ပြောင်းလဲမည့် ဒုတိယတန်းသင်ရိုးသစ်တွင် ဘာသာရပ် ၁၀ ခု ပါရှိမည်

ပြောင်းလဲမည့် ဒုတိယတန်းသင်ရိုးသစ်တွင် ဘာသာရပ် ၁၀ ခု ပါရှိမည်

ထိုသင်ရိုးသစ်အတွက် လက်ရှိပြင်ဆင်ရေးဆွဲလျက်ရှိပြီး ဒုတိယတန်းသင်ရိုး Zero Draft ကို အမျိုးသားပညာရေး မူဝါဒကော်မရှင်လက်အောက်ရှိ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီသို့ တည်းဖြတ်ရန် တင်ပြထားကြောင်း သိရသည်။

ထို့ကဲ့သို့ တင်ပြပြီးပါက သင်ရိုးများကို မြန်မာဘာသာနှင့် တိုင်းရင်းသားဘာသာဦးစီးဌာနသို့ ပေးပို့ပြီး မြန်မာစာအသုံးအနှုန်းများ စိစစ်မည်ဖြစ်၍ ရရှိလာသော သင်ရိုးညွှန်းတမ်းများကို Second Draft အဖြစ် ပြုစု၍ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီထံ ထပ်မံတင်ပြကာ အတည်ပြုမည်ဖြစ်သည်။

READ - ယခုနှစ်အတွက် နေ့စားလပေးမူလတန်းပြ သုံးသောင်းဝန်းကျင်ခန့်ထားမည် ချက်ချင်းခန့်မည်မဟုတ်ဘဲ သင်တန်းများပေးမည်ဟုဆို

ပညာေ၇းဝန်ကြီးဌာနအနေဖြင့် ပညာရေး နှစ်သစ်အစီအစဉ်အရ သူငယ်တန်းမှ စ၍ သင်ရိုးများကို ပြောင်းလဲလျက်ရှိရာ ယခုနှစ်တွင် သင်ကြားနေသည့် ဒုတိယတန်းသင်ရိုးတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံနှင့် လူမှုရေးဘာသာရပ် ငါးခု ပါရှိပြီး တွဲဖက်သင်ရိုးဘာသာရပ်များအဖြစ် စာရိတ္တနှင့် ပြည်သူ့နီတိ၊ ပန်းချီ၊ ကာယနှင့် ဂီတ စသည်တို့ ပါဝင်ကြောင်း သိရသည်။

လက်ရှိရေးဆွဲနေသော သင်ရိုးသစ်တွင် ထိုဘာသာရပ်များအပြင် တိုင်းရင်းသားဘာသာရပ်များကိုပါ ထည့်သွင်းဖြည့်စွက်မည် ဖြစ်ပြီး သင်ရိုးအဟောင်းတွင် ပါဝင်သော ဘာသာရပ်များ သင်ရိုးညွှန်းတမ်းအသစ်တွင် ပါဝင်မည်ဖြစ်သော်လည်း သင်ရိုးအဟောင်းကဲ့သို့ အထွေထွေဘာသာ တွဲဖက်သင်ရိုးဟူ၍ ခွဲခြားမည် မဟုတ်ကြောင်း သိရသည်။

ထို့ပြင် ဘာသာရပ်အားလုံးကို အဓိကဘာသာရပ်အဖြစ် ကျယ်ပြန့်စွာ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: မြ၀တီ

News Read 8901 times