ယခုနှစ် စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင်စာမေးပွဲများ အခြားကျောင်းများသို့ သွားရောက် ဖြေဆိုရန် မလိုတော့

ယခုနှစ် စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင်စာမေးပွဲများ အခြားကျောင်းများသို့ သွားရောက် ဖြေဆိုရန် မလိုတော့

ညွှန်ကြားထား သည်ဟု အခြေခံပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်နို်င်စိုးက ပြောသည်။

ယခင်နှစ်များက မြို့နယ်အ တွင်းရှိ သတ်မှတ်စာစစ်ဌာနရှိရာ ကျောင်း၌သာ စတုတ္ထတန်းနှင့် အဋ္ဌမတန်း နှစ်ဆုံးစာမေးပွဲ ဖြေဆို ရသော်လည်း ယခုနှစ်တွင် အခြေ ခံပညာကျောင်းတိုင်း၌ စာစစ်ဌာန ဖွင့်လှစ်ခွင့်ပြုမည် ဖြစ်သည်။


‘‘ကလေးတွေက တခြား ကျောင်းတွေမှာ သွားဖြေရတာ အဆင်မပြေတာတွေရှိလို့ ဒီနှစ်တော့ ကိုယ့်ကျောင်းမှာပဲ ကိုယ်ဖြေဖို့ ဆရာတို့ဦးစီးကနေ ကျောင်းတွေကိုတော့ ပြောထားတယ်’’ဟု ဒေါက်တာအောင်နိုင်စိုးက ပြောသည်။

နှစ်ဆုံးစာမေးပွဲစာစစ်ဌာန များကို ကျောင်းအလိုက်ဖွင့်လှစ် ခွင့်ပြုသော်လည်း စာမေးပွဲမေး ခွန်းကိုမူ ယခင်နှစ်များအတိုင်း သာ ခရိုင်အဆင့်၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အဆင့်အစိုးရစစ် စာမေးပွဲ မေးခွန်းများဖြင့် စစ်ဆေး မည် ဖြစ်သည်။

READ - အခြေခံပညာစတုတ္ထတန်းနှင့် အဌမတန်းစာမေးပွဲ ကြီးကြပ်မည့်သူများအနေဖြင့် ကျောင်းအချင်းချင်း လဲလှယ်တာဝန်ယူရမည်

စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာစစ်ဌာနကြီးကြပ်ရေးမှူးများ အဖြစ် နီးစပ်ရာကျောင်းများမှ ကျောင်းအုပ်ကြီး များက ထမ်း ဆောင်ရမည်ဖြစ်ပြီး လက်ထောက်ကြီးကြပ်ရေးမှူးအဖြစ် မိမိကျောင်းမှ ဆရာ၊ ဆရာမ များကိုသာ တာဝန်ပေးရန် အခြေခံပညာဦးစီးဌာနက ညွှန်ကြားထားသည်။

‘‘အရင်နှစ်တွေက ခွဲကျောင်း တွေဆို ကိုယ့်ကျောင်းမှာ ကိုယ် ဖြေလို့မရဘူး။ ပင်မကျောင်းမှာ သွားဖြေရတော့ ရွာက ကလေး တွေက အဲဒီရက်တွေ မြို့ပေါ်ကို သက်သက်သွားရတယ်။ တချို့ ကျတော့လည်း ရွာကျောင်းမှာ စာစစ်ဌာနဖွင့်ရင် ပင်မကျောင်း က ဆရာမတွေက ရွာသွားစောင့် ရတာမျိုး ရှိတယ်။ ကိုယ့်ကျောင်း နဲ့ ကိုယ်ကတော့ အဲဒီဒုက္ခသက် သာတာပေါ့’’ဟု ဧရာဝတီတိုင်း ဒေသကြီးမှ အထက်တန်းကျောင်း ခွဲ ကျောင်းအုပ်ကြီးတစ်ဦးက ပြောသည်။

ဆရာ၊ ဆရာမများအနေ ဖြင့် စာမေးပွဲအဖြေလွှာများကို ယခင်နှစ်များကဲ့သို့ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အဆင့်သတ် မှတ်နေရာသို့ သွားရောက်စစ် ဆေးရန် မလိုဘဲ ယခုပညာသင် နှစ်တွင် တိုင်းဒေသကြီးနှင့် ပြည် နယ်ပညာရေးမှူးရုံး၊ ခရိုင်ပညာ ရေးမှူးရုံးများ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့် သတ်မှတ်နေရာ ၌သာ စစ်ဆေးရမည် ဖြစ်သည်။

အခြေခံပညာစတုတ္ထတန်း နှင့် အဋ္ဌမတန်းနှစ်ဆုံးစာမေးပွဲ များကို ဖေဖော်ဝါရီအတွင်း ကျင်းပမည်ဖြစ်ပြီး စာမေးပွဲ ကျင်းပမည့် ရက်ကို မြန်မာနိုင်ငံစာစစ်ဦးစီး ဌာနက ကြေညာမည် ဖြစ်သည်။

စတုတ္ထတန်းနှင့် အဋ္ဌမတန်း ကို ၂၀၁၄-၁၅ ပညာသင်နှစ်က စ၍ အစိုးရစစ်စာမေးပွဲအဖြစ် စတင်စစ်ဆေး ခဲ့သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7day daily

News Read 3749 times