စတုတ္ထတန်းနှင့်အဋ္ဌမတန်းအစိုးရစစ်စာမေးပွဲများကို တက်ရောက် သည့်ကျောင်းတွင်သာ ဖြေဆိုရ မည်ဟု အခြေခံပညာဦးစီးဌာန တာဝန်ခံ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကပြောသည်။
ယခုပညာသင်နှစ် စတုတ္ထ တန်းနှစ်ဆုံးစာမေးပွဲကို ဖေဖော် ၀ါရီ ၁၈ မှ၂၄ ရက်အထိ (စနေ၊ တနင်္ဂနွေမပါ)၊ အဋ္ဌမတန်းနှစ်ဆုံး စာမေးပွဲကို ဖေဖော်ဝါရီ ၁၈ ရက် မှ ၂၅ ရက်အထိ (စနေ၊ တနင်္ဂနွေ မပါ) တစ်ရက်လျှင်တစ်ဘာသာ နှုန်းစစ်ဆေးမည်ဖြစ်သည်။
၂၀၁၇ - ၁၈ ပညာသင်နှစ် မတိုင်မီက မြို့နယ်ရှိ သတ်မှတ် စာစစ်ဌာနရှိရာ ကျောင်းတွင် သာစတုတ္ထတန်းနှင့် အဋ္ဌမတန်း နှစ်ဆုံးစာမေးပွဲ ဖြေဆိုရသော် လည်းယခုပညာသင်နှစ်၌ အခြေ ခံပညာကျောင်းတိုင်း၌ စာစစ် ဌာန ဖွင့်လှစ်ခွင့်ပြုထားသည်။
သို့ သော်မြစ်ကူးချောင်းဖျားသွားလာ ရခြင်း မဟုတ်ပါကဖြေဆိုမည့် ကျောင်းသားဦးရေပေါ် မူတည်ကာ မြို့နယ်ပညာရေးမှူးရုံး အစီအစဉ်ဖြင့် စာစစ်ဌာနပေါင်း ဖွင့်လိုပါက ပေါင်းဖွင့်ရန် အခြေခံ ပညာဦးစီးဌာနက ညွှန်ကြားထား သည်။
‘‘ကိုယ့်ကျောင်းကိုယ်ဖြေပါ ပဲ။ ကျောင်းတိုင်းမှာ စာစစ်ဌာနရှိ မှာပေါ့’’ ဟု ဦးကိုလေးဝင်းကဆို သည်။
နှစ်ဆုံးစာမေးပွဲစာစစ်ဌာန များကို ကျောင်းအလိုက်ဖွင့်လှစ် ခွင့်ပြုသော်လည်း စာမေးပွဲမေး ခွန်းကိုမူခရိုင်အဆင့်၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အဆင့်အစိုးရစစ် စာမေးပွဲမေးခွန်းများဖြင့်စစ်ဆေး မည်ဖြစ်သည်။
‘‘အရင်နှစ်တွေက ကိုယ့် ကျောင်းမှာ ကိုယ်ဖြေလို့မရဘူး။ တခြားမြို့ပေါ် ကျောင်းကြီးမှာ သွားဖြေရတော့ရွာက ကလေး တွေကအဲဒီရက်တွေမြို့ပေါ်ကို သတ်သတ်သွားရတယ်။ တချို့ ကျတော့လည်း ဒီကျောင်း မှာစာ စစ်ဌာနဖွင့်လို့ဒီမှာရှိတဲ့ဆရာနဲ့မ လောက်ရင်တခြားကျောင်းက သွားစောင့်ပေးရတာမျိုးရှိတယ်။ ကိုယ့်ကျောင်းနဲ့ကိုယ်ကတော့ အဆင်ပြေတာပေါ့’’ ဟု ပဲခူးတိုင်း ဒေသကြီးမှ အလယ်တန်းကျောင်း အုပ်ကြီးတစ်ဦးက ဆိုသည်။
စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာစစ်ဌာနကြီးကြပ်ရေးမှူးများ အဖြစ် နီးစပ်ရာကျောင်းများမှ ကျောင်းအုပ်ကြီးများက ထမ်း ဆောင်ရမည်ဖြစ်ပြီး လက် ထောက် ကြီးကြပ်ရေးမှူးများအ ဖြစ် မိမိကျောင်းမှ ဆရာ၊ ဆရာမ ကိုသာ တာဝန်ပေးရမည်ဟု အ ခြေခံပညာဦးစီးဌာနက ညွှန်ကြား ထားသည်။
ပညာရေးဝန်ကြီးဌာန စာ ရင်းများအရ တစ်နိုင်ငံလုံးတွင် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူ ၉ ဒသမ ၁၄ သန်းရှိ သည်။
အခြေခံပညာအတန်းများ ကို တစ်နှစ်လျှင်စာမေးပွဲလေး ကြိမ်သာစစ်ဆေးရမည်ဖြစ်ပြီး ဇူ လိုင်နှင့် ဒီဇင်ဘာတွင်အခန်းဆုံး စစ်ဆေးခြင်း၊ အောက်တိုဘာတွင် ပထမနှစ်ဝက်စစ်ဆေးခြင်း၊ ဖေ ဖော်ဝါရီတွင် နှစ်ဆုံးစစ်ဆေးခြင်း ပြုလုပ်မည်ဟု ကျောင်းအပ်နှံရေး သီတင်းပတ်၌ ပညာရေးဝန်ကြီး ဌာနက ကြေညာထားသည်။
စတုတ္ထတန်းကို ခရိုင်အဆင့် မေးခွန်း၊ အဋ္ဌမတန်းကို တိုင်းဒေသ ကြီးနှင့် ပြည်နယ်အဆင့်မေးခွန်း ဖြင့် ၂၀၁၄ - ၁၅ ပညာသင်နှစ် ကစ၍ အစိုးရစစ်စာမေးပွဲအဖြစ် စတင်စစ်ဆေးခဲ့သည်။
source: 7day