နေ့စားလပေးဆရာ၊ ဆရာမအဖြစ် ခန့်ထားခဲ့သည့် မဟာဘွဲ့ရများအား ရာထူးတိုးပေးမည်

နေ့စားလပေးဆရာ၊ ဆရာမအဖြစ် ခန့်ထားခဲ့သည့် မဟာဘွဲ့ရများအား ရာထူးတိုးပေးမည်

၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ အဆင့်တိုးဖွင့်လှစ်ခြင်း၊ ကျောင်း သစ်များ တိုးချဲ့ဖွင့်လှစ်ခြင်းတို့ ကြောင့်ဆရာ၊ဆရာမများ ထပ်မံ လိုအပ်မည်ဖြစ်၍ ရာထူးတိုးခန့် ထားခြင်းဖြစ်ကြောင်း ညွှန်ကြား ချက်တွင် ဖော်ပြထားသည်။

နေ့စားလပေး ဆရာ၊ဆရာမ များကိုမြို့နယ်အခြေပြုမွမ်းမံသင် တန်းများ ဖွင့်လှစ်ပို့ချကာ လုပ် သက်တစ်နှစ်ပြည့်ပါက နေ့စားလ ပေးမှ အမြဲတမ်းဝန်ထမ်း မူလ တန်းပြအဖြစ် တိုးမြှင့်ခန့်အပ်ပြီး ယင်းတို့အနက် မဟာဘွဲ့ရများကို လုပ်သက်အရ အလယ်တန်းပြနှင့် အထက်တန်းပြ ရာထူးများ ထပ်မံ တိုးပေးခြင်းဖြစ်သည်။

READ - ယခုနှစ်တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများ ရမှတ် ၃၆၀ နှင့်အထက်ရရှိပါက နည်းပညာတက္ကသိုလ်များ လျှောက်ထားနိုင်

‘‘မဟာဘွဲ့နဲ့ နေ့စားလပေး ဆရာ၊ ဆရာမတွေကို မူလတန်းပြအဖြစ် အတည်ပြုခန့်အပ်ပြီး လုပ်သက် ခြောက်လကြာရင်အလယ် တန်း ပြခေါ်တယ်။ အလယ်တန်းပြ လုပ်သက်ခြောက် လကြာရင်အ ထက်တန်းပြ လျှောက်ခွင့်ပြုမယ် ဆိုတဲ့မူရှိပါတယ်။ သက်ဆိုင်ရာ ပညာရေးမှူးရုံးတွေမှာ ကြေညာ ထားပြီး အဲဒီကနေပဲ လျှောက်ရပါ မယ်’’ ဟု ရန်ကုန်တိုင်းဒေသကြီး ပညာရေး မှူးရုံး ဒုတိယညွှန်ကြား ရေးမှူး တစ်ဦးကပြောသည်။

အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်နေသည့် မဟာဘွဲ့ရရှိပြီး မူလတန်းပြလုပ်သက် ခြောက် လပြည့် ပြီးသူများကို အလယ်တန်းပြအဖြစ်လည်း ကောင်း၊ အလယ်တန်းပြ လုပ် သက်ခြောက် လပြည့်ပြီးသူများကို အထက်တန်းပြ အဖြစ်လည်း ကောင်းရာထူးတိုး လျှောက်ထား ခွင့်ပြုထားသည်။

အခြေခံပညာကဏ္ဍတွင် ဆရာ၊ဆရာမလိုအပ်ချက်အရ ၂၀၁၄-၁၅ ပညာသင်နှစ်မှစ၍ ဘွဲ့ရပြီးသူများကိုနေ့စားလပေးမူ လတန်ြးုပများအဖြစ် ခေါ်ယူခဲ့ ရာ အသက်(၃၅) နှစ် အောက် မဟာ ဘွဲ့ရရှိထားသူများကို ရေးဖြေစာမေးပွဲ မစစ်ဆေးဘဲ လူတွေ့နှုတ် ဖြေသာ စစ်ဆေးခန့်အပ်ခဲ့သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7 day daily

News Read 7179 times