လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း ၀င်ခွင့်ရရှိပြီး သင်တန်းမတက်ရောက်ပါက လျော်ကြေးငွေ ကျပ်သုံးသိန်း အထိ ပေးဆောင်ရန် တိုးမြှင့်သတ်မှတ်

လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း ၀င်ခွင့်ရရှိပြီး သင်တန်းမတက်ရောက်ပါက လျော်ကြေးငွေ ကျပ်သုံးသိန်း အထိ ပေးဆောင်ရန် တိုးမြှင့်သတ်မှတ်

၂၀၁၈ ခုနှစ်၏ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ် ပညာသင်တန်း (၅၊ ၂၀၁၈) ၏ ရေးဖြေစာမေးပွဲ အောင်စာရင်းများကို လာမည့် မတ်လတွင် ထုတ်ပြန်နိုင်ရန် လျာထားပြီး ယခုနှစ်တွင် ယင်းစာမေးပွဲရေးဖြေ အဖြေလွှာများကို အဆင့်မြင့်ပညာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် စစ်ဆေးသွားမည် ဖြစ်သည်။

ရေးဖြေနှင့် လူတွေ့စစ်ဆေးမှုများကို အောင်မြင်ပြီး သင်တန်းဝင်ခွင့်ရရှိသူများအနေဖြင့် သင်တန်းတက်ရောက်ခြင်းမရှိပါက လျော်ကြေး ငွေကျပ်သုံးသိန်းကို ပေးဆောင်ရန်အတွက် ယခုနှစ်မှစတင်ပြီး တိုးမြှင့်သတ်မှတ်လိုက်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။

READ - နေ့စားလပေးဆရာ၊ ဆရာမများ ထပ်မံခန့်ထားတော့မည်မဟုတ်ဟု ပညာရေးဒုဝန်ကြီးဆို

“ဒီနှစ်က မေးခွန်းပေါက်တယ် ဘာညာဖြစ်သွားတော့ အဖြေလွှာများကို ယူပြီး မျက်စိရှေ့မှာပဲ လုပ်မှာ။ အဲဒီအတွက် အချိန်တော့ နည်းနည်းပိုသွားမယ်။ လုပ်ငန်းစီမံချက်အရတော့ မတ်လထဲတွင် ထုတ်ပြန်ဖို့ အတွက် လျာထားတယ်။ အဲဒီရက်အတွင်းတော့ ပြီးဖို့ လုပ်မှာပါ။ ဒီနှစ်က သင်တန်းကို ဧပြီလမှာ ဖွင့်ချင်တာ။ ၀င်ခွင့်အောင်တဲ့သူတွေက မ၀င်ဘူးဆိုရင်တော့ ကျပ်သုံးသိန်း ဒဏ်ကြေးပေးဆောင်ဖို့ သတ်မှတ်လိုက်တယ်” ဟု ပြောသည်။

ဝင်ခွင့်အောင်မြင်သူများအနေဖြင့် သတ်မှတ်ရက်များအမီ သင်တန်းတက်ရောက်ခြင်းမရှိပါက လျော်ကြေးပေးဆောင်ရခြင်းကို ယခင်ကလည်း သတ်မှတ်ထားပြီး ယခင်က ၀င်ခွင့်မပြုလုပ်ပါက လျော်ကြေး ကျပ်ငါးသောင်းသာ ပေးဆောင်ခဲ့ရသည်။

သင်တန်းဝင်ခွင့်ရသူများသည် ယင်းသင်တန်းကို ယာယီသာ တက်ရောက်လေ့ရှိသည့်အတွက် အမှန်တကယ် သင်တန်း တက်ရောက်လိုသူများ နစ်နာနေရသည့်အတွက် တိုးမြှင့်သတ်မှတ်လိုက်ရခြင်းဖြစ်သည်။

ယခုနှစ်တွင် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်းကို လျှောက်ထားခဲ့သူ ၄၈၀၀၀ ရှိပြီး ရေးဖြေ၀င်ရောက်ဖြေဆိုသူမှာ ၄၇၀၀၀ ကျော်ရှိကာ ယင်းတို့အထဲမှာ ၆၀၀၀ ကိုသာ ၀င်ခွင့်ပေးမည်ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: democracy today

News Read 1744 times