လေးတန်း၊ ရှစ်တန်း နှစ်ဆုံးစာမေးပွဲ အကြောင်းကြောင်းကြောင့် လာရောက်မဖြေဆိုနိုင်ခဲ့သူများကို သင်္ကြန်မတိုင်မီ နှုတ်မေးနှုတ်ဖြေ စစ်ဆေးသွားမည်

လေးတန်း၊ ရှစ်တန်း နှစ်ဆုံးစာမေးပွဲ အကြောင်းကြောင်းကြောင့် လာရောက်မဖြေဆိုနိုင်ခဲ့သူများကို သင်္ကြန်မတိုင်မီ နှုတ်မေးနှုတ်ဖြေ စစ်ဆေးသွားမည်

၂၀၁၇-၁၈ ပညာသင်နှစ်အတွက် အခြေခံပညာ စတုတ္ထတန်းနှင့် အဌမတန်း နှစ်ဆုံးစာမေးပွဲတွင် ကျန်းမာရေးကြောင့် လာရောက်ဖြေဆိုခြင်းမရှိသူများနှင့် ဘာသာရပ်တစ်ခုကို လာရောက်ဖြေဆိုပြီး ဆက်လက်ဖြေဆိုခြင်းမရှိသော ကျောင်းသား/သူများကို နှုတ်မေး နှုတ်ဖြေ စစ်ဆေးခြင်းများ ပြုလုပ်ပြီး ပညာသင်နှစ်အတွင်း ဖြေဆိုခဲ့သော လပတ်စစ်ဆေးခြင်း၊ နှစ်ဝက်စစ်ဆေးခြင်းရလဒ်များဖြင့် တွက်ချက် အအောင်အရှုံး ပြုလုပ်မည် ဖြစ်သည်။

ယင်းကဲ့သို့ ပျက်ကွက်ခဲ့သော ကလေးများကို နှုတ်မေး၊ နှုတ်ဖြေ စစ်ဆေးခြင်းများ ပြုလုပ်ရာတွင် သင်္ကြန်မတိုင်ခင် အပြီး ဆောင်ရွက်သွားရမည် ဖြစ်သည်။

READ - တက္ကသိုလ်ဝင်တန်းအဖြေလွှာစစ်ဆေးရန် အင်အားမလုံလောက်လျှင် လုပ်သက်သုံးနှစ်အောက် ဆရာ၊ ဆရာမများကိုပါ ရွေးချယ်စစ်ဆေးစေမည်

လက်ရှိတွင် စတုတ္ထတန်းနှင့် အဌမတန်း နှုတ်မေး၊ နှုတ်ဖြေ စစ်ဆေးခြင်းများကို ပြုလုပ်ပြီးဖြစ်ရာ လာရောက်ဖြေဆိုသော ကျောင်းသား/သူများရှိသော်လည်း အချို့ကျောင်းသား/သူများမှာ လာရောက်ဖြေဆိုခြင်းမရှိကြောင်း၊ စာမေးပွဲဖြေဆိုရန် ပျက်ကွက်ခဲ့သော ကျောင်းသား/သူများသည် မိဘများ၏ ရွှေ့ပြောင်းသွားလာမှုကြောင့် ပျက်ကွက်မှုများ ဖြစ်သည်။

ထိုကလေးများအနေဖြင့် ရောက်ရှိရာအရပ်ရှိ မြို့နယ်ပညာရေးမှူးရုံးနှင့် ဆက်သွယ်ပြီး ဖြေဆိုနိုင်သည်။

စတုတ္ထတန်းနှင့် အဌမတန်း စာမေးပွဲ အအောင်၊ အရှုံးများကို နှစ်ဆုံးစာမေးပွဲရလဒ်တစ်ခုတည်းဖြင့် ဆုံးဖြတ်မည် မဟုတ်ဘဲ ဖြေဆိုခဲ့သော စာမေးပွဲအကြိမ်အရေအတွက်၊ ကျောင်းတွင်းဆောင်ရွက်မှုများဖြင့် အအောင်၊ အရှုံး များ ပြုလုပ်မည်ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: democracy today

News Read 1981 times