Sales Hotline : 09448001653       Download App



စနစ်သစ်သင်ရိုးအရ သူငယ်တန်းမှ တတိယတန်းအထိ စာမေးပွဲမစစ်ဆေးတော့

စနစ်သစ်သင်ရိုးအရ သူငယ်တန်းမှ တတိယတန်းအထိ စာမေးပွဲမစစ်ဆေးတော့

နိုဝင်ဘာ ၂၅ ရက်က ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ကျင်းပသော တက္ကသိုလ်ဝင် စာမေးပွဲ စာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများ ဆိုင်ရာ ဆွေးနွေးပွဲ၌ ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

KG+12 စနစ်သစ်အရ ယခု ပညာသင်နှစ်တွင် သူငယ်တန်းနှင့် ပထမတန်းကို သင်ရိုးညွှန်းတမ်း အသစ်များဖြင့် သင်ကြားနေပြီး ယခုနှစ်၌ အဆိုပါအတန်းများ ကို စာမေးပွဲမစစ်ဆေးရန် အခြေ ခံပညာဦးစီးဌာနက ဇူလိုင်အတွင်း ညွှန်ကြားထားသည်။

ထို့အပြင် လာမည့်၂၀၁၈-၁၉ပညာသင်နှစ်တွင် ဒုတိယတန်း၊ ၂၀၁၉-၂၀ ပညာသင်နှစ်တွင် တတိယတန်းတို့ကို သင်ရိုးညွှန်း တမ်းအသစ်များဖြင့် သင်ကြား မည်ဖြစ်ရာ ယင်းအတန်းများကို လည်း စာမေးပွဲမစစ်ဆေးရန် ဆရာ၊ ဆရာမများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ပြောကြားသည်။

READ - ပထမတန်းကျောင်းသား၊ ကျောင်းသူ ခြောက်ဦးလျှင် သင်ထောက်ကူပစ္စည်း ၁၅ မျိုးပါ သေတ္တာတစ်လုံးနှုန်း ထောက်ပံ့မည်

‘‘မြန်မာမှာရှိသော၊ ကမ္ဘာမှာ ရှိသော Child Law အရ ကလေး သူငယ်ဆိုတာသည် အသက် (၈) နှစ်အထိ ဖြစ်ပါတယ်။ ပထမတန်း တက်မယ့်ကလေးတွေက (၆) နှစ် အရွယ်၊ ဒုတိယတန်း (၇) နှစ်၊ တတိယတန်းဆို (၈) နှစ်ရှိဆိုတော့ ကလေးသူငယ်တွေပဲ။ ကလေး သူငယ်တွေကို ညှဉ်းပန်းနှိပ်စက်မှု မြောက်တာကြောင့် သင်ရိုးသစ် တတိယတန်းအထိ စာမေးပွဲမရှိ ဘူး’’ဟု ဦးမျိုးညွန့်က ပြောသည်။

ယခုပညာသင်နှစ်တွင် သင် ရိုးဟောင်းဖြင့်သာ သင်ကြားနေ ဆဲဖြစ်သည့် ဒုတိယတန်းနှင့် တတိယတန်းကို စာမေးပွဲစစ်ဆေးဦးမည် ဖြစ်ပြီး ၂၀၁၈-၁၉ ပညာ သင်နှစ်မှ စကာ ဒုတိယတန်း၊ ၂၀၁၉-၂၀ ပညာသင်နှစ်မှစကာ တတိယတန်းတို့ကို စာမေးပွဲစစ် ဆေးတော့မည်မဟုတ်ပေ။

စနစ်သစ်သင်ရိုးညွှန်းတမ်း အရ ကလေးများ၏တတ်မြောက် မှုကို စစ်ဆေးသည့် စစ်ဆေးနည်း များ ပြောင်းလဲမည်ဖြစ်ပြီး ယခင်ကကဲ့သို့ Assessment (စစ်ဆေးနည်း) ဟုဆိုသည်နှင့် စာမေးပွဲစစ်ခြင်းကိုသာ ဆောင်ရွက် တော့မည်မဟုတ်ဟု ၎င်းက ဆို သည်။

‘‘Assessment ဆိုတာနဲ့ စာ မေးပွဲဆိုတာပဲ ပြေးမြင်တာမျိုး မလုပ်တော့ဘူး။ စာမေးပွဲဆို တာ Assessment ရဲ့အစိတ်အပိုင်း တစ်ခုပဲ။ Assessment လို့ဆိုတာ နဲ့ သင်ကြား သင်ယူမှု လည်း ပါ တယ်။ ကလေးရဲ့ပါဝင်သင်ယူမှု လည်း ပါတယ်။ အဲဒီတော့ တတိ ယတန်းအထိ စာမေးပွဲမစစ်ဘူး။ ဆရာ၊ ဆရာမတွေ တတ်အောင် သင်ပေးရမယ်’’ဟု ဦးမျိုးညွန့်က ပြောသည်။

KG+12 စနစ်အရ ယခင် ၂၀၁၆-၁၇ ပညာသင်နှစ်မှစတင် ကာ သူငယ်တန်း၊ ယခု ၂၀၁၇-၁၈ ပညာသင်နှစ်၌ ပထမတန်း တွင် ကျောင်းသား၊ ကျောင်းသူ များကို သင်ရိုး ညွှန်းတမ်းအသစ် ဖြင့် စတင်သင်ကြားနေသည်။

‘‘အခု သင်ရိုးသစ်မှာက ကလေးကိုယ်တိုင် လက်တွေ့လုပ် တာကို ဦးစားပေးထားတယ်။ တ ကယ်တတ်ဖို့ကို ဦးတည်တာပါ။ အလွတ်ကျက်မှတ်ပြီး ဖြေတာကို ဦးမတည်ပါဘူး။ သင်ရိုးတစ်ခု ပြောင်းလဲတယ်ဆိုရင် သင်ရိုးမှာ ပါတဲ့ အကြောင်းအရာတင် ပြောင်းလဲတာ မဟုတ်ဘူး။ ချဉ်း ကပ်နည်းလည်း ပြောင်းလဲတယ်။ သင်နည်းလည်း ပြောင်းလဲတယ်။ စစ်ဆေးခြင်းလည်း ပြောင်းလဲ တယ်’’ဟု မူလတန်းသိပ္ပံသင်ရိုး ရေးဆွဲရေးအဖွဲ့မှ ဒေါက်တာကေသီမော်က ပြောကြားသည်။

ယင်းသင်ရိုးသစ်အရ မူလ တန်းအောက်ဆင့်တွင် သီးခြား စာမေးပွဲထပ်မံကျင်းပရန် မလိုဘဲ သင်ကြားနေစဉ် စာသင်ခန်းအ တွင်း အမေး၊ အဖြေလုပ်ကာ စစ်ဆေးမှုမျိုးဖြင့် တတ်မြောက်မှု တိုင်းတာခြင်းသည် လုံလောက် သည်ဟု ဒေါက်တာကေသီမော် က ဆိုသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7day daily

News Read 8423 times