ပညာရေးကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှုများပိုမိုဝင်ရောက်လာရန် အစိုးရကြိုးပမ်း

ပညာရေးကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှုများပိုမိုဝင်ရောက်လာရန် အစိုးရကြိုးပမ်း

ပညာရေးနှင့်သက်ဆိုင်သည့်ဥပဒေများက လက်ရှိအချိန်တွင်မူကြမ်းအဆင့်သာရှိနိုင်သော်လည်း နိုင်ငံခြားကျောင်းများက မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် အမိန့်ကြော်ငြာစာထုတ်ပြန်ပေးခြင်းဖြစ်ကြောင်း

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ကပြောသည်။အမိန့်ကြော်ငြာစာထုတ်ပြန်ရန် ပညာရေးဝန်ကြီးဌာနနှင့်ရှေ့နေချုပ်ရုံးတို့မှ သဘောထားမှတ်ချက်များတောင်းယူပြီး

ဆောင်ရွက်ခြင်းဖြစ်သည်ဟု ၎င်းကဆက်လက်ပြောသည်။ မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍတွင် စင်ကာပူ၊ ဩစတြေးလျ၊ နယူးဇီလန်စသောနိုင်ငံများက ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေသည်။

‘‘ပုဂ္ဂလိကကျောင်းဥပဒေကြမ်းထဲမှာတော့ ဒီကျောင်းအမျိုးအစားတွေ အကုန်လိုက်နာရမယ့် ဥပဒေတွေ အကုန်ထည့်ဆွဲထားတယ်။ အဲဒီဥပဒေကြမ်းက လောလောဆယ်အတည်မပြုရသေးတဲ့ အနေအထားဆိုတော့

လတ်တလော တည်ဆဲဥပဒေတွေနဲ့အညီ ဆက်စပ်ဆောင်ရွက်ရတာပေါ့။ နိုင်ငံတကာက လာပြီးတော့ ရင်းနှီးမြှုပ်နှံသူပဲဖြစ်ဖြစ်၊ ဖက်စပ်ပဲ ဖြစ်ဖြစ် ဥပဒေနဲ့အညီ လုပ်နိုင်အောင် သူတို့ကိုပါ ပုဂ္ဂလိကကျောင်းဥပဒေထဲ

ထည့်ဆွဲထားတယ်။ ကျောင်းအမျိုးအစားတွေအားလုံး ဒီထဲပါပေမယ့် ဒီဥပဒေနဲ့တင်ပြီးမသွားဘူး။ ကျောင်းအမျိုးအစားအလိုက် နည်းဥပဒေတွေထွက်လာဦးမှာ’’ ဟု ပညာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကပြောသည်။

‘‘နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုလည်း ခေါ်ချင်နေပြီ။ ဒီမှာကလည်း ဒီလိုရင်းနှီးမြှုပ်နှံသူတွေကို ထိန်းကွပ်မယ့်ဥပဒေက ပီပီပြင်ပြင်ပေါ်မလာသေးတော့ ဒီကျောင်းတွေကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အောက် မြန်မြန်ဆွဲထည့်
လိုက်တယ်လို့ ထင်တယ်’’ဟု မန္တလေးတိုင်းဒေသကြီးမှ ကိုယ်ပိုင်ကျောင်းပိုင်ရှင်တစ်ဦးက မှတ်ချက်ပြုသည်။

အစိုးရက နိုင်ငံ့စီးပွားရေးကဏ္ဍစုံအတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နေချိန်တွင်နည်းပညာကျွမ်းကျင်သူများ မွေးထုတ်နိုင်ရန် ပညာရေးဝန်ဆောင်မှုလုပ်ငန်းများကိုပါ စတင်ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း ဦးသန်းအောင်ကျော်ကပြောသည်။

‘‘ဥပမာ တယ်လီကွန်းဆိုရင်လည်းသူနဲ့သက်ဆိုင်တဲ့တက္ကသိုလ်တွေ လာဖွင့်နိုင်မယ်ဆိုရင်နိုင်ငံသားတွေအတွက် အလုပ်အကိုင်၊ အခွင့်အလမ်းတွေ များစွာရနိုင်တာပေါ့’’ဟု ဦးသန်းအောင်ကျော်က ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ

ဖိတ်ခေါ်ရခြင်း၏ရည်ရွယ်ချက်အချို့ကို ပြောပြသည်။

ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရာတွင် ကျွမ်းကျင်သော အတတ်ပညာရှင်၊ အသိပညာရှင်များ မွေးထုတ်ပေးနိုင်သော ပညာရေးတက္ကသိုလ်များ၏ ရင်းနှီးမြှုပ်နှံမှုအခန်းကဏ္ဍကလည်း များစွာအရေးပါသည်ဟု၎င်းကဆိုသည်။

ပညာရေးဝန်ကြီးဌာနနှင့်သက်ဆိုင်ရာဝန်ကြီးဌာနတို့၏သတ်မှတ်သင်ရိုးညွှန်းတမ်း (သို့မဟုတ်) နိုင်ငံတကာသင်ရိုးညွှန်းတမ်းဖြင့်သင်ကြားသောပုဂ္ဂလိကကျောင်းများအဖြစ်ရင်းနှီးမြှုပ်နှံဆောင်ရွက်ခွင့်ပြုမည်ဟုအမိန့်ကြော်ငြာစာတွင်

ဖော်ပြထားသည်။ပညာရေးဝန်ဆောင်မှုလုပ်ငန်းများဖိတ်ခေါ်ရာတွင် ကျောင်းအမျိုးအစား ငါးမျိုးခွဲထားသည်။

