ယခုပညာသင်နှစ်၏ နောက်ဆုံးစာမေးပွဲတွင် အောင်အမှတ်မရရှိပါက အခန်းဆုံးစစ်ဆေးခြင်း ရမှတ်များကို စဉ်းစားပြီး အအောင်အရှုံး ဆုံးဖြတ်မည်

ယခုပညာသင်နှစ်၏ နောက်ဆုံးစာမေးပွဲတွင် အောင်အမှတ်မရရှိပါက အခန်းဆုံးစစ်ဆေးခြင်း ရမှတ်များကို စဉ်းစားပြီး အအောင်အရှုံး ဆုံးဖြတ်မည်

ယခုပညာသင်နှစ်တွင် အခြေခံပညာ ဒုတိယတန်းမှ န၀မတန်းအထိ တတ်မြောက်မှုဆန်းစစ်ခြင်းများကို ဇူလိုင်လကုန်တွင် ပထမနှစ်ဝက်စစ်ဆေးခြင်း၊ ဖေဖော်ဝါရီလတွင် ဒုတိယအကြိမ် စစ်ဆေးခြင်းများကို ပြုလုပ်မည်ဖြစ်သည်။

အခန်းဆုံးစစ်ဆေးခြင်းများကို ပြုလုပ်ရာတွင် လေးဦးတစ်ဖွဲ့ဖြင့် စစ်ဆေးမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း ထို အခန်းဆုံးစစ်ဆေးခြင်းများတွင် ရရှိခဲ့သော အမှတ်များကို နောက်ဆုံးစာမေးပွဲ၌ အောင်မှတ်မရရှိပါက ထည့်သွင်းစဉ်းစားပြီး အအောင်၊ အရှုံး ဆုံးဖြတ်မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

READ - သမ၀ါယမတက္ကသိုလ်ကို တက်ရောက်လိုသည့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းဝင်ခွင့် စတင်လျှောက်ထားနိုင်ပြီ

တွက်ချက်တာကို နောက်ဆုံးစာမေးပွဲတစ်ခုတည်းမဟုတ်ဘဲ ဖြေခဲ့တဲ့အကြိမ်အရေအတွက်နဲ့ စုစုပေါင်းရမှတ်ကို စားပြီး ပျမ်းမျှရတဲ့ အမှတ်နဲ့အအောင်အရှုံးကို မနှစ်ကတည်းက ဆုံးဖြတ်ပေးခဲ့တာပါ။

ဒီနှစ်လည်းပဲ နောက်ဆုံးစာမေးပွဲရလဒ်တစ်ခုတည်းကို မကြည့်ဘဲ ဖြေခဲ့တဲ့စာမေးပွဲတွေက ရတဲ့အမှတ်များနဲ့ ပျမ်းမျှ တွက်ပြီး အအောင် အရှုံး လုပ်ဖို့ စဉ်းစားခဲ့ကြတာပေါ့။

ယခုပညာသင်နှစ်တွင် စာမေးပွဲများကို ယခ ၇ ကြိမ် ဖြေဆိုရာမှ ၄ ကြိမ်အထိ လျှော့ချလိုက်ပြီး ပထမနှစ်ဝက်စာမေးပွဲတွင် စာမေးပွဲကျင်းပမီအချိန်အထိ သင်ယူခဲ့ရသော အခန်းအားလုံးကို ဖြေဆိုရမည်ဖြစ်ပြီး ဒုတိယနှစ်ဝက်စာမေးပွဲတွင်လည်း ဒုတိယနှစ်ဝက်စာမေးပွဲမတိုင်မီက သင်ကြားခဲံရသော အခန်းများအားလုံးကို ဖြေဆိုရတော့မည် ဖြစ်ကြောင်းသိရသည်။

ယခုနှစ်တွင် စာမေးပွဲဖြေဆိုသည့် ပုံစံများ ပြောင်းလဲလိုက်ပြီး စတုတ္ထတန်းစာမေးပွဲကို တစ်နာရီခွဲမေးခွန်း၊ အဌမတန်းကို နှစ်နာရီမေးခွန်းများဖြင့် စစ်ဆေးမည်ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 3734 times