အခြေခံပညာကျောင်းများရှိ မူလတန်းပြဆရာဖြစ်လက်မှတ်မရှိသည့် ဆရာ၊ ဆရာမ ၂၈,၀၀၀ ကျော်အား သင်တန်းပေးမည်

အခြေခံပညာကျောင်းများရှိ မူလတန်းပြဆရာဖြစ်လက်မှတ်မရှိသည့် ဆရာ၊ ဆရာမ ၂၈,၀၀၀ ကျော်အား သင်တန်းပေးမည်

ပညာရေးဝန်ကြီးဌာန အောက်ရှိ ကျောင်းများတွင် ဆရာဖြစ်လက်မှတ်မရှိသေးသည့် မူလ တန်းပြ ဆရာ၊ ဆရာမ ၂၈,၄၄၅ ဦးရှိနေရာ ဆရာဖြစ်လက်မှတ်မရှိ သည့် ဆရာ၊ ဆရာမများ ပပျောက်ရေးနှင့် မူလတန်းအဆင့်ဘာသာ ရပ်များကို စနစ်တကျသင်ပြနိုင် မည့် မူလတန်းပြဆရာများ လေ့ကျင့်မွေးထုတ်ရေး အဆိုပါစာပေး စာယူသင်တန်းများ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

 ‘‘နေ့စားလပေး ဆရာ၊ ဆရာမတွေ ခန့်လိုက်တော့ သူတို့ က ဆရာဖြစ်သင်တန်းလက်မှတ် မရှိဘူး ဖြစ်နေတာ။ အခြေခံပညာ ဦးစီးဌာနရဲ့ စာရင်းအရ ဆရာဖြစ် လက်မှတ်မရှိသေးတဲ့သူ ၂၈,၀၀၀ ကျော်ကို အခုသင်တန်းစပေး တော့မှာ။ အဓိကကတော့ နေ့စား လပေး ဆရာ၊ ဆရာမတွေပေါ့။ တခြားပညာရေး ကောလိပ်ဆင်း တွေကတော့ ဆရာဖြစ်လက်မှတ် တွေ ရှိပြီးသားပါ’’ဟု ဒေါက်တာ အောင်အောင်မင်းက ပြောသည်။

READ - အဝေးသင်တက္ကသိုလ် အနီးကပ်ပို့ချသင်တန်းနှင့် စာမေးပွဲကျင်းပမည့်ရက် အသေးစိတ်အစီအစဉ်ကို သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် ကြေညာထားမည်

မူလတန်းဆရာအတတ် စာ ပေးစာယူသင်တန်းကို တစ်နိုင်ငံ လုံးရှိ ပညာရေးကောလိပ် ၂၃ ခု တွင် ၂၀၁၇ အောက်တိုဘာ ၁ ရက်မှ ၈ ရက်အထိ တစ်ကြိမ်၊ ၂၀၁၈ ဧပြီ ၂၅ ရက်မှ မေလ ၁၀ ရက်အထိ တစ်ကြိမ် နှစ်ကြိမ်ခွဲ တက်ရောက်ရမည်ဖြစ်ပြီး ၂၀၁၈-၁၉ ပညာသင်နှစ် ဇွန်လနှင့် ဇူလိုင်အတွင်း မိမိတာဝန်ထမ်း ဆောင်ရာ အခြေခံပညာကျောင်း များတွင် လက်တွေ့တန်းပြ လေ့ ကျင့်ရမည်ဖြစ်သည်။

သင်တန်းတက်ရောက်ရ မည့်သူစာရင်းကို တိုင်းဒေသကြီး နှင့် ပြည်နယ်ပညာရေး ညွှန်ကြား ရေးမှူးများ၊ မြို့နယ်ပညာရေးမှူး များက စိစစ်ကာ အဆင့်မြင့်ပညာ ဦးစီးဌာနသို့ တင်ပြရမည်ဖြစ်ပြီး သင်တန်းသားများသည် အောက် တိုဘာ ၁ ရက်တွင် သက်ဆိုင်ရာ ပညာရေးကောလိပ်များတွင် သင် တန်းစတင် တက်ရောက်ကာ ပြဋ္ဌာန်းစာအုပ်နှင့် စာစဉ်မေးခွန်း များထုတ်ယူရမည်ဖြစ်သည်။

 ‘‘နေ့စားလပေး ဆရာ၊ ဆရာမတွေကိုက ဘွဲ့ရရင် လျှောက်လို့ရတယ်။ ရေးဖြေ၊ နှုတ်ဖြေနဲ့ စိစစ်ပြီးတာနဲ့ တန်းခန့်တာ။ ဆရာဖြစ်သင်တန်း မပြီးသေး တော့ သင်ကြားရေး အခက်အခဲ ကတော့ ရှိတယ်’’ဟု အလက (၂) မိတ္ထီလာမှ အလယ်တန်းပြဆရာမ တစ်ဦးက ပြောသည်။

အခြေခံပညာကဏ္ဍတွင် ဆရာ၊ ဆရာမ လိုအပ်ချက်အရ ၂၀၁၄-၁၅ ပညာသင်နှစ်က စ၍ ဘွဲ့ရပြီးသူများကို နေ့စားလပေး မူလတန်းပြများအဖြစ် ခေါ်ယူခဲ့သည်။

နေ့စားလပေးမူလတန်းပြ ရာထူးနေရာများအတွက် အသက်(၄၀)နှစ်နှင့်အောက် ပါရဂူဘွဲ့ရ များ၊ အသက် (၃၅)နှစ်နှင့်အောက် မဟာဘွဲ့ရများ၊ အသက် (၃၀)နှစ် နှင့်အောက် ဝိဇ္ဇာ၊ သိပ္ပံဘွဲ့ရများ ကို ရေးဖြေ၊ နှုတ်ဖြေ စစ်ဆေး၍ ခန့်ထားကာ မြို့နယ်အခြေပြု ဆရာအတတ်ပညာသင်တန်းများ တက်ရောက်ပြီးဆုံးပါက နေ့စား လပေးမူလတန်းပြမှ နိုင်ငံ့ဝန်ထမ်းမူလတန်းပြအဖြစ် ခန့်ထားသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7 day daily

News Read 8529 times