အခြေခံပညာပုဂ္ဂလိကကျောင်း၊နည်းပညာနှင့်သက်မွေးဆိုင်ရာပညာရေးနှင့်လေ့ကျင့်ရေးပုဂ္ဂလိကကျောင်း၊အဆင့်မြင့်ပညာပုဂ္ဂလိကကျောင်း၊ ဘာသာရပ်သင်ပုဂ္ဂလိကကျောင်းနှင့် ၀န်ကြီးဌာနကအခါအားလျော်စွာသတ်မှတ်သည့်

ပုဂ္ဂလိကကျောင်းဟူ၍ ငါးမျိုးခွဲထားသည်။

ပုဂ္ဂလိကကျောင်းများ ဖွဲ့စည်းတည်ထောင်ရာတွင် မြန်မာနိုင်ငံသားအဖွဲ့အစည်းတစ်ခု  (သို့မဟုတ်) အဖွဲ့အစည်းများစုပေါင်းထားသည့် မ,တည်ရင်းနှီးငွေ အပြည့်ဖြင့်လည် ဆောင်ရွက်နိုင်သည်။မြန်မာနိုင်ငံသား

 မြန်မာနိုင်ငံသားအဖွဲ့အစည်းများ၊သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများ၊နိုင်ငံခြားသားနှင့်နိုင်ငံခြားသားအဖွဲ့အစည်းများသာမက နိုင်ငံခြားအစိုးရအဖွဲ့အစည်းများနှင့်ပါ မ,တည်ရင်းနှီးငွေဖက်စပ်ပြုလုပ်ပြီးပုဂ္ဂလိကကျောင်းများ

ဖွင့်လှစ်ခွင့်ပြုထားသည်။ထို့အပြင် နိုင်ငံခြားသား၊နိုင်ငံခြားအဖွဲ့အစည်းတစ်ခု၊ နိုင်ငံခြားအဖွဲ့အစည်းများနှင့် နိုင်ငံခြား အစိုးရအဖွဲ့အစည်းများကရာခိုင်နှုန်းအပြည့် မ,တည်ရင်းနှီးငွေဖြင့်လည်း ပုဂ္ဂလိကကျောင်းများဖွင့်လှစ်ခွင့်ပြုမည်ဖြစ်သည်။

‘‘ယှဉ်ပြိုင်မှု ပြင်းထန်လာမယ်။ ပြည်တွင်းသင်ရိုးတွေသင်တဲ့ ကျောင်းတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေနဲ့ ယှဉ်ပြိုင်တာ ခံရမယ်။ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အောက်ရောက်သွားတော့ပရီမီယံကြေးတွေဘာတွေ တင်လာရရင်

SME သဘောမျိုးလုပ်နေတဲ့ပြည်တွင်း ပုဂ္ဂလိကကျောင်းလေးတွေက ပြိုလဲသွားမလားဆိုတဲ့စိုးရိမ်မှုတွေကို အခုကြားနေရပြီ။နိုင်ငံတကာသင်ရိုး သင်နေတဲ့ကျောင်းတွေလည်းယှဉ်ပြိုင်ခံရမယ်လို့ ထင်တယ်။

အခုလောလောဆယ်မှာက သူတို့အနေနဲ့လည်း ဈေးကွက်အရ ပြိုင်ဆိုင်မှုကျဉ်းတယ်’’ဟု ရွှေပညာပုဂ္ဂလိကအထက်တန်းကျောင်း တည်ထောင်သူ ဆရာဦးကျော်မင်းခန့်ကမှတ်ချက်ပြုသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ကြေညာချက်အရပုဂ္ဂလိကကျောင်းများသည် အမျိုးသားပညာရေးဥပဒေနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေများကိုလိုက်နာရမည့် အနေအထားရှိ၍ပုဂ္ဂလိကကျောင်းဖွင့်လှစ်ခွင့်များကျပ်တည်းလာနိုင်သည့်

သဘောရှိသည်ဟု ၎င်းကဆိုသည်။မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းတည်ထောင် ဖွင့်လှစ်သူများအတွက်ပြည့်စုံသည့် သတင်းအချက်အလက်များပေးနိုင်ရန်သုံးပွင့်ဆိုင်
ဖိုရမ်တစ်ခု ပြုလုပ်သင့်သည်ဟုမြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ် အတွင်းရေးမှူးက အကြံပြုသည်။

ပုဂ္ဂလိကကျောင်းဖွင့်လှစ်လိုသူများသည်မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်နည်းဥပဒေများ၊မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်ထားသည့်အမိန့်ကြော်ငြာစာများနှင့်အမျိုးသားပညာရေးဥပဒေ ၂၀၁၄ တို့ကိုလိုက်နာ

ဆောင်ရွက်ရမည်ဟုလည်းဖော်ပြထားသည်။ပုဂ္ဂလိကကျောင်းနှင့် သက်ဆိုင်သည့်ဥပဒေ၊ နည်းပညာ၊သက်မွေးပညာရေး၊ လေ့ကျင့်ရေးနှင့်သက်ဆိုင်သောဥပဒေ၊အဆင့်မြင့်ပညာရေးနှင့်သက်ဆိုင်သော

ဥပဒေပြဋ္ဌာန်းပြီးပါကယခုအမိန့်ကြော်ငြာစာက အကျိုးသက်ရောက်မှု ရှိမည်မဟုတ်ဟုလည်း ဖော်ပြထားသည်။

Source;7Day Daily

News Read 1251 times