စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲမေးခွန်းများ အမှားမပါစေရန်နှင့် ပေါက်ကြားမှုမရှိစေရန် ပညာရေးဝန်ကြီးသတိပေး

စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲမေးခွန်းများ အမှားမပါစေရန်နှင့် ပေါက်ကြားမှုမရှိစေရန် ပညာရေးဝန်ကြီးသတိပေး

ဇန်န၀ါရီ ၂၁ ရက်က ရန်ကုန်တိုင်းဒေသကြီး ထောက်ကြန့်အုပ်ချုပ်မှုသင်တန်းကျောင်း၌ ဖွင့်လှစ်သည့် ဒုတိယမြို့နယ် ပညာရေးမှူးများ စီမံခန့်ခွဲမှုသင်တန်းတွင် ယင်းသို့ပြောကြားခဲ့ကြောင်း ပညာရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်သည်။

‘‘စာမေးပွဲမေးခွန်းများပြုစု ရာမှာ မှန်ကန်မှုရှိပြီး အမှားလုံးဝ မပါဖို့ အထူးအလေးထားဆောင် ရွက်ရမှာ ဖြစ်ပါတယ်။ မေးခွန်း လုံးဝမပေါက်ကြားဖို့နဲ့ အဖြေလွှာ စာအုပ်တွေ မပျက်စီး၊ မပျောက် ပျက်၊ မဆုံး ရှုံးဖို့လည်း သတိပြု ဆောင်ရွက်ဖို့ မှာကြားလိုပါတယ်’’ဟု ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။

စတုတ္ထတန်းကို ခရိုင်အ ဆင့် မေးခွန်းဖြင့်လည်းကောင်း၊ အဋ္ဌမတန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့် မေးခွန်းဖြင့် လည်းကောင်း ၂၀၁၄-၁၅ ပညာ သင်နှစ်ကစ၍ အစိုးရစစ်စာမေးပွဲ အဖြစ် စတင် စစ်ဆေးခဲ့သည်။

ယခင်ပညာသင်နှစ်များက အချို့မြို့နယ်များတွင် စာမေးပွဲ ရက်မတိုင်မီ မေးခွန်းကြိုတင် ပေါက်ကြားမှု များ ရှိခဲ့ခြင်းကြောင့် ယခုကဲ့သို့ သတိပေးပြောကြား ခြင်းဖြစ်နိုင်ကြောင်း အဆိုပါသင် တန်းတက်ရောက်နေသူ ရှမ်းပြည် နယ် ဒုတိယမြို့နယ်ပညာရေးမှူးတစ်ဦးက ဆိုသည်။

READ - အခြေခံပညာနှစ်ဆုံးစာမေးပွဲရလဒ်များကို အောင်စာရင်းဟုသာ ထုတ်ပြန်ရန် ညွှန်ကြား

ပြီးခဲ့သည့် ၂၀၁၅-၁၆ ပညာ သင်နှစ် စတုတ္ထတန်းနှင့် အဋ္ဌမ တန်းစာမေးပွဲတွင် မြန်မာစာစ တင်ဖြေဆို သည့်နေ့က စတင်ပြီး မေးခွန်းများကျန်ရှိခဲ့ခြင်း၊ စာလုံး ပေါင်းသတ်ပုံမှားယွင်းခြင်း၊ ပယ် ဖျက်ထားသော သင်ခန်းစာများ  ပြန်လည်မေးမြန်းခြင်း စသည့် မှားယွင်းမှုများရှိခဲ့ကာ အဋ္ဌမတန်း ပထ၀ီဝင်ဘာသာရပ် မေးခွန်း၌ တရုတ်ပြည်သူ့သမ္မတမြန်မာနိုင်ငံ ဟု မှားယွင်းရိုက်နှိပ်ခဲ့သည်။

ထို့ အပြင် မကွေးတိုင်းဒေသကြီးတွင် အဋ္ဌမတန်းအင်္ဂလိပ်စာဘာသာ ရပ်က စတင်ပြီး နောက်ဆုံး ဘာသာရပ် အထိ မေးခွန်းပေါက်ကြားခဲ့သည်။

၂၀၁၇-၁၈ ပညာသင်နှစ် စတုတ္ထတန်း နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၃ ရက် အထိ ပိတ်ရက်မရှိ စစ်ဆေးမည် ဖြစ်ပြီး အဋ္ဌမတန်း နှစ်ဆုံးစာမေး ပွဲကို ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၆ ရက်အထိ (စနေ၊ တနင်္ဂနွေပိတ် ရက်မပါ) တစ်ရက်လျှင် တစ်ဘာ သာနှုန်းစစ်ဆေးမည် ဖြစ်သည်။

ယခု ပညာသင်နှစ်တွင်စတုတ္ထတန်းနှင့် အဋ္ဌမတန်း ကျောင်းသား၊ ကျောင်းသူများကို ၎င်းတို့ တက်ရောက်သည့် ကျောင်း၌သာ နှစ်ဆုံးစာမေးပွဲဖြေဆိုခွင့်ပြု ရန်နှင့် စာမေးပွဲအဖြေလွှာများကို မြို့နယ် အဆင့်တွင်သာ စစ်ဆေးရန် အခြေခံပညာဦးစီးဌာနက ညွှန်ကြားထားသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7day daily

News Read 1579 times