အသစ်ပြဌာန်းမည့် Grade-2 သင်ရိုးသစ်အတွက် နိုင်ငံတစ်ဝန်းရှိ မူလတန်းပြ ဆရာ၊ ဆရာမများကို သင်တန်းပို့ချပေးမည်

အသစ်ပြဌာန်းမည့် Grade-2 သင်ရိုးသစ်အတွက် နိုင်ငံတစ်ဝန်းရှိ မူလတန်းပြ ဆရာ၊ ဆရာမများကို သင်တန်းပို့ချပေးမည်

Grade-2 သင်ရိုးသစ် အခြေခံပညာမူလတန်းရှိ ဆရာ၊ ဆရာမအားလုံးကို Grade-2 သင်ရိုးသစ် သင်တန်းပေးမည် ဖြစ်ရာ ယခုပညာသင်နှစ်တွင် ဆရာ၊ ဆရာမ ၂၅၀၀၀၀ ခန့် သင်တန်းပေးရန် ရည်ရွယ်ထားကြောင်း သိရသည်။

မတ်လကုန်နှင့် မေလနောက်ဆုံးပတ်မရောက်မီ သင်တန်းများကို အပြီးသတ်ပို့ချမည်ဖြစ်ပြီး သင်တန်းတစ်ခုလျှင် ရက်သတ္တနှစ်ပတ်ကြာ သင်ကြားပေးမည်ဖြစ်သည်။

READ - လိုအပ်လျက်သော ဆရာ၊ ဆရာမများ ခန့်ထားခွင့်ရရှိရေး ဆောင်ရွက်လျက်ရှိ

“၂၀၁၇ ခုနှစ် ဒီဇင်ဘာလထဲမှာ ကြီးကြပ်သူ သင်တန်းပေးနေပြီ။ ကြီးကြပ်သူတွေဆိုတာက နောက်ဆင့်ပွားသင်တန်း တွေမှာ နောက်ဘာလုပ်ရမလဲဆိုတာ အသိပေးတယ်။ ပညာရေးကောလိပ်က ဆရာ၊ ဆရာမတွေကို ခေါ်ပြီး သင်တန်းပေးတယ်။ သူတို့က ဒီသင်တန်းတက်ပြီးရင် မတ်လထဲ တိုင်းဒေသကြီးနဲ့ ပြည်နယ်မှာ အခြေခံပညာ မူလတန်းအဆင့် ဆရာ၊ ဆရာမတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် သင်တန်းပေးမယ်။ အဲဒီကတက်သွားတဲ့ ဆရာ၊ ဆရာများက မြို့နယ်အဆင့်သင်တန်းပေမယ်။ မြို့နယ်အဆင့်တက်လာတဲ့လူတွေက ကျောင်းအုပ်စု အဆင့် သင်တန်းပေးမယ်။ သင်တန်းတစ်ခုကို ရက်သတ္တနှစ်ပတ်ကြာမယ်” ဟု ပြောသည်။

ယခင်နှစ် Grade-1 သင်ရိုးသစ်အတွက် Grade-1 သင်မည့် ဆရာ၊ ဆရာမတစ်ဦးနှင့် တခြားအပိုတစ်ဦး၊ တစ်ကျောင်းလျှင် နှစ်ဦးသာ သင်တန်းပို့ချပေးခဲ့သည့်အတွက် သင်တန်းတက်သော ဆရာ၊ ဆရာမများ ကျောင်းပြောင်းသွားခြင်း၊ ရာထူးတိုးသွားခြင်းနှင့် တွေ့ကြုံရပါက သင်ကြားရေးတွင် အခက်အခဲများရှိသဖြင့် ယခုနှစ်တွင် အခြေခံပညာမူလတန်းအဆင့် ဆရာ၊ ဆရာမများအားလုံးကို Grade-2 သင်ရိုးသစ်အတွက် သင်တန်းပို့ချပေးမည် ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: မြ၀တီ

News Read 2191 times