၇ တန်းအောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပ ရောက်ရှိနေသူများကို အဌမတန်းစာမေးပွဲအား ပြင်ပဖြေအဖြစ် ၀င်ရောက်ဖြေဆိုနိုင်

၇ တန်းအောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပ ရောက်ရှိနေသူများကို အဌမတန်းစာမေးပွဲအား ပြင်ပဖြေအဖြစ် ၀င်ရောက်ဖြေဆိုနိုင်

၂၀၁၈-၁၉ ပညာသင်နှစ်၏ အခြေခံပညာအလယ်တန်းအဆင့် (အဌမတန်း) စာမေးပွဲကို ဖေဖော်ဝါရီလတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

သတ္တမတန်းအောင်မြင်ပြီး ကျောင်းမနေနိုင်သူများ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းထွက်ထားသူများကို (ပြင်ပ) မှ ၀င်ရောက်ဖြေဆို ခွင့်ပြုရန်အတွက် ပညာရေးဝန်ကြီးဌာနမှတစ်ဆင့် အခြေခံပညာဦးစီးဌာနမှ တိုင်းဒေသကြီး ပြည်နယ်အသီးသီးကို ညွှန်ကြားထားသည်။

"၀န်ကြီးအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် အဌမတန်းမအောင်မြင်သေးတဲ့သူတွေ အထက်တန်းအဆင့်ကို ဆက်လက် တက်ရောက်နိုင် အောင်ပြီးတော့ အလယ်တန်းအဆင့်အထိ ပြီးဆုံးအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျောင်းပြင်ပ ရောက်နေတဲ့ ကလေးတွေကို ဖြေခွင့်ပေးတာပေါ့။

ဒါမှလည်း ပညာရေးဝန်ကြီးဌာနက အကောင်အထည်ဖော်နေတဲ့ ကျောင်းနေနှုန်းတွေ  မြင့်တက်ရေး ကျောင်းနေမြဲစေရေး မြင့်တက်လာမှာပါ" ဟု ပြောကြားသည်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီတွင် ကျင်းပစစ်ဆေးမည့် အဌမတန်းစာမေးပွဲ သို့ (ပြင်ပ) မှ ၀င်ရောက်ဖြေဆိုမည့် ကျောင်းသား/သူများအနေဖြင့် စာမေးပွဲဝင်ရောက်ဖြေဆိုလိုခြင်း လျှောက်လွှာများကို မြို့နယ်ပညာရေးမှူးရုံးများသို့ သတ္တမတန်းအောင်မြင်ကြောင်း ထောက်ခံစာ သို့မဟုတ် အဌမတန်းကျရှုံးကြောင်း ထောက်ခံစာ၊ ကျောင်းထွက်လက်မှတ်မူရင်း၊ ဓာတ်ပုံ သုံးပုံတို့နှင့်အတူ မြို့နယ်ပညာရေးမှူးရုံးများသို့ လျှောက်ထားရမည်ဖြစ်ကြောင်း ညွှန်ကြား ချက်နဲ့ ကိုက်ညီသူများကို အထက်တန်း၊ အလယ်တန်းကျောင်းများရှိ စာဖြေဌာနများတွင် စိစစ်ဖြေဆိုခွင့်ပြုမည် ဖြစ်သည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် ပြင်ပဖြေများကို အလယ်တန်းအဆင့်တစ်ခုတည်းမဟုတ်ပဲ အဌမတန်း အောင်မြင်ပြီး ကျောင်းဆက်လက်မရောက်သူများ၊ န၀မတန်းကျရှုံးပြီး ကျောင်းဆက်မတက်ဖြစ်သူများ၊ ကျောင်းပြင်ပ ရောက် ကျောင်းသား/သူများအတွက် န၀မတန်းကျောင်းတွင်းစစ် (ပြင်ပဖြေ) စာမေးပွဲများကို မေလတွင် ကျင်းပပြုလပ်ပေးလေ့ရှိကြောင်း သိရသည်။

၂၀၁၈-၁၉ ပညာသင်နှစ်၏ အခြေခံပညာစတုတ္ထတန်းနှင့် အဌမတန်းတို့၏ နှစ်ဆုံးစာမေးပွဲများကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်မှ ၂၅ ရက်အထိ တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

source: democracy

News Read 2101 times