စတုတ္ထတန်းနှင့် အဋ္ဌမတန်း ကျောင်းထွက်ထားသူများ အသက်ကန့်သတ်ချက်မရှိ ပြင်ပဖြေဆိုခွင့်ပြုမည်

စတုတ္ထတန်းနှင့် အဋ္ဌမတန်း ကျောင်းထွက်ထားသူများ အသက်ကန့်သတ်ချက်မရှိ ပြင်ပဖြေဆိုခွင့်ပြုမည်

တတိယတန်းအောင်မြင်ပြီး ကျောင်းထွက်ထားသူများနှင့် သတ္တမတန်း အောင်မြင်ပြီး ကျောင်းထွက်ထားသူများ ၂၀၁၈ ဖေဖော်ဝါရီတွင် ကျင်းပမည့် စတုတ္ထတန်းနှင့် အဋ္ဌမတန်း အရည်အချင်းစစ် စာမေးပွဲများတွင် ဝင် ရောက်ဖြေဆိုနိုင်သည်။

ဖြေဆို ရန် စာရင်းသွင်းမှုကို မြို့နယ် ပညာရေးမှူးရုံးများမှတစ်ဆင့် လျှောက်ထားနိုင်ပြီး စာရင်းပိတ် ရက်ကို သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံးများတွင် စုံစမ်းနိုင် ကြောင်း ၎င်းကဆိုသည်။

READ - ရန်ကုန်စီးပွားရေးတက္ကသိုလ်က ဒီပလိုမာသင်တန်းများအတွက် လျှောက်လွှာခေါ်ယူ

ပညာရေးဝန်ကြီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ အခြေခံပညာကျောင်းများသို့ ဝင် ရောက်လာစေရေးနှင့် ကျောင်း ထွက်နှုန်းများ လျော့နည်းစေရန်၊ ကျောင်းနေနှုန်းများ မြင့်မားလာ စေရန် ဆောင်ရွက်နေရာ အကြောင်း အမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေပါက ပြန်လည် ဝင်ရောက်လာရန် ပြင် ပဖြေအဖြစ် ဖြေဆိုခွင့်ပြုခြင်းဖြစ် သည်။

စတုတ္ထတန်းနှင့်အဋ္ဌမတန်း ကျောင်းထွက်ထားသူများအား ပြင်ပဖြေဆိုခွင့်ပြုရန် မြန်မာနိုင်ငံ စာစစ်ဦးစီး ဌာနက ပညာရေးမှူးရုံး များ၊ အခြေခံပညာကျောင်းများ သို့ ဖြန့်ဝေထားသည့် အခြေခံ ပညာမူလတန်းအဆင့်နှင့် အခြေခံ ပညာအလယ်တန်းအဆင့် လုပ် ငန်းလက်စွဲစာအုပ်များတွင် ထည့် သွင်းညွှန်ကြားထားကြောင်း ဦး မျိုးညွန့်ကပြောသည်။

‘‘အရင်နှစ်တွေက ကိုးတန်း အပြင်ဖြေတော့ရှိတယ်။ ရှစ်တန်း က အပြင်ဖြေရှားတယ်။ ဖြေချင် တဲ့ ကလေးတွေ စာရင်းလာပေး ရင်တော့ သူတို့အဆင်ပြေတဲ့ ကျောင်းမှာ ဖြေခွင့်ပေးဖို့အစည်း အဝေးမှာ မှာထားတယ်’’ ဟု ရှမ်း ပြည်နယ်မြောက်ပိုင်း ပညာရေး မှူးရုံး ညွှန်ကြားရေးမှူး (စီမံ) ဒေါ်ခင်ဝင်းကြည်က ပြောသည်။

အခြေခံပညာ စတုတ္ထတန်း နှင့် အဋ္ဌမတန်းကို ၂၀၁၄-၁၅ ပညာသင်နှစ်က တိုင်းဒေသကြီး နှင့် ပြည်နယ်အဆင့် မေးခွန်းများ ဖြင့်အစိုးရစစ် စာမေးပွဲအဖြစ် စတင်စစ်ဆေးခဲ့သည်။

ယခုပညာသင်နှစ်ကစတင် ကာ အခြေခံပညာအတန်းများကို တစ်နှစ်လျှင် စာမေးပွဲလေးကြိမ်သာ စစ်ဆေးရမည်ဖြစ်ပြီး ဇူလိုင်နှင့် ဒီဇင်ဘာတွင် အခန်းဆုံးစစ်ဆေးခြင်း၊ အောက်တိုဘာတွင် ပထမနှစ်ဝက် စစ်ဆေးခြင်း၊ ဖေဖော်ဝါရီတွင် နှစ်ဆုံးစစ်ဆေးခြင်းတို့ ပြုလုပ်ရမည်ဟု အခြေခံပညာ ဦးစီးဌာနက ဇွန်လအတွင်း ကြေညာထားသည်။

ပြင်ပဖြေဆိုသူများသည် ဖေဖော်ဝါရီတွင်ကျင်းပမည့် နှစ်ဆုံးစစ်ဆေးခြင်း (ခေါ်) အရည် အချင်းစစ် စာမေးပွဲကိုသာ ဖြေဆို ရမည်ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7day daily

News Read 2152 times