ပထမတန်းသင်ရိုးညွှန်းတမ်းအသစ်တွင် ကလေးများ တွေးခေါ်ဆုံးဖြတ်သိနိုင်မည့် သင်ရိုးများကို ထည့်သွင်းထား

ပထမတန်းသင်ရိုးညွှန်းတမ်းအသစ်တွင် ကလေးများ တွေးခေါ်ဆုံးဖြတ်သိနိုင်မည့် သင်ရိုးများကို ထည့်သွင်းထား

သင်္ချာဘာသာရပ် သင်ကြားရာတွင် စိတ်တွက်သင်္ချာနည်းကို သင်ထောက်ကူ ပစ္စည်းများဖြင့် သင်ကြားမည်ဖြစ်ပြီး တွေးခေါ် စဉ်းစားနိုင်မှုစွမ်းရည် ပိုမိုကောင်း မွန်လာမည် ဖြစ်ပါတယ်။

စိတ်တွက်နဲ့ သင်ကြားပေး တဲ့အတွက် အမှားအမှန်ကို ဆရာ က မပြောဘဲနဲ့ ကလေးက ကိုယ် တိုင်ရှာတွေ့လာမယ့် ပုံစံဖြစ်ပြီး ဆရာက ထပ်ဆောင်းပြီး လမ်းကြောင်းမှန် ကို ပြပေးရမည် ဖြစ်ပါတယ်။

ပထမတန်း သင်ရိုးညွှန်း တမ်းအသစ်တွင် ကလေးကိုယ် တိုင်တင်ပြသော စွမ်းရည်စနစ် များ ပါဝင်မည်ဖြစ်ပြီး ကျောင်း၌ သင်ထောက်ကူ ပစ္စည်းစုံလင်စွာဖြင့် ကလေးနားလည်အောင် သင်ကြားမည်ဖြစ်၍ ကျူရှင်စနစ် လျော့ပါးနိုင်ပါတယ်။

ရှေ့ထွက် စကားပြောရဲတဲ့ စွမ်း ရည်ကို ကလေးတွေရအောင် ဆရာတို့က Presentation Skills တွေပါ သင်ရိုးသစ်မှာ ထည့်ထားပါတယ်။

သိပ္ပံပညာရပ်ကို ကျောက်သင်ပုန်းပေါ်တွင် ချရေးပြီး သင်ကြားခြင်းထက် လက်တွေ့လုပ်ဆောင်ခြင်းမှ ရရှိလာသော သီအိုရီ နည်းဖြင့် သင်ကြားခြင်းဆောင် ရွက်မည် ဖြစ်ပါတယ်။

သိပ္ပံကို ဘယ်လိုသင်လဲ ဆို ရင် အားလုံးလည်း သိပြီးသားပဲ။ တော်တော်များများက ကျောက်သင်ပုန်းမှာ ရေးမယ်၊ ကလေးက ကျက်မယ်၊ ကျက်ပြီးတော့ ပြန်ဖြေမယ်။

တစ်ကယ်တော့ သိပ္ပံကို သိပ္ပံနည်းကျအတိုင်း သင်ရမှာပါ။ သင်ထောက်ကူက ကြီးကြီးမားမား ပံ့ပိုးပေးစရာ မလိုပါဘူး။

အပင်အကြောင်းသင်ရင် ကလေးတွေက အပြင်ထွက်မယ်၊ အပင်လေးတွေရဲ့ ဖွဲ့စည်းပုံကို ကြည့်မယ်။

အကောင်အကြောင်းသင် မယ်ဆိုရင် ကလေးတွေအတွက် အန္တရာယ်မဖြစ်စေတဲ့ အကောင် လေးတွေသုံးမယ်။ မရရင် ရော် ဘာအရုပ်ကလေးတွေ သုံးပြီးသင်ကြားရမည် ဖြစ်ပါတယ်။

ပထမတန်း သင်ရိုးညွှန်း တမ်းရေးဆွဲရာတွင် အခြေခံပညာ ကျောင်းများရှိ ဆရာ၊ ဆရာမများ ၏သင်ကြားရေး ပိုမိုကောင်းမွန် လာစေရန် ပံ့ပိုးနိုင်သည့် သင်ကြားရေး အထောက်အကူပြုစနစ် တစ်ရပ် ဖန်တီး အကောင်အထည် ဖော်ရန်နှင့် ကျောင်းသားများ၏ သင်ယူတတ်မြောက်မှုကို ထိရောက်စွာ ပံ့ပိုးနိုင်သော စစ်ဆေး အကဲဖြတ်မှုစနစ်တစ်ခု ဖြစ် အောင် ပြုလုပ်ပြောင်းလဲရန် ဘက်စုံလွှမ်းခြုံသော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်းအဖွဲ့ (CESR) က အကြံပြုထားသည်။

ပညာရေးဝန်ကြီးဌာန၏ အခြေခံပညာကဏ္ဍ ပညာရေးပြုပြင် ပြောင်းလဲရေး အစီအစဉ်တစ်ခု ဖြစ်သည့် သူငယ်တန်းအပေါင်း ၁၂ တန်း (KG+12) ပညာရေးသည် ယခုပညာသင်နှစ်တွင် သူငယ်တန်း (KG)ကို သင်ရိုးညွှန်း တမ်းအသစ်ဖြင့် စတင်သင်ကြား ခဲ့ပြီး အဆိုပါကျောင်းသားများသည် လာမည့် ၂၀၁၇-၂၀၁၈ ပညာ သင်နှစ်တွင် ပထမတန်း(Grade -1) ကို ဆက်လက်တက်ရောက်ရမည် ဖြစ်သည်။ 

လက်ရှိတွင် မူလတန်းသင်ရိုးသစ် သင်ကြားနိုင်ရန် တစ်နိုင်ငံလုံးရှိ ဆရာ၊ ဆရာမ သုံးသိန်း ကျော်အား သင်တန်းများ ပို့ချမည်ဟု သတင်းရရှိသည်။ 

Source: 7 day daily

News Read 2869 times