တိုင်းရင်းသားဒေသတွေက ကျောင်းတွေမှာ ဒေသခံတိုင်းရင်းသားတွေကို လက်ထောက် ဆရာခန့်မယ်

တိုင်းရင်းသားဒေသတွေက ကျောင်းတွေမှာ ဒေသခံတိုင်းရင်းသားတွေကို လက်ထောက် ဆရာခန့်မယ်

တိုင်းရင်းသားဒေသတွေရှိ အခြေခံပညာကျောင်းတွေမှာ သင်ကြားသင်ယူမှုလွယ်ကူစေဖို့ တိုင်းရင်းသားဘာသာ စကားပြော ဆိုနိုင်တဲ့ ဒေသခံတိုင်းရင်းသားတွေကို လက်ထောက်ဆရာ (Teaching Assistant) အဖြစ် ခန့်အပ်မယ်လို့ အခြေခံပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်နိုင်စိုးက ပြောကြားထားပါသည်။

READ - ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးဒီဂရီကောလိပ်တို့၌ ပထမနှစ်ဝိဇ္ဇာသိပ္ပံနှင့် အေဂျီတီအိုင်သင်တန်းများအတွက် ပဏာမသင်တန်းသား ၄၀၀ ကျော် ရွေးချယ်မည်

‘မနှစ်တုန်းက အချိန်ပိုင်းအအနေနဲ့ ၀င်သင်ပေးတဲ့တိုင်းရင်းသား ဒေသခံစာရင်းတွေရှိတယ်။ အဲဒီ စာရင်းအရ ခန့်အပ်မှာပါ။ စာရင်း ပြုစုထားပြီးပါပြီ။ သိပ်မကြာခင် ခန့်တော့မှာပါ။ ခန့်လို့ရပြီဆိုတာနဲ့ အမိန့်ထုတ်ပေး လိုက်မှာပါ’’ လို့ ပြောကြားထားတာ ဖြစ်ပါတယ်။

တိုင်းရင်းသားဒေသတွေက အခြေခံပညာကျောင်းအချို့မှာ ဆရာ၊ ဆရာမလိုအပ်ချက်အရ တိုင်းရင်းသား ဘာသာစကား မတတ်ကျွမ်းတဲ့ ဆရာ၊ ဆရာမတွေကို ခန့်အပ်ထားရာမှာ  မြန်မာဘာသာ စကားမတတ် ကျွမ်းတဲ့  ဒေသခံတိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆရာ၊ ဆရာမတွေအကြား သင်ကြား၊ သင်ယူမှုအခက်အခဲတွေ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

အဆိုပါ အခက်အခဲကို ဖြေရှင်းဖို့ တိုင်းရင်းသားဒေသခံတွေကို လက်ထောက်ဆရာအဖြစ်ခန့်ထားဖို့ စီစဉ်ရတာဖြစ်ပါတယ်။

ယခင်ပညာသင်နှစ်က တိုင်းရင်းသားဒေသတွေရှိ  အခြေခံပညာကျောင်းတွေမှာ တိုင်းရင်းသား ဘာသာစကား သင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေကို ပညာရေးဝန်ကြီးဌာနက တစ်ဦးလျှင် လစဉ် ငွေကျပ် ၃၀,၀၀၀ နှုန်းနဲ့ ပညာသင်နှစ်တစ်နှစ်ကို  ရှစ်လပံ့ပိုးပေးတာ ဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7Day Daily (duwun)

News Read 1728 times