တတိယတန်းနှင့် ဆဋ္ဌမတန်းသင်ရိုးသစ်များ စတင်ရေးဆွဲနေ

တတိယတန်းနှင့် ဆဋ္ဌမတန်းသင်ရိုးသစ်များ စတင်ရေးဆွဲနေ

အခြေခံပညာ တတိယတန်းနှင့် ဆဋ္ဌမတန်းသင်ရိုးညွှန်းတမ်းသစ် များရေးဆွဲခြင်း၊ ပြဋ္ဌာန်းစာအုပ် များ ရိုက်နှိပ်ခြင်းတို့ကို ဝန်ကြီးဌာန က စတင်ဆောင်ရွက်နေပြီး ၂၀၁၉-၂၀ ပညာသင်နှစ်တွင် အသုံးပြု မည်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုး သိမ်းကြီးက ပြောသည်။

ပညာရေးဝန်ကြီးဌာန၏ ၂ နှစ်တာ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာတွင် ဝန်ကြီးက ယင်းသို့ ပြောကြား ကြောင်း သတင်းထုတ်ပြန်သည်။

‘‘သင်ရိုးသစ်က ဒီနှစ် Grade -2 စမယ်။ ပုံနှိပ်တွေလည်း ရိုက် နေပြီ။ နောက်နှစ်မှာ သုံးတန်းနဲ့ ခြောက်တန်းပြောင်းဖို့ သင်ရိုးတွေ လည်း စလုပ်နေတယ်’’ဟု ပညာ ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိ သူ ဒေါက်တာခိုင်မြဲက ပြောသည်။ အခြေခံပညာမူလတန်းသင် ရိုးညွှန်းတမ်းအသစ်များ ရေးဆွဲ နိုင်ရန် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)၊ အလယ်တန်းနှင့် အထက်တန်းသင်ရိုးညွှန်းတမ်းအသစ်များ အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့က ပညာရေးဝန်ကြီး ဌာနကို နည်းပညာနှင့်ဘဏ္ဍာရေး ပံ့ပိုးထားသည်။

အဆိုပါသင်ရိုးညွှန်းတမ်းအ သစ်များကို ၂၁ ရာစုကျွမ်းကျင်မှု များ၊ ပေါင်းသင်းဆက်ဆံရေး၊ ဉာဏ်ရည်ဉာဏ်သွေး၊ တစ်ကိုယ် ရေဖွံ့ဖြိုးမှုနှင့် အလုပ်အကိုင်ရရှိမှု ဆိုင်ရာ ကျွမ်းကျင်မှုများနှင့် အဆင့်မြင့်စဉ်းစားတွေးခေါ်မှုဆိုင်ရာ ကျွမ်းကျင်မှုများ ဖွံ့ဖြိုးလာစေရန် သင်ကြားမှုနယ်ပယ်များ ထည့် သွင်းရေးဆွဲမည်ဟု သင်ရိုးညွှန်း တမ်းမူဘောင်တွင် ဖော်ပြထား သည်။

အခြေခံပညာရေးကို သူငယ် တန်းအပါအဝင် မူလတန်းငါးနှစ်၊ အလယ်တန်းလေးနှစ်၊ အထက်တန်း သုံးနှစ်စနစ်အဖြစ် စတင် ပြောင်းလဲနေသည်။

READ - တက္ကသိုလ်ဝင်တန်း စာမေးပွဲ မေးခွန်းပုံစံသစ်ကို နေ့စဉ်ထုတ် သတင်းစာများတွင် ဖော်ပြသွားမည်

၂၀၁၆-၁၇ ပညာသင်နှစ် တွင် သူငယ်တန်း၊ ၂၀၁၇-၁၈ ပညာသင်နှစ်တွင် ပထမတန်းကို သင်ရိုးညွှန်းတမ်းအသစ်များဖြင့် စတင်သင်ကြားခဲ့သည်။

၂၀၁၈-၁၉ ပညာသင်နှစ် တွင် ဒုတိယတန်း၊ ၂၀၁၉-၂၀ ပညာသင်နှစ်တွင် တတိယတန်း နှင့် ဆဋ္ဌမတန်း၊ ၂၀၂၀-၂၁ ပညာ သင်နှစ်တွင် စတုတ္ထတန်း၊ သတ္တမတန်းနှင့် ဒသမတန်း၊ ၂၀၂၁-၂၂ ပညာသင်နှစ်တွင် ပဉ္စမတန်း၊ အဋ္ဌမတန်းနှင့် ဧကာဒသမတန်း၊ ၂၀၂၂-၂၃ ပညာသင်နှစ်တွင် နဝမတန်းနှင့် ဒွါဒသမတန်းတို့ကို စနစ်သစ်သင်ရိုးညွှန်းတမ်းများဖြင့် ပြောင်းလဲသင်ကြားမည်ဟု ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထား သည်။

‘‘ဒီနှစ် Grade-2 သင်ရိုး သစ်စဖို့ ဆရာတွေကို သင်တန်း တွေ စပေးနေပြီ။ အဓိကက သင် မယ့် ဆရာဆိုပေမယ့် သင်ရိုးအ တွက် လိုအပ်တဲ့ သင်ထောက်ကူ၊ ပုံနှိပ်တွေ အချိန်မီဖြန့်မှ သင်ရိုး အောင်မြင်မှာ။ ရှေ့နှစ်တွေက သင်ထောက်ကူမစုံလို့ ဆရာမတွေ အ ဆင်ပြေသလို လုပ်ရတာရှိတယ်။ အခုနှစ် နှစ်တန်း၊ နောက်နှစ် သုံး တန်းနဲ့ ခြောက်တန်းဆိုရင် ဒါတွေ ပြည့်စုံဖို့ ပိုအရေးကြီးလာပြီ’’ဟု ပဲခူးတိုင်းဒေသကြီးမှ မူလတန်းပြ ဆရာမ ဒေါ်ဖြူဖြူသန့်က ပြော သည်။

အခြေခံပညာတွင် ယခင်က သူငယ်တန်းမှ ဒသမတန်းအထိ ၁၁ တန်းတက်ရောက်ရသော်လည်း စနစ်သစ်အရ သူငယ်တန်းမှ ဒွါဒသမတန်းအထိ ၁၃ တန်းတက် ရောက်ရမည်ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: 7day daily

News Read 2715 times