လာမည့်နှစ်တွင် ပထမတန်း အတန်းတင်စာမေးပွဲဖြေဆိုဖို့ မလိုတော့

လာမည့်နှစ်တွင် ပထမတန်း အတန်းတင်စာမေးပွဲဖြေဆိုဖို့ မလိုတော့

အရင်ကတည်းက ပထမတန်းမှာ လပတ်စာမေးပွဲဆိုတာ မဖြေရဘူးပေါ့နော်၊ အတန်းတင်စာမေးပွဲပဲရှိပါတယ်။

လာမယ့် ၂၀၁၇ –၂၀၁၈ ပညာသင်နှစ်မှာ ပထမတန်းအနေနဲ့ သင်ရိုးညွှန်းတမ်းအသစ်နဲ့ သင်ကြားရမှာဖြစ်ပြီး စာတွေ့သင်ကြားမှုထက် လက်တွေ့သင်ကြားမှုတွေ၊ ကျောင်းသူကျောင်းသားတွေနဲ့ အပြန်အလှန် ဆွေးနွေးရ မယ့် ကဏ္ဍတွေအများဆုံးပါဝင်ပါတယ်။

ဒါ့အပြင်ဆရာ ဆရာမတွေအနေနဲ့ စာတွေ့သင်ကြားမှုကို ကျောင်းကြီးမပိတ်ခင် နှစ်လလောက်အလိုမှ သင်ကြားရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ကျောင်းသားတွေနဲ့ အပြန်အလှန် ပြောပြတာတို့နဲ့ပဲသွားမယ်၊ စာရေးတာတောင်မလုပ်ရတော့ဘူးတဲ့၊ ကျောင်းသားတွေကို ကိုယ်သင်တဲ့ အပေါ်နားလည်လား၊ ဘယ်လို နားလည်လဲ၊ အဲဒီလိုပေါ့၊ နှုတ်နဲ့ပဲသွားမယ်၊ အတန်းတင်စာမေးပွဲ ဖြေစရာမလိုတော့ဘူး ဖြစ်ပါတယ်။

ပထမတန်းရှိ ကျောင်းသူ ကျောင်းသားတွေကို လက်ရှိဖြေဆိုနေတဲ့ အတန်းစာမေးပွဲစစ်ဆေးခြင်းအစား ကျောင်းသူ ကျောင်းသားတွေရဲ့တတ်ကျွမ်းမှုဆိုင်ရာ အသိပညာတတ်မြောက်မှု စစ်ဆေးခြင်းကို စဉ်းစားတွေး တာမှုမျိုးခွဲပညာနဲ့ စစ်ဆေးအကဲဖြတ် သွားမှာဖြစ်တယ်လို့သိရပါတယ်။

စစ်ဆေးအကဲဖြတ်ရာမှာလည်း ကျောင်းသားတွေရဲ့ နားလည်မှု၊ မှတ်မိမှု၊ခွဲခြမ်းစိတ်ဖြာတတ်မှုတွေကို ကြည့်ပြီးဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

လာမယ့်ပညာသင်နှစ်မှာ ပထမတန်းကျောင်းသားတွေအနေနဲ့ သင်ကြားရမယ့်ဘာသာတွေကတော့ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ ဘဝတွက်တာ ကျွမ်းကျင်စရာ၊ စာရိတ္တနဲ့ ပြည်သူ့နီတိ၊ ကာယပညာနဲ့ အနုပညာ(ဂီတ+ပန်းချီ)တို့ ဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: kumudra journal

News Read 4296 times