အဌမတန်းနှင့် စတုတ္ထတန်းစာမေးပွဲ ဖြေဆိုခြင်းမရှိခဲ့သည့် ကျောင်းသား/သူများကို ပြန်လည်ဖြေဆိုခွင့်ပြုမည်

အဌမတန်းနှင့် စတုတ္ထတန်းစာမေးပွဲ ဖြေဆိုခြင်းမရှိခဲ့သည့် ကျောင်းသား/သူများကို ပြန်လည်ဖြေဆိုခွင့်ပြုမည်

၂၀၁၇-၁၈ ပညာသင်နှစ်၏ အခြေခံပညာ အဌမတန်းနှင့် စတုတ္ထတန်း နှစ်ဆုံးစာမေးပွဲကို ပြီးခဲ့သည့် ဖေဖော်ဝါရီလက ကျင်းပပြုလုပ်ခဲ့ရာ ယင်းစာမေးပွဲကို လာရောက်ဖြေဆိုခြင်းမရှိခဲ့သော တိုင်းဒေသကြီး ပြည်နယ်အသီးသီးမှ ကျောင်းသား/သူများအားလုံး ပြန်လည်ဖြေဆိုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်။

ကျောင်းသား/သူများ ပြန်လည်ဖြေဆိုရန်အတွက် ပြန်လည်စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေး အခြေအနေကြောင့် ဆေးရုံတက်ကုသနေသူများနှင့် ဘာသာရပ်တစ်ခု ဖြေဆိုပြီး အခြားဘာသာရပ်များကို ဆက်လက်ဖြေဆိုနိုင်ခြင်း မရှိသူများကို နှုတ်မေး၊ နှုတ်ဖြေ စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

READ - ဒုတိယတန်းသင်ရိုးသစ် မြို့နယ်အဆင့်သင်တန်းကို မူလတန်းပြအားလုံးတက်ရမည်

အခြေခံပညာ အဌမတန်းနှင့် စတုတ္ထတန်းစာမေးပွဲရလဒ်များအဖြစ် အမှတ် ၈၀ နှင့်အထက်ရရှိပါက (အေ) အဆင့်၊ အမှတ် ၆၀ မှ ၇၉ မှတ်အထိ ရရှိပါက (ဘီ) အဆင့်၊ အမှတ် ၄၀ မှ ၅၉ မှတ်အထိ ရရှိပါက (စီ) အဆင့်၊ အမှတ် ၃၉ အောက် ကို (ဒီ) အဆင့် ဖြင့် သတ်မှတ်သွားမည် ဖြစ်သည်။

နောက်ဆုံးစာမေးပွဲတွင် အဆင့် (ဒီ) ရရှိခဲ့ သော ဘာသာရပ်များကို အခန်းဆုံးစစ်ဆေးစဉ်က ရရှိခဲ့သော ရမှတ်အဆင့်များဖြင့် ပြန်လည်တွက်ချက်ပြီး အအောင်၊ အရှုံးကို သတ်မှတ်ရမည် ဖြစ်သည်။

ထိုစာမေးပွဲများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသား/သူ ၁၄ သိန်းကျော် ၀င်ရောက်ဖြေဆိုခဲ့သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: democracy today

News Read 1961 times