ဒုတိယတန်းသင်ရိုးအသစ်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်သင်တန်းများ မတ်လ ၃၀ မှ စတင်မည်

ဒုတိယတန်းသင်ရိုးအသစ်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်သင်တန်းများ မတ်လ ၃၀ မှ စတင်မည်

ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာသင်ရိုးညွှန်းတမ်းများကို အသစ်ပြောင်းလဲပြုပြင်မှုများ ပြုလုပ်လျက်ရှိရာ လာမည့် ပညာသင်နှစ်တွင် ဒုတိယတန်းအဆင့်အား သင်ရိုးညွှန်းတမ်းအသစ်ဖြင့် သင်ကြားတော့မည်ဖြစ်သည်။

ယင်းအတွက် တာဝန်ယူသင်ကြားပေးရမည့် ဆရာ၊ ဆရာမများကို သင်ရိုးညွှန်းတမ်း၏ သဘောသဘာဝများကို နားလည် သဘောပေါက်စေရန်အတွက် တိုင်းဒေသကြီးပြည်နယ်အဆင့် သင်တန်းဆွေးနွေးပွဲ၊ မြို့နယ်အဆင့် ကျောင်းအုပ်စုအဆင့်များအဖြစ် သင်တန်းများ ပြုလ်ုပသွားမည် ဖြစ်သည်။

“ပညာရေးကောလိပ်ဆင်း ဆရာ၊ ဆရာမများနဲ့ မူလတန်းအဆင့်သင်ဆရာ၊ ဆရာမများ အားလုံး သင်တန်းတက်ရမှာပါ” ဟု ပြောသည်။

READ - ၁၉ ကြိမ်မြောက် (PGDMA) အခြေခံပညာ အလယ်တန်းပြ ဆရာ၊ ဆရာမများ ခေါ်ယူ

တိုင်းဒေသကြီးပြည်နယ်အဆင့်တွင် သင်တန်းဆွေးနွေးပွဲတက်ရောက်ရမည့် ဆရာ၊ ဆရာမများသည် မြို့နယ်အဆင့် တွင် ပြုလုပ်မည့် သင်တန်းဆွေးနွေးပွဲများ၌ နည်းပြအဖြစ် တာဝန်ယူရမည်ဖြစ်သောကြောင့် ရွေးချယ်စေလွှတ်ပေးရမည့် သူများသည် အခြားသင်တန်းများတွင် သင်တန်းနည်းပြအဖြစ် အတွေ့အကြုံရှိသူများ၊ မူလတန်းကျောင်းများတွင် သင်ကြားရေး အတွေ့အကြုံရှိသူများ၊ သင်ကြားရေးအတွေ့အကြုံ နှစ် ၂၀ ရှိသူများ၊ ပညာရေးတိုးတက် မြင့်မားအောင် ဆောင်ရွက်လိုသူများ၊ ကလေးဗဟိုပြု ချဉ်းကပ်နည်းသင်တန်းတွင် နည်းပြအဖြစ် အတွေ့အကြုံရှိသူများဖြစ်ရန် လိုအပ်ကြောင်း သိရသည်။

သင်တန်းများကို တိုင်းဒေသကြီးပြည်နယ်အဆင့်အဖြစ် ယခု လ ၃၀ ရက်မှ ဧပြီလ ၁၂ ရက်အထိလည်းကောင်း၊ မြို့နယ်အဆင့်ကို ဧပြီလ ၁၉ ရက်မှ မေ ၅ ရက်အထိလည်းကောင်း၊ ကျောင်းအုပ်စုအဆင့်ကို မေ ၈ ရက်မှ ၂၃ ရက်အထိ လည်းကောင်း ပြုလုပ်မည်ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: democracy today

News Read 1203 times