စတုတ္ထတန်းနှင့် အဋ္ဌမတန်းအပါအဝင် အခြေခံပညာအတန်းအားလုံး ဇူလိုင်ကစ၍ ကုစားသင်ကြားမည်

စတုတ္ထတန်းနှင့် အဋ္ဌမတန်းအပါအဝင် အခြေခံပညာအတန်းအားလုံး ဇူလိုင်ကစ၍ ကုစားသင်ကြားမည်

ကျောင်းဖွင့်ပြီး နှစ်လအတွင်း ကျောင်းသား၊ ကျောင်းသူများ၏ သင်ယူမှုအခြေအနေကို အကဲဖြတ်၍ ၎င်းတို့ အားနည်းသော ဘာသာရပ်များကို အချိန်ပို ခေါ်ယူကာ ကုစားသင်ကြားပေး ရန် စီစဉ်ထားသည်။

ဧပြီ ၅ ရက်နှင့် ၆ ရက်က နေပြည်တော်တွင် ကျင်းပသော ပထမတန်းသင်ရိုးသစ် တိုင်းအ ဆင့် ဆွေးနွေးပွဲ၌ ပညာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဇူလိုင် တွင် ကုစားသင်ကြားမှုများ စတင်ဆောင်ရွက်ရန် ပြောကြားချက်အ ပေါ် အခြေခံပညာဦးစီးဌာနက မေလ ၄ ရက်၌ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံးများသို့ ညွှန်ကြားချက်ပေးပို့ထားခြင်းဖြစ် သည်။

‘‘ကြိုတင်ကုစားဆိုတာက ပြီးခဲ့တဲ့နှစ်က စလုပ်တာ။ ပြီးခဲ့တဲ့ နှစ်ကတော့ ပထမနှစ်ဝက်စာမေး ပွဲအပြီး နိုဝင်ဘာလလောက်မှ စတယ်။ ဒီနှစ်တော့ ဇူလိုင်လက တည်းက ကုစားသင်ကြားမှုတွေ လုပ်ဖို့ ညွှန်ကြားထားတယ်’’ဟု မန္တလေးတိုင်းဒေသကြီး ပညာရေး မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ကြိုတင်ကုစားသင်ကြား သည့်စနစ်ကို ၂၀၁၆-၁၇ ပညာ သင်နှစ်က စတင်ပြုလုပ်ခဲ့ပြီး အောက်တိုဘာအတွင်း ကျင်းပ သည့် ပထမအစမ်း စာမေးပွဲတွင် အားနည်းသော ကျောင်းသား၊ ကျောင်းသူများကို ၎င်းတို့ အား နည်းသော ဘာသာရပ်အလိုက် နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ သုံးလအတွင်း အချိန်ပိုများ ခေါ်ယူကာ ဆရာ၊ ဆရာမများက ပြန် လည်သင်ကြားပေးခဲ့သည်။

‘‘မနှစ်ကတော့ နှစ်ဆုံးစာ မေးပွဲမဖြေခင် သုံးလလောက်အ လိုကတည်းက အချိန်ပိုခေါ်သင် ပေးရတယ်။ ဒီနှစ်တော့ ဇူလိုင်လ ကတည်းက လုပ်မယ်လို့ အစည်း အဝေးမှာ တစ်ခါကြားပေမယ့် ကျောင်းအုပ်တွေဆီကို အတိအ ကျ လမ်းညွှန်ချက်တော့ မလာ သေးဘူး။ ကုစားသင်ကြားရမယ် လို့ လမ်းမညွှန်လည်း ကျောင်း တွေက ကျောင်းသားအားနည်းရင် ဂရုစိုက်ပြန်သင်ပေးကြတာပါပဲ’’ ဟု ရန်ကုန်တိုင်းဒေသကြီး ဗိုလ် တထောင်မြို့နယ်မှ အထက်တန်း ကျောင်းအုပ်ဆရာကြီးတစ်ဦးက ပြောသည်။

အခြေခံပညာ စတုတ္ထတန်း နှင့် အဋ္ဌမတန်း အတန်းတင်စာ မေးပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် မေးခွန်းများဖြင့် ၂၀၁၄-၁၅ ပညာသင်နှစ်က စတင်၍ စစ်ဆေးခဲ့ပြီး အဆိုပါစာ မေးပွဲ၌ ကျရှုံးသူများကို စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ပြီးမှ ၁၀ ရက်ခန့် ကုစားသင်ကြားခြင်း များပြုလုပ်ကာ ပြန်လည်ဖြေဆို သည့် အစီအစဉ်ကို ကျင့်သုံးခဲ့ရာ ဝေဖန်မှုများ ရှိခဲ့သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7 day daily

News Read 5830 times