အခြေခံပညာကဏ္ဍတွင် ပညာရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သက်ပြီး ပြည်သူများ ယုံကြည်မှုရရှိစေရန်အတွက် ဆောင်ရွက်မှုလုပ်ငန်းများနှင့် ပတ်သက်ပြီး ပြည်သူများ ယုံကြည်မှုရရှိ စေရန်အတွက် ဆောင်ရွက်လျက်ရှိသည်။
ယင်းအတွက် အခြေခံပညာကဏ္ဍတွင် မတရားမှုများ၊ အဂတိလိုက်စားမှုများ၊ အခြားကိစ္စများနှင့် ပတ်သက်ပြီး ပစ်စာများနှင့် ပတ်သက်ပြီး တိုင်ကြားမည် ဆိုပါကလည်း တိုင်ကြားခံရသူသည် ပြစ်မှုအမှန်တကယ် ကျူးလွန်ခြင်း ရှိ/မရှိကို စစ်ဆေးခံရမည် ဖြစ်သည်။
စုံစမ်းစစ်ဆေးမှု မှန်ကန်သည် ဆိုပါက ဌာနဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။
"ပစ်စာမို့လို့ အရေးယူဆောင်ရွက်တာမျိုး မလုပ်ဘူးဆိုတာ မျိုး မရှိတော့ဘူး။ ပစ်စာနဲ့တိုင်ရင်လည်း အတိုင်ခံရတဲ့သူက အစစ်အဆေးခံရမယ်။ စုံစမ်းစစ်ဆေးလို့ အမှန်တကယ်ဆိုရင် အရေးယူမှာပါ။ တချို့အမှုတွေကကျတော့ ပစ်စာနဲ့မှမဟုတ်ဘူး၊ မှတ်ပုံတင်တွေနဲ့တကွတိုင်ပေမယ့် တကယ်သွားစစ်တဲ့အချိန်ကျတော့ တိုင်တဲ့လူက ရှာမရတာမျိုးတွေရှိတယ်၊ မမှန်မကန် တိုင်ထားတာမျိုးတွေလည်း တွေ့ရတယ်" ဟု ပြောသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးကဏ္ဍတွင် တိုင်ကြားမှုများနှင့် ပတ်သက်ပြီး ရှေးဦးစုံစမ်းစစ်ဆေးခြင်း၊ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းကို ဆောင်ရွက်ကာပြစ်မှု၊ ပြစ်ဒဏ်များကိုပေးပြီး ဆောင်ရွက်လျက်ရှိသည်။
အထောက်အထားခိုင်လုံစွာဖြင့် တိုင်ကြားသော အမှုများကိုလည်း စုံစမ်းစစ်ဆေးသလို၊ ပစ်စာများဖြင့် တိုင်ကြားသည်များကိုလည်း စုံစမ်းစစ်ဆေးအရေးယူ ဆောင်ရွက်သွားမည် ဖြစ်သည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
source: democracy