မူလတန်းပြဆရာ၊ ဆရာမများကို ဒုတိယတန်းသင်ရိုးသစ် သင်ပြနည်းသင်တန်း ပေးမည်

မူလတန်းပြဆရာ၊ ဆရာမများကို ဒုတိယတန်းသင်ရိုးသစ် သင်ပြနည်းသင်တန်း ပေးမည်

လာမည့် ဇွန်လကျောင်းဖွင့် ချိန်ကစတင်ကာအခြေခံပညာဒုတိ ယတန်းကို သင်ရိုးညွှန်းတမ်းအသစ်ဖြင့် သင်ကြားမည်ဖြစ်ရာ ဆရာ၊ ဆရာမများအတွက် ကျောင်းအုပ် စုအဆင့် သင်ပြနည်းသင်တန်း များ ဖွင့်လှစ်ပေးမည်ဖြစ်သည်။

ဒုတိယတန်းသင်ရိုးသစ်ကို သင်ကြားမည့် မူလတန်းပြဆရာ၊ ဆရာမများအား ဆင့်ပွားသင်တန်းများ ပို့ချရန် ဗဟိုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်၊ ကျောင်းအုပ်စုအ ဆင့်ဟူ၍ အဆင့်လေးဆင့်ခွဲကာ သင်ပြနည်းသင်တန်းများကို ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်နေသည်။

ဗဟိုအဆင့်သင်တန်းများကို ဇန်န၀ါရီ ၁၅ ရက်ကစတင်ဖွင့် လှစ်ခဲ့ပြီး သင်တန်းအဆင့်ဆင့် ဆက်လက်ဖွင့်လှစ်ခဲ့ပြီးနောက် နောက်ဆုံးအဆင့်အနေဖြင့် လက် တွေ့ သင်ကြားရမည့် မူလတန်းပြများကို ကျောင်းအုပ်စုအဆင့် အဖြစ် မေလ ၈ ရက်မှ ၂၃ ရက်အထိ သင်တန်းပေးမည်ဖြစ်သည်။

‘‘ဗဟိုအဆင့်သင်တန်းကို ပညာရေးကောလိပ်တွေက ဆ ရာ၊ ဆရာမ ၃၄၀ ဦးလောက်ကို  သုံးသုတ်ခွဲပေးထားတယ်။ သူတို့ က ဗဟိုအဆင့်မှာတက်ပြီး တိုင်း နဲ့ပြည်နယ်မှာ သင်တန်းပြန်ပေး တယ်။ ကျန်တဲ့ မူလတန်းပြတွေ က သူတို့ဆီကတစ်ဆင့် တိုင်းအ ဆင့်၊ မြို့နယ်အဆင့်၊ ကျောင်း အုပ်စုအဆင့်ဆင့် ပြန်သင်တန်း တက်ရမှာပါ’’ဟု ဒေါက်တာဇော် လတ်ထွန်းက ရှင်းပြသည်။

ဒုတိယတန်း သင်ရိုးသစ် တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ ဘ၀တွက် တာ ကျွမ်းကျင်စရာ၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ပန်းချီ၊ ဂီတ၊ ကာ ယ ဘာသာရပ် ၁၀ ခုပါရှိပြီး က လေးများ၏ အသိပညာ၊ ကျွမ်း ကျင်မှုနှင့် သဘောထားများကို လေ့ကျင့်ပျိုးထောင်ပေးသည့် သင်ခန်းစာများ ထည့်သွင်းရေး ထားကြောင်း ၎င်းက ဆိုသည်။

အခြေခံပညာအတန်းများ ကို ၂၀၁၆-၁၇ ပညာသင်နှစ်က စတင်၍ သင်ရိုးညွှန်းတမ်းအသစ် များဖြင့် တစ်နှစ်တစ်တန်းနှုန်း သင်ကြားနေရာ ဒုတိယတန်းကို လာမည့် ၂၀၁၈-၁၉ ပညာသင် နှစ်တွင် သင်ရိုးသစ်ဖြင့် သင်ကြား မည် ဖြစ်သည်။

ယခု ၂၀၁၇-၁၈ ပညာသင် နှစ်တွင်စတင်သော ပထမတန်း သင်ရိုးသစ် သင်ကြားမည့် ဆရာ၊ဆရာမငါးသောင်းခန့်ကို ယခင်နှစ်က နည်းပြသင်တန်းများ ပေး ခဲ့ရာ ရာထူးတိုးနှင့် အပြောင်းအ ရွှေ့များ ဆောင်ရွက်ပြီးချိန်၌ သင်တန်းပေးထားသော ဆရာ၊ ဆရာမများ ပြောင်းရွှေ့ခဲ့သည်။

ထို့ကြောင့် ဒုတိယသင်ရိုး သစ် သင်ပြနည်းများကို မူလတန်း ပြဆရာ၊ ဆရာမအားလုံးအား သင် တန်းပေးမည်ဟု ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဒေါက် တာမျိုးသိမ်းကြီးက ပြောကြား သည်။

ဒုတိယတန်းသင်ရိုးညွှန်း တမ်းအသစ်များကို ဂျပန်အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီ (JICA) နှင့် ပညာ ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွဲ့ စည်းသည့် CREATE ပရောဂျက်အဖွဲ့က ရေးဆွဲထားသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: 7day daily

News Read 2708 times