မြန်မာကျောင်းသားများ ဥရောပသမဂ္ဂ၏ Erasmus Mundus ပညာသင်ဆု လျှောက်ထားနိုင်

မြန်မာကျောင်းသားများ ဥရောပသမဂ္ဂ၏ Erasmus Mundus ပညာသင်ဆု လျှောက်ထားနိုင်

‘‘အရားမတ်စ်ပရိုဂရမ်ကို အီးယူက ဆောင်ရွက်ခဲ့တာ နှစ် ၃၀ လောက်ကြာမြင့်ပါပြီ။ ဒီပရိုဂရမ်ကနေ ဥရောပက တက္ကသိုလ်တွေ မှာ ပညာသင်ဆုအပြည့်အ၀နဲ့ တက်ရောက်နိုင်ဖို့ ဆောင်ရွက် ပေးတာဖြစ်ပါတယ်။ မြန်မာ ကျောင်းသား ၁၅၀ ကျော်လောက် ဒီပရိုဂရမ်ကနေ ပညာသင်ယူပြီး လုပ်ငန်းခွင် ၀င်ရောက်နေပါပြီ။ နောက်ထပ် မြန်မာကျောင်းသားတွေ ဒီအခွင့်အရေးကို ရယူနိုင်ဖို့ကျွန်တော်တို့ ကြိုဆိုနေပါတယ်’’ဟု ဥရောပသမဂ္ဂမှ သံအမတ်ကြီး Mr.Roland Kobia က ပြောသည်။

ဥရောပတစ်ဝန်းရှိ တက္ကသိုလ်များတွင် မဟာတန်းနှင့် ပါရဂူတန်းတက်ရောက်မည့် မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် ပညာသင်ထောက်ပံ့ ကြေးပံ့ပိုးမည်ဖြစ်ပြီး www.eacea.ec.europa.eu  မှတစ်ဆင့် ပညာသင်ဆု လျှောက်ထားနိုင်မည်ဖြစ် သည်။

စိုက်ပျိုး မွေးမြူရေးနှင့် တိရစ္ဆာန် ကုသရေးဆိုင်ရာ ဘာသာရပ်များ၊ အင်ဂျင်နီယာ၊ ကုန်ထုတ်လုပ်မှုနှင့် အဆောက်အအုံတည်ဆောက်ရေးဆိုင်ရာ ဘာသာရပ် များ၊ ကျန်းမာရေးနှင့် လူမှုကူညီ ထောက်ပံ့ရေးဆိုင်ရာ ဘာသာရပ် များ၊ အနုပညာဘာသာရပ်များ၊ လူမှုရေးသိပံ္ပ၊ စီးပွားရေးနှင့် ဥပဒေပညာရပ်ဆိုင်ရာ ဘာသာရပ် များ၊ သိပံ္ပ၊ သင်္ချာနှင့် ကွန်ပျူတာပညာရပ်ဆိုင်ရာ ဘာသာရပ်များ အတွက် ဘွဲ့လွန်သင်တန်းများ လျှောက်ထားနိုင်သည်။

ပညာသင်ဆုအစီအစဉ်တွင် ရွေးချယ်ခံရပါက ကျောင်းသား လစဉ်နေထိုင်စရိတ်၊ ကျောင်းလခ၊ ခရီးစရိတ်နှင့် အာမခံကြေးများရရှိမည်ဖြစ်ပြီး သင်တန်းဝင် ခွင့်လိုအပ်ချက်ကို မိမိတက်ရောက်မည့် တက္ကသိုလ်က သတ် မှတ်ချက်များဖြင့် ပြည့်စုံရမည်ဖြစ် သည်။

တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို အွန်လိုင်းမှ ကြည့်ရှုနိုင်သော Link များ

Source: 7 day daily

International Read 2303 times