အခြေခံပညာစာမေးပွဲမေးခွန်းများကို စတုတ္ထတန်းနှင့် အဌမတန်းမေးခွန်းများကဲ့သို့ ပြုစုမေးမြန်းမည်

အခြေခံပညာစာမေးပွဲမေးခွန်းများကို စတုတ္ထတန်းနှင့် အဌမတန်းမေးခွန်းများကဲ့သို့ ပြုစုမေးမြန်းမည်

အခြေခံပညာဦးစီးဌာနမှ လာမည့်စက်တင်ဘာလကုန်ပိုင်းတွင် ကျင်းပမည့် ပထမနှစ်ဝက်စာမေးပွဲများတွင် မေးမြန်မည့် အခြေခံပညာအတန်းများ၏ စာမေးပွဲမေးခွန်းများကို စတုတ္ထတန်းနှင့် အဌမတန်းစာမေးပွဲများတွင် ထုတ်နုတ်မေးမြန်းလေ့ရှိသည့် မေးခွန်းပုံစံများအတိုင်း မေးမြန်းရန်အတွက် စီစဉ်ထားသည်။

လက်ရှိတွင် အခြေခံပညာ စတုတ္ထတန်းနှင့် အဌမတန်းမေးခွန်းများကို အဌမတန်းအတွက် တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးရုံး၊ စတုတ္ထတန်းအတွက် ခရိုင်ပညာရေးမှူးရုံးများမှ မေးခွန်းထုတ်နေရာ အခြားအတန်းများ၏ မေးခွန်းများကိုလည်း မေးခွန်းပုံစံများအတိုင်း ထုတ်နုတ်မေးမြန်းမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

READ - မြန်မာနိုင်ငံအနှံ့ လစ်လပ်လျက်ရှိသည့် အထက်တန်းပြရာထူးနေရာများကို ဖြည့်ဆည်းရန် အခြေခံပညာဦးစီးဌာနမှ ခွင့်ပြုလိုက်ပြီ

“စာမေးပွဲတွေကျင်းပဖို့ ညှိနှိုင်းတဲ့အခါကျတော့ တခြားအတန်းတွေရဲ့ စာမေးပွဲမေးခွန်းတွေကိုလည်း လေးတန်းနှင့် ရှစ်တန်းမေးခွန်းပုံစံတွေလို ထုတ်နုတ်ဖို့ ပြောခဲ့တယ်။ ထုတ်တဲ့မေးခွန်းမှာလည်း နားလည်တတ်ကျွမ်းဖို့အတွက်က ဘယ်လောက်ရာခိုင်နှုန်း၊ တတ်ကျွမ်းမှုရှိဖို့ ဘယ်လောက်ရာခိုင်နှုန်းတွေ ထည့်ပြီးမေးဖို့ ပြောခဲ့တယ်။ ဒီနှစ်ကစပြီးတော့ လေးတန်း၊ ရှစ်တန်းလို မေးခွန်းတွေထုတ်မှာပေါ့” ဟု ပြောကြားသည်။

ယခုပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာအတန်းများ၏ စာမေးပွဲများကို အခန်းဆုံး စစ်ဆေးခြင်း နှစ်ကြိမ်နှင့် နှစ်ဝက်ဆုံး စာမေးပွဲနှစ်ကြိမ်စီ ကျင်းပရန် ထုတ်ပြန်ထားသည်။

ယခုပညာသင်နှစ်၏ ပထမနှစ်ဝက်စာမေးပွဲကို လာမည့် စက်တင်ဘာအကုန်ပိုင်းတွင် ပြုလုပ်တော့မည်ဖြစ်သည်။

ထိုစာမေးပွဲတွင် ပထမတန်းနှင့် သူငယ်တန်း (ကေဂျီ) ကို စာမေးပွဲ ပြုလုပ်မည်မဟုတ်ဘဲ ပထမတန်းအား နှုတ်ဖြင့် သင်ရိုးများအပေါ် မည်မျှ နားလည်သဘောပေါက်သည်ကို စစ်ဆေးခြင်းြ့ပုလုပ်မည်ဖြစ်သည်။

စတုတ္ထတန်းနှင့် အဌမတန်းစာမေးပွဲမေးခွန်းများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ဝေသော မေးခွန်းပုံစံ နမူနာပုံစံများအတိုင်း တိုင်းဒေသကြီး၊ ခရိုင်ပညာရေးမှူးရုံးများက ထုတ်နုတ်မေးမြန်းမည်ဖြစ်ကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 4186 times