ရာထူးတိုးလျှောက်မယ့် ဆရာ၊ ဆရာမများအတွက် ဒါဖတ်ပြီးမှ လျှောက်ပါ

ရာထူးတိုးလျှောက်မယ့် ဆရာ၊ ဆရာမများအတွက် ဒါဖတ်ပြီးမှ လျှောက်ပါ

ဧပြီ၊ မေမှာ ဆောင်ရွက်မယ့် အထက်တန်းပြရာထူး၊ အလယ်တန် ပြရာထူး၊ မူလတန်းပြရာထူး ရာထူးတိုးပြောင်းတွေအတွက်ကို တိုင်းဒေသကြီး ပြည်နယ်အစိုးရတွေအပေါ်မှာ သဘောထားရယူပြီးတော့မှ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

အထက်တန်းပြရာထူး ခန့်ဖို့ သတ်မှတ်မူတွေက

(၁) အထက်တန်းပြသည် B.Ed ဘွဲ့ရပြီးတော့ အလယ်တန်းပြ သို့မဟုတ် မူလတန်းကျောင်းအုပ် လုပ်သက်အနည်းဆုံး နှစ်နှစ်ရှိရမှာ ဖြစ်ပါတယ်။

(၂) မဟာသိပ္ပံ မဟာဝိဇ္ဇာဘွဲ့ရရှိတဲ့ အလယ်တန်းပြ မူလတန်း ကျောင်းအုပ်ဆိုရင်တော့ လုပ်သက်ခြောက်လ ပြည့်ပြီး သူကို အထက်တန်းပြ ယာယီပေးမယ်။ ပြီးရင် B.Ed ဘွဲ့ရရင် အထက်တန်းပြအဖြစ် အတည်ပြုခန့်ထားမှာပါ။

အဲလို ဆောင်ရွက်တဲ့ အခါမှာ လုပ်သက်ရမှတ် ကြီးငယ်စဉ် အလိုက်သာ ဆန္ဒပြုတဲ့သူတွေကို တန်းစီဇယား ရေးဆွဲဆောင်ရွက်တယ်လို့ သိရပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

အလယ်တန်းပြ လစ်လပ်ရာထူးလျှောက်ထားရင် (၁) နဲ့ (၂) အချက်တွေနဲ့ ကိုက်ညီရင် တန်းစီဇယားလုပ်ပြီး လုပ်သက်ရမှတ် ပြည်ထောင်စု ရဲ့ တန်းစီဇယားရရှိမှာပါ။

ပြည်ထောင်စုရဲ့ တန်းစီဇယားမှာ ရှိတဲ့ ကြီးငယ်စဉ်အရ လစ်လပ်မှုအပေါ် အဆိုပြုတဲ့ သူတွေထဲက ခန့်ထားဖို့ လျာထား စာရင်းထွက်လာမှာ ဖြစ်ပါတယ်။

ရာထူးတိုး ဦးစားပေး ရွေးချယ်မှုများ

(၁) လုပ်သက်ရမှတ်

(၂) အထူးပြုဘာသာရပ်ကိုက်ညီမှု

(၃) လုပ်သက်ရမှတ်တူရင်တော့ တစ်ဆင့်နိမ့်ရာထူး စတင်ထမ်းဆောင်တဲ့ ရက်

(၄) ဒေသမရွေးတာဝန်ထမ်းဆောင်နိုင်သူ

(၅) B.Ed ဘွဲ့ရရှိသည့် ခုနှစ်တွေနဲ့ ပြည်ထောင်စုရဲ့ တန်းစီ ဇယားတစ်ခုကို ထပ်မံရေးဆွဲမယ်လို့ ဝန်ကြီးက ဆိုပါတယ်။

ဒီနောက်မှာ တန်းစီဇယား နှစ်ခုကို ပညာရေးဝန်ကြီးဌာနကနေ တိုင်းဒေသကြီး နဲ့ ပြည်နယ် အစိုးရအဖွဲ့တွေရဲ့ သဘောထားမှတ်ချက်ရယူမှာ ဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

 credit: kumudra journal

News Read 4480 times