Sales Hotline : 09448001653       Download App



ကိုရီးယားနိုင်ငံနှင့် အစိုးရ G to G စနစ်ဖြင့် ၀ယ်ယူထားသည့် ကျောင်းကားများ လာမည့် ပညာသင်နှစ်အတွင်း စတင်ပြေးဆွဲမည်

ကိုရီးယားနိုင်ငံနှင့် အစိုးရ G to G စနစ်ဖြင့် ၀ယ်ယူထားသည့် ကျောင်းကားများ လာမည့် ပညာသင်နှစ်အတွင်း စတင်ပြေးဆွဲမည်

ထိုကားများကို အခြားမြို့နယ်များမှ လာတက်သည့် ကျောင်းသားအများဆုံးနှင့် ယာဉ်ကြောကျပ်တည်းမှု အများဆုံးဖြစ်လေ့ရှိသည့် နန်ယမ်၊ ဒဂုံ (၁)၊ အ.ထ.က (၂) ကမာရွတ် နှင့် TTC ကျောင်းတို့တွင် ဦးစားပေးအဆင့်အနေဖြင့် လာမည့်ပညာသင်နှစ်မှ စတင်ပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

“ဒီကျောင်းကားစနစ်က အိမ်တွေမှာကျောင်းသားတွေ လိုက်မခေါ်ပေးဘူး။ သတ်မှတ်စုရပ်လေးတွေ လုပ်ပေးမယ်။ ကား ၂၀၀ နဲ့ စပြေးဆွဲပေးမယ်ဆိုတာထက် အဲဒီကျောင်းလေးကျောင်းကတော့ ပထမဦးစားပေးပေါ့။ ဒီစနစ်အောင်မြင်တယ်ဆိုရင် ကားစီးရေတွေ ထပ်တိုးမယ်” ဟုပြောသည်။

READ - မူလတန်းကျောင်းသားများ ကျောပိုးအိတ်ဒဏ်မပိစေရေး အချိန်ဇယားရေးဆွဲ၍ စာသင်ရန် ညွှန်ကြား

ယင်းကားများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရမတည်ရင်းနှီးငွေ ကျပ် ၅ ဘီလီယံ ပါဝင်သော ရွှေလက်ကျောင်းကားလုပ်ငန်း အများပိုင်ကုမ္ပဏီက တာဝန်ယူပြေးဆွဲမည် ဖြစ်သည်။

သို့သော် ကိုရီးယားနိုင်ငံမှ ၀ယ်ယူထားသည့် ဟွန်ဒိုင်းကုမ္ပဏီထုတ်ကျောင်းကားများကို ပုဂ္ဂလိက လုပ်ငန်းရှင်များထံ ပြန်လည်ရောင်းချပေးရန် အစီအစဉ်မရှိကြောင်း ပြောသည်။

တစ်ဦးချင်းပိုင် ကျောင်းကားများတွင် လိုက်ထရပ်အုပ်စုဝင်ကားများဖြင့် ကျောင်းကားပြေးဆွဲခြင်းကိုမူ လာမည့်ပညာသင်နှစ်တွင် လုံးဝခွင့်ပြုမည်မဟုတ်သောလည်း ကညန၏ သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီသော တစ်ဦးချင်းပိုင်လိုက်ထရပ်မဟုတ်သည့် ကျောင်းကားများကိုမူ ဆက်လက်ပြေးဆွဲခွင့်ပြု သွားမည်ဖြစ်သည်။

လက်ရှိ ကျောင်းကားစနစ်သည် ကျောင်းသား၊ မိဘ၊ ဆရာ၊ ဆရာမများအကြား နားလည်မှုဖြင့် ဆောင်ရွက်နေကြခြင်းဖြစ်သည့်အတွက် ကျောင်းကားစနစ်ကို စနစ်တကျ ဆောင်ရွက်နိုင်ရန် ယခုပညာသင်နှစ်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကျောင်း ၂၂ ကျောင်းမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံမှ အစိုးရချင်းဝယ်ယူထားသည့် ဟွန်းဒိုင်းကားကုမ္ပဏီထုတ် ကျောင်းကားကြီး အစီး ၂၀၀ ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ဇူလိုင် ၂၇ ရက် နံနက်ပိုင်းက လွှဲပြောင်းပေးအပ်ခဲ့သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 1419 times