တိုင်းဒေသကြီးအဆင့် ပထမတန်း သင်ရိုးညွှန်းတမ်းအသစ် နည်းပြသင်တန်းပေးမည်

တိုင်းဒေသကြီးအဆင့် ပထမတန်း သင်ရိုးညွှန်းတမ်းအသစ် နည်းပြသင်တန်းပေးမည်

ပထမတန်း သင်ရိုးညွှန်းတမ်း အသစ်တွင် ဘာသာရပ်ကိုးခု ပါဝင်ပြီး သင်ယူမှုနယ်ပယ်များအဖြစ် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ ဘဝတွက်တာ ကျွမ်းကျင်စရာ၊ ကာယ၊ အနုပညာ(ဂီတ၊ ပန်းချီ) စာရိတ္တနှင့် ပြည်သူ့နီတိတို့ သင်ကြားရမည်ဖြစ်သည်။

ကလေးတွေကို သင်ရမယ့် ဆရာတွေအတွက် နည်းပြသင်တန်းဖြစ်ပါတယ်။ မနှစ်က သူငယ် တန်းသင်ရိုးပြောင်းတော့လည်း ဒီလိုပဲ ဆရာ၊ ဆရာမတွေကို အရင် သင်တန်းပေးရပါတယ်။

ဒီနှစ်မှာ ပထမတန်းအတွက် သင်ရိုးသစ်က ကလေးတွေ အလွယ်တကူမှတ်မိစေမယ့် ဘာသာရပ်တွေအပြင် ပေါ့ပေါ့ပါးပါးနဲ့ သင်ယူနိုင်မယ့် ဘာသာရပ်တွေပဲ ထပ်တိုးထားတာပါ။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

လက်ရှိတွင် အဆိုပါနည်းပြ သင်တန်းကို ဗဟိုအဆင့် သင်ကြားပေးလျက်ရှိပြီး မတ်လ ၂၄ ရက် တွင် တိုင်းဒေသကြီးအဆင့်နှင့် နောက်ပိုင်း၌ မြို့နယ်ဆင့်၊ ကျောင်းအဆင့် စသည်ဖြင့် အဆင့်ဆင့် သင်တန်းများ ပေးမည်ဖြစ်ပါတယ်။

အသစ်ပြောင်းလဲမည့် ပထမတန်း သင်ရိုးညွှန်းတမ်းအသစ်၌ ပထမနှစ်ဝက်ဆုံး၊ ဒုတိယနှစ်ဝက် ဆုံးနှင့် စာသင်နှစ်ဆုံး စာမေးပွဲ စစ်ဆေးခြင်း စသည်ဖြင့် စစ်ဆေး အကဲဖြတ်မည်ဖြစ်ပါတယ်။

ပထမတန်း သင်ရိုး ညွှန်းတမ်း ရေးဆွဲရာတွင် အခြေခံပညာကျောင်းများရှိ ဆရာ၊ ဆရာမများ၏ သင်ကြားရေး ပိုမို ကောင်းမွန်လာစေရန် ပံ့ပိုးပေးနိုင်သည့် သင်ကြားရေးအထောက် အကူပြုစနစ်တစ်ရပ် ဖန်တီး အကောင်အထည် ဖော်ပေးရန်နှင့် ကျောင်းသားများ၏ သင်ယူတတ် မြောက်မှုကို ထိရောက်စွာ ပံ့ပိုးပေးနိုင်သော စစ်ဆေးအကဲဖြတ်မှုစနစ် တစ်ခုဖြစ်အောင် ပြုလုပ်ပြောင်းလဲပေးရန် ဘက်စုံလွှမ်းခြုံသောပညာရေးကဏ္ဍ လေ့လာသုံးသပ် ရေးလုပ်ငန်းအဖွဲ့ (CESR) က အကြံပြုထားသည်။

ပညာရေးဝန်ကြီးဌာန အခြေခံပညာကဏ္ဍ ပညာရေးပြုပြင် ပြောင်းလဲရေး အစီအစဉ်တစ်ခုဖြစ်သည့် သူငယ်တန်း အပေါင်း ၁၂တန်း (KG+12) ပညာရေးသည် ယခုပညာသင်နှစ်တွင် သူငယ် တန်း (KG) ကို သင်ရိုးညွှန်းတမ်း အသစ်ဖြင့် စတင်သင်ကြားခဲ့ပြီး ထိုကျောင်းသားများသည် ၂၀၁၇-၁၈ ပညာသင်နှစ်တွင် ပထမတန်းကို သင်ရိုးညွှန်းတမ်း အသစ်ဖြင့် ဆက်လက်တက် ရောက်ရမည်ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7 day daily

News Read 3363 times