ဒုတိယတန်း သင်ရိုးသစ်အတွက် ပညာရေးကောလိပ်က ဆရာတွေပါ သင်တန်းပို့ချပေးမည်

ဒုတိယတန်း သင်ရိုးသစ်အတွက် ပညာရေးကောလိပ်က ဆရာတွေပါ သင်တန်းပို့ချပေးမည်

ဒုတိယတန်း သင်ရိုးသစ်အတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ စတင်သင်တန်းပို့ချပေးခဲ့တာဖြစ် ပြီး ဗဟိုအဆင့်၊ တိုင်းဒေသကြီး၊ မြို့နယ်အဆင့်နဲ့ ကျောင်းအဆင့်စတဲ့ ဆင့်ပွားသင်တန်းတွေ ဖွင့်လှစ်ပို့ ချပေးမှာ ဖြစ်ပါတယ်။

ဗဟိုအဆင့် သင်တန်းတွေကို သုံးသုတ်ခွဲပြီး ပို့ချပေးမှာဖြစ်ပြီး ပထမအသုတ်ကိုတော့ ဇန်နဝါရီလ ၁၅ ရက်နေ့ကနေ ၁၉ ရက်နေ့ အထိ ပို့ချပေးခဲ့တာပါ။

ဒုတိယ အသုတ်ကိုတော့ ဇန်နဝါရီလ ၂၂ ရက်နေ့ကနေ ၂၆ ရက်နေ့ အထိနဲ့ တတိယအသုတ်တွေကို တော့ လာ မယ့် ဇန်နဝါရီလ ၂၉ ရက် နေ့ကနေ ဖေဖော်ဝါရီ ၂ ရက် နေ့အထိ သင်ကြားပေးမယ်လို့ သိရပါတယ်။

“အဲဒီ သုံးသုတ်မှာ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာရှိတဲ့ ပညာရေး ကောလိပ်တွေက ဆရာ၊ ဆရာမတွေကို ခေါ်ပြီး သင်တန်းပေးမှာ၊ ဘာလို့ အဲဒီလိုပေးရလဲဆိုတော့ အဲဒီဆရာ ဆရာမတွေက တိုင်းဒေသကြီး အဆင့်မှာ ပြန်ပြီး ဆင့်ပွားပေးရမှာပါ”လို့ ပညာရေးသုတေ သနစီမံကိန်းနဲ့ လေ့ကျင့်ရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (လေ့ကျင့်ရေး) ဒေါက်တာဇော်လတ်ထွန်းက ပြောပါတယ်။

READ - စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲမေးခွန်းများ အမှားမပါစေရန်နှင့် ပေါက်ကြားမှုမရှိစေရန် ပညာရေးဝန်ကြီးသတိပေး

ဘာသာရပ်အလိုက် အသုတ်တွေခွဲပြီး သင်တန်းပို့ချပေးတာဖြစ် ပြီး ပထမဆုံးအသုတ်မှာ ပညာ ရေး သဘောတရား၊ ပညာရေး၊ စိတ်ပညာ၊ လူမှုရေး၊ သင်္ချာစတဲ့ ဘာသာရပ်တွေ သင်ကြားပေး ပို့ချပေးတာဖြစ်ပါတယ်။

ဒုတိယ သုတ်မှာတော့ မြန်မာ စာ၊ အင်္ဂလိပ်စာ၊ သိပ္ပံ၊ ဘဝတွက်တာ ကျွမ်း ကျင်စရာ စတဲ့ ဘာသာရပ် တွေ အတွက် ခေါ်ယူပို့ချ ပေးတာဖြစ်တယ်။

နောက်ဆုံးသုတ် အတွက် ပန်းချီ၊ ဂီတ၊ ကာယ၊ စာရိတ္တနဲ့ ပြည်သူ့နီတိစတဲ့ ဘာသာရပ်တွေအတွက် ပို့ ချပေးမှာ ဖြစ်ပါတယ်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ ဖွင့်လှစ်ထားတဲ့ ပညာရေးကောလိပ် ၂၅ ခုလုံးက ဆရာ ဆရာမ ၃၂၂ ဦးကို သင်တန်းပို့ချ ပေးမှာဖြစ်ပြီး တစ်သုတ်ချင်းစီအတွက် လူဦးရေ ၁၀ဝ ကျော် ခန့်မှန်း ထားပါတယ်။

ပြောင်းလဲမယ့်သင်ရိုးသစ်တွေကို ယူနက်စကို (UNESCO) အပါအဝင် ဂျပန်နိုင်ငံ (JICA) နဲ့ အခြေခံပညာ သင်ရိုးညွှန်းတမ်း ရေးဆွဲရေးအဖွဲ့တို့ ပူးပေါင်းရေးဆွဲတာဖြစ်ပြီး ကမ္ဘာ့အဆင့်မီ နိုင်ငံ ပေါင်း ၁၄ နိုင်ငံရဲ့ သင်ရိုးညွှန်းတမ်းတွေကို ခြုံငုံ ရေးဆွဲထားတာဖြစ်တယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: kumudranews

News Read 2773 times