ပထမတန်းသင်ရိုးအသစ်တွင် သင်ကြားသင်ယူမှုစွမ်းရည်ကို မြှင့်တင်နိုင်သည့် အကြောင်းအရာများသာ ပြောင်းလဲထား

ပထမတန်းသင်ရိုးအသစ်တွင် သင်ကြားသင်ယူမှုစွမ်းရည်ကို မြှင့်တင်နိုင်သည့် အကြောင်းအရာများသာ ပြောင်းလဲထား

သင်ရိုးအသစ်က လုံးဝအသစ်စက်စက်ကြီး ပြောင်းလဲလိုက်တာမျိုး မဟုတ်ပါဘူး။ သင်ရိုးအဟောင်းရဲ့ ကျောရိုးကို မပျက်စေဘဲ ယူထားပါတယ်။

ကလေးရဲ့စဉ်းစားနိုင်စွမ်း၊ သင်ယူနိုင်စွမ်းကို မြှင့်တင်ပေးနိုင်မယ့်အကြောင်းအရာများကို ပြောင်းလဲထားပါသည်။

သင်ကြားပုံသင်ကြားနည်းတွေ၊ ဆန်းစစ်တာတွေကိုလည်း ပြောင်းထားပါသည်။

သင်ရိုးအသစ်တွင် ဘာသာရပ် ကိုးခုရှိသော်လည်း ဘာသာရပ်ငါးခုကိုသာ အဓိကထားသင်ကြားသွားမည် ဖြစ်ပါသည်။

သင်ရိုးအသစ်တွင် ပါဝင်သော ဘာသာရပ်များမှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ ဘ၀တွက်တာ ကျွမ်းကျင်စရာ၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ကာယ၊ ရသ (ပန်းချီနှင့် ဂီတ) တို့ ဖြစ်ပါသည်။

ပထမတန်း သင်ရိုးကို သင်ရိုးအသစ်ဖြင့် သင်ကြားမည်ဖြစ်ပြီး အသစ်ရေးဆွဲထားသော သင်ရိုးတွင် ဘာသာရပ် ကိုးခု ရှိမည်ဖြစ်ပြီး အသစ်ရေးဆွဲထားသော သင်ရိုးသည် ကျောင်းသား၊ ကျောင်းသူများ၏ တွေးခေါ်စဉ်းစားနိုင်မှု၊ အသိပညာများ ရရှိစေနိုင်ရန်အတွက် ရေးဆွဲထားပါသည်။

ထို သင်ရိုးအသစ်၏ ရေးဆွဲထားမှုနှင့် ရည်ရွယ်ချက်များ၊ သင်ရိုး၏ သဘောတရားများကို ဆရာ၊ ဆရာမများအား ပြန်လည်သင်တန်း ပို့ချသွားမည်ဖြစ်ပါသည်။

ယခုပညာသင်နှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကေဂျီတန်းတွင် ကျောင်းသား၊ ကျောင်းသူ ၁ ဒသမ ၀၇ သန်း ရှိနေပါသည်။

ထိုကျောင်းသား၊ ကျောင်းသူများသည် ပထမတန်းသင်ရိုးအသစ်ကို စတင်သင်ကြားရမည် ဖြစ်ပါသည်။

Source: democracy today

News Read 3043 times