စတုတ္ထတန်းနှင့် အဌမတန်း အတန်းတင်စာမေးပွဲများကို ဖေဖော်ဝါရီ ၂၁ ရက်တွင် ကျင်းပမည်

စတုတ္ထတန်းနှင့် အဌမတန်း အတန်းတင်စာမေးပွဲများကို ဖေဖော်ဝါရီ ၂၁ ရက်တွင် ကျင်းပမည်

၂၀၁၇-၁၈ ပညာသင်နှစ် အခြေခံပညာ စတုတ္ထတန်းနှင့် အဌမတန်းတို့၏ နှစ်ဆုံးအတန်းတင် စာမေးပွဲများကို လာမည့် ဖေဖော်ဝါရီ ၂၁ ရက်မှ စတင်ပြီး ၂၈ ရက်အထိ တစ်ရက်လျှင် တစ်ဘာသာဖြင့် ကျင်းပပြုလုပ်မည် ဖြစ်သည်။

၂၀၁၇-၁၈ ပညာသင်နှစ်၏ စတုတ္ထတန်းနှင့် အဌမတန်း အတန်းတင်စာမေးပွဲ ကျင်းပရာတွင် အဆိုပါ အတန်းများ၌ တက်ရောက်နေသော ကျောင်းသားရှိသည့် ကျောင်းတိုင်းသည် စာစစ်ဌာနများအဖြစ် ဖွင့်လှစ်ပြီး ကျင်းပပြုလုပ်သွားရမည် ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

“ကုစားဆိုတာတော့ မရှိတော့ဘူးပေါ့။ ပညာသင်နှစ်အတွင်းမှာပဲ ကျောင်းသား၊ ကျောင်းသူများကို စစ်ဆေးမှု တစ်ကြိမ်ပြုလုပ်ပြီးတိုင်း မလိုက်နာရင် ပြန်လည်ကုစားနည်းနဲ့ ဆွဲခေါ်လာခဲ့တာပေါ့။ မေးခွန်းတွေကိုလည်း အတန်းအဆင့်အလိုက် စဉ်းစားတွေးခေါ်မှုအပေါ် မူတည်ပြီး ထုတ်တဲ့ မေးခွန်းမျိုးတွေနဲ့ စစ်ဆေးသွားမှာပါ” ဟု ပြောသည်။

READ - န၀မတန်း၊ ဒသမတန်းအောင် တိုင်းရင်းသားဒေသခံငါးထောင်ကျော်ကို နေ့စားလပေးဆရာများအဖြစ် စတင်ခန့်ထား

ဖေဖော်ဝါရီလတွင် ကျင်းပမည့် အခြေခံပညာ စတုတ္ထတန်းနှင့် အဌမတန်း စာမေးပွဲ မေးခွန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်စုံတည်း မေးမြန်းမည်မဟုတ်ပါ။

ယခင်နှစ်များကအတိုင်း စတုတ္ထတန်းကို ခရိုင်၊ အဌမတန်းကို တိုင်းဒေသကြီး ပြည်နယ်များမှ ထုတ်နုတ်သော မေးခွန်းများဖြင့်သာ မေးမြန်းမည်ဖြစ်သည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော ကျောင်းသား၊ ကျောင်းသူများကို အခြေခံပညာကျောင်းများသို့ ပြန်လည်ဝင်ရောက်လာစေရန်အတွက် နည်းအမျိုးမျိုးဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အခြေခံပညာ စတုတ္ထတန်းနှင့် အဌမတန်း အတန်းတင်စာမေးပွဲများကို ကျောင်းထွက်ထားသော သူများအား ပြင်ပဖြေအဖြစ် ၀င်ရောက်ဖြေဆိုခွင့်ပြုထားသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 2638 times