အခြေခံပညာစတုတ္ထတန်းနှင့် အဌမတန်းစာမေးပွဲ ကြီးကြပ်မည့်သူများအနေဖြင့် ကျောင်းအချင်းချင်း လဲလှယ်တာဝန်ယူရမည်

အခြေခံပညာစတုတ္ထတန်းနှင့် အဌမတန်းစာမေးပွဲ ကြီးကြပ်မည့်သူများအနေဖြင့် ကျောင်းအချင်းချင်း လဲလှယ်တာဝန်ယူရမည်

ယင်းကဲ့သို့ စာစစ်ဌာနများ ဖွင့်လှစ်ရာတွင် ကျောင်းသား၊ ကျောင်းသူတစ်ဦးတည်းရှိပါကလည်း စာစစ်ဌာန အဖြစ် ဖွင့်လှစ်ရမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

စတုတ္ထတန်းနှင့် အဌမတန်းစာမေးပွဲများ ကျင်းပချိန်တွင် ပြင်ပမှ ၀င်ရောက်ဖြေဆိုလိုသော ကျောင်းသားများ ရှိပါက ၀င်ရောက်ဖြေဆိုခွင့်နှင့် ဖြေဆိုပြီးသော အဖြေလွှာများကို မြို့နယ်ပညာရေးမှူးရုံးများတွင်သာ စစ်ဆေး ရန်အတွက် လမ်းညွှန်ထားကြောင်း သိရသည်။

READ - ယခုပညာသင်နှစ်မှစတင်ပြီး သူငယ်တန်း (ကေဂျီ) တွင် စာအရေးသင်ကြားခြင်း ပြုလုပ်ရတော့မည် မဟုတ်

စာမေးပွဲများတွင် ကြီးကြပ်မည့်သူများကို စာဖြေသူတစ်ဦးမှ ၉၀ ဦး အထိ ရှိပါက ကြီးကြပ်သူနှင့် အခန်းစောင့် ဆရာ၊ သန့်စင်ခန်း၊ အပြင်စောင့်၊ ရုံး၊ ဂိတ်တို့အတွက် စုစုပေါင်း အင်အား ၁၂ ဦး အသုံးပြုရမည် ဖြစ်သည်။

စာဖြေသူ ၉၁ ဦးမှ ၁၈၀ ဦး ထိရှိသော စာစစ်ဌာနများတွင် ကြီးကြပ်သူနှင့် အခန်းစောင့် ဆရာ၊ သန့်စင်ခန်း၊ အပြင်စောင့်၊ ရုံး၊ ဂိတ်တို့အတွက် စုစုပေါင်းအင်အား ၂၂ ဦးအထိ အသုံးပြုရန် ညွှန်ကြားထားသည်။

ယခုနှစ်တွင် အခြေခံပညာစတုတ္ထတန်းနှင့် အဌမတန်း ကို ပြင်ပဖြေအဖြစ် ၀င်ရောက်ဖြေဆိုလိုပါက အသက်ကန့် သတ်ချက်မထားဘဲ မိမိအောင်မြင်ခဲ့သော ခုနှစ်၊ ကျောင်းထွက်လက်မှတ်တို့နှင့်အတူ ပြင်ပ ဖြေဆိုခွင့်ကို လျှောက်ထားနိုင်ကြောင်း၊ ပြင်ပဖြေဆိုပြီး အောင်မြင်ပါက အတန်းကူးပြောင်းခွင့်ကို ရရှိမည်ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 2781 times