ပထမတန်းသိပ္ပံသင်ရိုးသစ်မှာကျောင်းသားများအတွက် အိမ်စာမပါ

ပထမတန်းသိပ္ပံသင်ရိုးသစ်မှာကျောင်းသားများအတွက် အိမ်စာမပါ

လက်ရှိပထမတန်း သိပ္ပံသင်ရိုးနှင့် လာမည့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် စတင်ပြဌာန်းသင်ကြားမည့် သိပ္ပံသင်ရိုးသစ် မည်သို့ ကွာခြားသည်ကို မေးမြန်းခဲ့ပါသည်။

ပထမတန်း သိပ္ပံသင်ရိုးသစ်ရဲ့ အားသာချက် အနေနဲ့ပြောရင် အိမ်စာမပါပါဘူး။

ကလေးကကျက်စရာမလိုဘဲ သူတို့ကိုယ်တိုင် လုပ်ကိုင်တဲ့အတွက် သိပ္ပံအယူအဆကိုတစ်ခါတည်းရသွားတာ၊ အဲဒီအချိန်မှာအတွေးအခေါ်လည်းလုပ်ခိုင်းတယ်။ အဲဒီအတွက်ကြောင့် သင်ရိုးသစ်နဲ့ သင်ရိုးဟောင်းကွာခြားချက်တွေက ကလေးကိုအတွေးအခေါ် လုပ်ဖို့ လုပ်ပေးတယ်။

ကလေးကိုလက်တွေ့လုပ်ရင်းလေ့လာစေတာ ဖြစ်ပါတယ်။

သင်တန်းကျောင်းများနှင့် Private တက္ကသိုလ် ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပထမတန်းနှင့် ဒုတိယတန်းတွင် ကလေးများကို ပတ်ဝန်းကျင်နှင့် မိတ်ဆက်သင်ကြားမည် ဖြစ်သည်။

တတိယတန်း၊ စတုတ္ထတန်းနှင့် ပဉ္စမတန်းဆင့်တွင် သိပ္ပံ၏ အခြေခံသဘောကို စတင်သင်ကြားမည် ဖြစ်ကြောင်း မူလတန်းအဆင့် သိပ္ပံသင်ရိုးရေးဆွဲရေး အဖွဲ့ထံမှ သိရှိရသည်။

စနစ်သစ် မူလတန်းဆင့် (ပထမတန်းမှ ပဉ္စမတန်းအထိ) သိပ္ပံသင်ရိုးသစ်သည် သိပ္ပံကို သိပ္ပံနည်းကျသင်ကြား၊ သင်ယူမှုပြု နိုင်ရန် ပြင်ဆင်ထားခြင်းဖြစ်ပြီး၊ သိပ္ပံနည်းကျ သင်ကြားရာတွင် သီအိုရီမှ လက်တွေ့၊ လက်တွေ့မှ သီအိုရီ နှစ်မျိုးလုံးဖြင့် သင်ကြားစေမည်ဖြစ်ကြောင်း သိရှိရသည်။

ကလေးများကိုယ်တိုင် လက်တွေ့ပြုလုပ်ပြီး သူတို့ဘာသာ ပြန်လည် သုံးသပ်ခြင်းဖြင့် သီအိုရီအယူအဆကို ပြန်လည်ချိတ်ဆက် ရရှိနိုင်မည်ဖြစ်သည်။

ထို့ပြင် သိပ္ပံသင်ရိုးသစ်တွင် သိပ္ပံအယူအဆသာမက သိပ္ပံလုပ်ငန်း ကျွမ်းကျင်မှုကိုလည်း အတန်းစဉ်အလိုက် ပေးနိုင်ရန် ပြင်ဆင်ထားကြောင်း သိရသည်။

သင်တန်းကျောင်းများနှင့် Private တက္ကသိုလ် ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source & photo: the voice

News Read 6623 times