မူလတန်းအဆင့်ကလေးများ စိတ်တွက်သင်္ချာသင်တန်း တက်ရောက်နိုင်

မူလတန်းအဆင့်ကလေးများ စိတ်တွက်သင်္ချာသင်တန်း တက်ရောက်နိုင်

တရုတ်နိုင်ငံရဲ့ ပေသီးကို အခြေခံပြီးတော့ သင်ကြားပေးတာ ဖြစ်ပါတယ်။ လူတစ်ယောက်မှာ ဦးနှောက် နှစ်ခြမ်းရှိပြီး အများစု ကလေးတွေက ဦးနှောက်ရဲ့ ညာဘက်ခြမ်းကိုပဲ အသုံးပြုကြတော့ ဘယ်ဘက်ခြမ်းကိုပါ အသုံးပြုတတ်လာအောင် ဦးနှောက် နှစ်ဖက်လုံးကို တူးဆွ ပြီးတော့မှ သင်ကြားရတဲ့ နည်းကို အသုံးပြုထားတာ ဖြစ်ပါတယ်။

ကလေးရဲ့ အသက်အရွယ်နဲ့ တွက်ချက်နိုင်တဲ့ အနေအထားပေါ်မူတည်ပြီး အဆင့်တွေခွဲထားတယ်၊ အနည်းဆုံးလေးခုလောက်ရှိတယ်၊ အင်တာနေရှင်နယ်အဖွဲ့အစည်းဖြစ်တာကြောင့် နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ရမှာဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

တစ်ပတ်ကို နှစ်ရက်နဲ့ တစ်ရက်ကို နှစ်နာရီ သင်ကြားရမှာဖြစ်ပါတယ်။ ပထမဆုံးသင်ပေးမယ့် သင်ကြားမှုပုံစံက ကလေးတွေရဲ့ ကျောင်းတွင်း သင်္ချာ သင်ကြားမှုပိုင်းကို အထောက်အပံ့ ဖြစ်စေပြီး နောက်ပိုင်းမှာ စီမံခန့်ခွဲမှုအပိုင်းမှာလည်း တိုးတက်လာစေနိုင်တယ်လို့ သိရပါတယ်။

UCMas သင်တန်းကျောင်းတွေကို နိုင်ငံပေါင်း ၆၅ နိုင်ငံမှာ ဖွင့်လှစ်ထားပြီး အမေရိကန်၊ အင်္ဂလန်၊ ဆူဒန်၊ ကမ္ဘောဒီးယား၊ ဗီယမ်နမ် စတဲ့နိုင်ငံတွေမှာ အများစု ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

၂၀၁၇ ကနေ ၂၀၂၀ ခုနှစ် သုံးနှစ်အတွင်း မြန်မာနိုင်ငံမှာ သင်တန်းကျောင်း ပေါင်း ၃၀ ကျော် ဖွင့်လှစ်မှာဖြစ်ပြီး ယခု လတ်တလောအတွင်း နေပြည်တော်၊ ပြင်ဦးလွင်စတဲ့ မြို့တွေနဲ့ ရန်ကုန်မြို့ အပါဝင် ကျောင်းငါးကျောင်း ထပ်မံဖွင့်လှစ်မယ် လို့ သိရပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: kumudra journal

News Read 2508 times