Gusto International College

Gusto International College

Gusto International College သည် IT computing ပညာရေးနယ်ပယ်တွင် ထူးချွန်သော ကွန်ပျူတာပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များကို မွေးထုတ်ပေးသော ကျောင်းတစ်ကျောင်းဖြစ်ပါသည်။

Gusto International College သည် proven record ရှိသောအဖွဲ့အစည်းတစ်ခုဖြစ်ပြီး နိုင်ငံတကာပညာရေး အတွေ့အကြုံရှိသာ academician ၊ ပြည်တွင်းပြည်ပက IT Industry မှာ နှစ်ပေါင်းများစွာ လုပ်ငန်းခွင်အတွေ့ အကြုံရှိ ပရော်ဖက်ရှင်နယ်များနှင့်ပေါင်းစပ်ထားသော ပညာရေး အဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။

Academic Institute ဖြစ်သည့်အတွက် academic quality ကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး သင်ကြားမှုအပိုင်းတွင် အတွေ့အကြုံရှိပြီး quality ကောင်းသော ဆရာများ၊ နိုင်ငံတကာတွင် သင်ကြားသည့် ပုံစံဖြင့် သင်ကြားခြင်း၊ ကျောင်းသားတက်မြောက်မှုကို စစ်ဆေးရာတွင် achievement method ဖြစ်ခြင်း စသည်တို့ ဖြစ်သည်။

နယ်မှ ကျောင်းသား၊ ကျောင်းသူများအတွက် အဆောင်နှင့် စားသောက်ဖို့ရာများကို စီစဉ်ပေးထားပါသည်။

သင်ကြားပို့ချမည့်ဘာသာရပ်များ

သင်တန်းများသည် ပြည်တွင်းပြည်ပ IT နယ်ပယ်တွင် နည်းပညာကျွမ်းကျင်ပညာရှင်များ၊ စီမံခန့်ခွဲအုပ်ချုပ်သူ နှင့် တာဝန်ထမ်းဆောင်နိုင်သူများအတွက် လိုအပ်သည့် skill၊ knowledge၊ attitude တို့ကို ဘာသာရပ် ၁၆ ခုဖြင့် သင်ကြားပေးမည်ဖြစ်ပါသည်။

ထိုဘာသာရပ်များမှာ Software ၊ website application ၊ employability ၊ professional development ၊ network ၊ programming in Java ၊ project design implementation ၊ evaluation ၊ human computer interaction ၊ information systems in organization စသည်တို့ ဖြစ်သည်။

Higher National Diploma (HND) in computing (UK) သင်တန်းသည် သင်တန်းကာလမှာ လ ၂၀ ဖြစ်ပြီး အောင်မြင်ပါက B.Sc (Hons) in computing သင်တန်းအတွက် ၁၀ လ ဖြစ်ပါသည်။

HND diploma ကို UK ၏ အကြီးဆုံးပညာရေး အဖွဲ့အစည်းဖြစ်သော Edexcel မှ ချီးမြှင့်သည့် level 5 အဆင့်ရှိ HND ကို ရရှိမည်ဖြစ်သည်။

HND သင်တန်း ၂ နှစ်ပြီးလျှင် မိမိဖြင့်ချိတ်ဆက်ထားသော တက္ကသိုလ် တစ်ခုခု၊ Edexcel ဖြင့် ချိတ်ဆက်ထားသော တက္ကသိုလ်များထဲမှ ကြိုက်နှစ်သက်ရာ တက်ရောက်နိုင်ပြီး မြန်မာနိုင်ငံတွင်ရှိသော တက္ကသိုလ် ၄ ခုဖြင့် လည်း ချိတ်ဆက်ထားပါသည်။

HND diploma ရရှိပြီးပါက UK၊ USA ၊ Australia ၊ Singapore စသည့်နိုင်ငံများရှိ တက္ကသိုလ်ကြီးများတွင် ဖြစ်စေ၊ ပြည်တွင်းရှိ Gusto International College တွင်ဖြစ်စေ နောက်ဆုံးနှစ် တစ်နှစ်ကို တက်ရောက်ပြီး B.Sc (Hons) in computing ဘွဲ့ကိုရရှိနိုင်ပါသည်။

B.Sc(Hons) in computing ဘွဲ့ကို တက်ရောက်မည်ဆိုလျှင် IELTS 6.5 ရှိရမည်ဖြစ်ပြီး UK နိုင်ငံ၏ အကြီးဆုံးပညာရေးဖြစ်သည့် Pearson/Edexcel မှ ချီးမြှင့်မည့် Gold Medallion Award ဆုကို Gusto International College မှ ၂၀၁၄ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံးအတွက် ၁ ယောက်၊ ၂၀၁၅ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံးတွင် ၂ ယောက် ရွေးချယ်ခြင်း ခံရပါသည်။

တက်ရောက်လိုသူများသည် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ ၊ IGCSE အောင်မြင်သူများ လျှောက်ထားနိုင်ပါသည်။

Courses.

No. Name Duration Fee
1. HND diploma in Computing ၂၀ လ ၇,၀၀၀,၀၀၀
2. B.Sc(Hons) in Computing ၁၀ လ ၁၀,၀၀၀,၀၀၀

သင်တန်းကြေးများ

HND diploma in Computing သင်တန်းအတွက် သင်တန်းကြေးမှာ တစ်နှစ် ကျပ် ၃,၅၀၀,၀၀၀ သိန်း၊ ဒုတိယနှစ်အတွက် ကျပ် ၃,၅၀၀,၀၀၀ သိန်း ဖြစ်ပါသည်။

B.Sc (Hons) in Computing သင်တန်းအတွက် သင်တန်းကြေးမှာ ကျပ် ၁၀,၀၀၀,၀၀၀ ခန့်မှန်းခြေ ရှိပါသည်။

သင်ကြားမည့်ဆရာ၊ ဆရာမများ

၁. U Win Htein Win (Principal/ Managing Director)

၂. Daw Aye Thiri Maw (senior lecturer)

၃. Daw Myat Su Htwe (senior lecturer)

၎. U Tin Mg Mg Yin (senior lecturer)

၅. Daw Ei Hnin Phyu (senior lecturer)

၆. Daw New Ni Win (lecturer)

၇. Daw Thazin Soe (lecturer)

၈. Daw Thiri New (lecturer)

၉. Daw Amon Oo (lecturer)

၁၀. Daw Thiri Win (lecturer) စသည်တို့ဖြစ်သည်။

Contact Detail

Vocational Read 6909 times