၎ တန်းနှင့် ၈ တန်း စာမေးပွဲကြီးတွင် ဆေးရုံတက်နေရသူများနှင့် ဘာသာရပ်တစ်ခုခုကို ဖြေဆိုပြီး ဆက်လက်မဖြေဆိုသူများကို နှုတ်မေးနှုတ်ဖြေ စစ်ဆေးမည်

၎ တန်းနှင့် ၈ တန်း စာမေးပွဲကြီးတွင် ဆေးရုံတက်နေရသူများနှင့် ဘာသာရပ်တစ်ခုခုကို ဖြေဆိုပြီး ဆက်လက်မဖြေဆိုသူများကို နှုတ်မေးနှုတ်ဖြေ စစ်ဆေးမည်

စတုတ္ထတန်းနှင့် အဌမတန်း စာမေးပွဲကြီးတွင် ဆေးရုံတက်နေရသူများနှင့် ဘာသာရပ်တစ်ခုခုကို ဖြေဆိုပြီး ဆက်လက်မဖြေဆိုသူများသည် နှုတ်မေးနှုတ်ဖြေ စစ်ဆေးပြီး အအောင်ပေးမည် ဖြစ်သည်။

လာမည့်ဖေဖော်ဝါရီလတွင် ဖြေဆိုမည့် အခြေခံပညာ စတုတ္ထတန်းနှင့် အဌမတန်းစာမေးပွဲအတွက် ခုံအမှတ်ထွက်ရှိပြီး လုံးဝဖြေဆိုခြင်းမရှိသူများကို ပျက်ကွက်စာရင်းအဖြစ် သတ်မှတ်ရမည် ဖြစ်သည်။

ကျန်းမာရေးကြောင့် ဆေးရုံတက်ရောက်ကုသနေသူများနှင့် စာမေးပွဲဖြေဆိုနေစဉ် အတွင်း အကြောင်းအမျိုးမျိုးကြောင့် ဘာသာရပ်တစ်ခုခု ဖြေဆိုပြီး ဆက်လက်မဖြေဆိုသူများကို နှုတ်မေးနှုတ်ဖြေ ဖြင့် စစ်ဆေးပြီး ပညာသင်နှစ် အတွင်း ရရှိခဲ့သော အခန်းဆုံး နှစ်ဝက်ဆုံး စာမေးပွဲရမှတ်များနှင့် ချိတ်ဆက်ကာ အအောင်ပေးရမည်ဖြစ်သည်။

ယခုပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာနနှင့် ပြည်နယ်တိုင်းဒေသကြီး ပညာရေးမှူးများ၊ ခရိုင်ပညာရေးမှူးများ၏ ညှိနှိုင်းချက်အရ အခြေခံပညာမူလတန်း အဆင့်ပြီးဆုံးခြင်းနှင့် အခြေခံပညာ အလယ်တန်းပြီးဆုံးခြင်း စတုတ္ထတန်းနှင့် အဌမတန်း စာမေးပွဲအောင်စာရင်း ပြုစုရေးဆိုင်ရာ ညှိနှိုင်းမှုများအရ ယင်းကဲ့သို့ သတ်မှတ်ထားခြင်း ဖြစ်သည်။

ထိုသင်တန်းများ၏ တစ်ဘာသာချင်းစီအတွက် အောင်စာရင်းပြုစုခြင်းဆိုင်ရာ ညှိနှိုင်းချက်အရ အမှတ် ၈၀ နှင့်အထက် ရရှိပါက (အေ)၊ အမှတ် ၆၀ မှ ၇၉ မှတ်ကြား ရရှိပါက (ဘီ)၊ အမှတ် ၄၀ မှ ၅၉ မှတ်ကြား ရရှိပါက (စီ)၊ အမှတ် ၃၉ မှတ်နှင့်အောက်ရရှိပါက (ဒီ) ဟု သတ်မှတ်ရမည် ဖြစ်သည်။

အခြေခံပညာစတုတ္ထတန်းနှင့် အဌမတန်းစာမေးပွဲများကို ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၅ ရက်အထိ ကျင်းပပြုလုပ်မည် ဖြစ်သည်။

source: democracy

News Read 4753 times