုလျက်ရှိပါသည်။ 

ISCED - Classification တွင် level (8) ခု ရှိပါသည်။ 

  • Level 0 - Early childhood Education
  • Level 1 - Primary education
  • Level 2 - Lower secondary education
  • Level 3 - Upper secondary education
  • Level 4 - Post-secondary non-tertiary education
  • Level 5 - Short-cycle tertiary education
  • Level 6 - Bachelor's or equivalent
  • Level 7 - Master's or equivalent
  • Level 8 - Doctoral or equivalent

Level 0 - Early childhood Education (ကလေးငယ်များ အစောပိုင်း ပညာရေး)

Level 0 တွင် နှစ်ပိုင်း ပြန်ခွဲထားပါသည်။ Level 01 & Level 02 ဖြစ်ပါသည်။ Level 01သည် Early childhood educational development - ကလေးငယ်များ အစောပိုင်းပညာရေး ဖွံ့ဖြိုးမှု ပညာရေး ဖြစ်ပြီး 
ကလေးဘဝ အစောပိုင်းပညာရေးသည် အသက်သုံးနှစ်အောက် ကလေးငယ်များ အားလုံးကိုအတွက် ရည်ရွယ်ပြီး ကျောင်း နှင့် လူမှုအဖွဲ့အစည်းများတွင် ပူးပေါင်းဆောင်ရွက်ရန် အစပြုနိုင်ခြင်းကို အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ပါသည်။ 

Level 02 သည် မူလတန်းကြို ပညာ‌ရေး ဖြစ်ပါသည်။ အသက်သုံးနှစ်မှစ၍ မူလတန်းကြို အရွယ်အထိ ပါဝင်ပြီး  ကျောင်း နှင့် လူမှုအဖွဲ့အစည်းများတွင် ပူးပေါင်းဆောင်ရွက်ရန် အစပြုနိုင်ခြင်းကို အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ပါသည်။ 

Level 1 - Primary education (မူလတန်းကြို ပညာရေး) 

ကျောင်းသားများ အတွက် စာရေးခြင်း၊ စာဖတ်ခြင်း နှင့် သင်္ချာဆိုင်ရာ အတွေးခေါ်များကို သင်ယူနိုင်ရန် အခြေခံအုတ်မြစ်ချနိုင်ရန် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ပါသည်။

Level 2 - Lower secondary education (အလယ်တန်းအဆင့်ပညာရေး) 

မူလတန်းအဆင့် ပညာရေးတွင် အခြေခံလာသော အလယ်တန်းအဆင့်ပညာရေးသည် ဘာသာရပ်များကို ပို၍ ဦးတည်ထားသော သင်ရိုညွှန်းတမ်းကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါသည်။ 

Level 3 - Upper secondary education (အလယ်တန်းအဆင့်ပညာရေး)

အလယ်တန်းပညာရေး၏ ဒုတိယ သို့မဟုတ် နောက်ဆုံးအဆင့် ဖြစ်သည့် ယခုအဆင့်တွင် အထက်တန်း ပညာရေး သို့ မဟုတ် အသက်မွေးဝမ်းကြောင်း ပညာသို့ လျှောက်လှမ်းနိုင်ရန် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ပါသည်။ များသောအားဖြင့် ‌ရွေးခှယ်စရာဘာသာရပ်များ ပိုမိုများပြားလာပြီ ဖြစ်ပါသည်။ 

Level 4 - Post-secondary non-tertiary education ( အလယ်တန်းအဆင့် ပညာရေး) 

အလယ်တန်းအဆင့် ပညာရေးတွင် အခြေခံထားသည့် ယခုပညာရေးသည် အလုပ်သမား ဈေးကွက်သို့ ဝင်ရောက်နိုင်ရန် သို့မဟုတ် ထပ်ဆင့်မြင့် ပညာရေးသို့ တက်ရောက်နိုင်ရန် အတွက် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ပါသည်။ ယခုပညာ‌ရေးအဆင့်တွင် ပါဝင်သော အကြောင်းအရာများသည် အလယ်တန်းအဆင့်ထက် ပိုကျယ်ပြန့်သော်လည်း ထပ်ဆင့်မြင့် ပညာ‌ရေးလောက် မရှုပ်ထွေးပါ။

Level 5 - Short-cycle tertiary education (ကာလတို အဆင့်မြင့် ပညာရေး)

ကာလတို အဆင့်မြင့် ပညာရေးသည် အချိန်ကာလာအားဖြင့် တိုတောင်းသော်လည်း အသက်မွေးကြောင်းများအတွက် အထောက်အကူဖြစ်စေရန် လက်တွေ့လုပ်ဆောင်မှုများကို အခြေခံထားပါသည်။ ယခုပညာရေးအဆင့်မှ တစ်ဆင့် အခြားသော ထပ်ဆင့်မြင့် ပညာရေး လမ်းကြောင်းကိုလည်း လျှောက်လှမ်းနိုင်ရန် ရည်ရွယ်ပါသည်။ 

Level 6 - Bachelor's or equivalent ( ဘွဲ့ရ သို့မဟုတ် ၎င်းနှင် ညီမျှသော ပညာရေး) 

အလယ်အလတ် အဆင့် သို့မဟုတ် အသက်မွေးဝမ်းကြောင်း ပညာရေး သို့ တက်ရောက်နိုင်ရန် အတွက် လိုအပ်သော အရည်အချင်းများ၊ အသိဉာဏ်ဗဟုသုတများကို သင်ကြားပေးပြီး အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါသည်။ 

Level 7 - Master's or equivalent ( ဘွဲ့လွန် သို့မဟုတ် ၎င်းနှင် ညီမျှသော ပညာရေး)

 အဆင့်မြင့် ပညာရေး သို့မဟုတ် ထပ်ဆင့်မြင့် ပညာရေးအတွက် လိုအပ်သော ဗဟုသုတများ၊ အရည်အချင်းများ၊ လိုအပ်ချက်များကို သင်ကြားပေး အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါသည်။ 

Level 8 - Doctoral or equivalent ( ပါရဂူဘွဲ့ သို့မဟုတ် ၎င်းနှင် ညီမျှသော ပညာရေး)

မူရင်း သုတေသန စာတမ်းကိုအခြေခံကာ ထပ်ဆင့် အဆင့်မြင့် စာတမ်းတစ်စောင် ထုတ်ဝေနိုင်ရန် လိုအပ်သည့် ဗဟုသုတများ၊ အရည်အချင်းများ၊ မိမိစာတမ်းများကို ကာကွယ်ကာ အဆုံးသတ်‌သည်အထိ ရေးနိုင်သည် ကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါသည်။

တိုးတက် ပြောင်းလဲလျက်ရှိသော နိုင်ငံများသည် အထက်ပါ ပညာ‌ရေး အဆင့်များ ခွဲခြမ်း စိတ်ဖြာခြင်း ခေါင်းစဥ်အောက်တွင်ရှိသော အချက်များကို အသုံးပြုလျက် အဆင့်မြင့်ပညာရေးစနစ်ကို အကောင်အထည် ဖော်လျက်ရှိသည်ကိုလည်း လေ့လာရပါသည်။ 

By Myanamr Education Guide -EDGE 

Knowledge Read 714 times