လာမည့် ပညာသင်နှစ်တွင် ပထမတန်းသင်ရိုးအသစ် သင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်

လာမည့် ပညာသင်နှစ်တွင် ပထမတန်းသင်ရိုးအသစ် သင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်

၂၀၁၇ ပညာသင်နှစ်တွင် ပထမတန်းသင်ရိုးအသစ် ပြဌာန်းခွင့်သည် အမျိုးသားပညာရေး မူဝါဒကော်မရှင်နှင့် အမျိုးသား သင်ရိုးညွှန်းတမ်းကော်မတီတို့၏ ဆုံးဖြတ်ချက်အပေါ် မူတည်နေပါသည်။

ပညာရေးဝန်ကြီးဌာနမှ ယခုနှစ်တွင် သင်ရိုးညွှန်းတမ်းအသစ်ဖြင့် စတင်သင်ကြားခဲ့သော ကေဂျီတန်းကို ကမ္ဘာတစ်ဝန်းတွင် ကျင့်သုံးနေသော FPT Gold ၏ ပြဌာန်းချက် အပိုဒ်-၄ ကို ယူနက်စကိုမှ ၂၀၁၅ ခုနှစ် မှ ၂၀၃၀ ခုနှစ်အတွင်း ကေဂျီတန်းကို အပြီးအကောင်အထည်ဖော်ရန် ပြောကြားထားသည့်အတွက် ၂၀၁၆ ပညာသင်နှစ်တွင် စတင်အကောင်အထည် ဖော်ခဲ့ပါသည်။

ပထမတန်းသင်ရိုးအသစ်တွင် ဘာသာရပ်ကိုးခုရှိသော်လည်း ဘာသာရပ်ငါးခုကိုသာ အဓိကထား သင်ကြား သွားမည်ဖြစ်ပါသည်။

သင်ရိုးအသစ်တွင် ပါဝင်သော ဘာသာရပ်များမှာ မြန်မာစာ ၊ အင်္ဂလိပ်စာ ၊ သင်္ချာ ၊ သိပ္ပံ ၊ လူမှုရေး ၊ ဘ၀တွက်တာကျွမ်းကျင်စရာ ၊ စာရိတ္တနှင့် ပြည်သူ့နီတိ ၊ ကာယ ၊ ရသ (ဂီတ ၊ ပန်းချီ) တို့ဖြစ်ပါသည်။

ယခုပညာသင်နှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကေဂျီတန်းတွင် ကျောင်းသား ၊ ကျောင်းသူ ၁ ဒသမ ၁၇ သန်း ရှိနေပါသည်။

Source: democracy

News Read 1507 times