၂၀၁၇-၁၈ ပညာသင်နှစ်၏ ကျောင်းပြင်ပမူလတန်းပညာရေးနှစ်ဆုံး တတ်မြောက်မှု ဆန်းစစ်ခြင်း ယခုလကုန်တွင် ပြုလုပ်မည်

၂၀၁၇-၁၈ ပညာသင်နှစ်၏ ကျောင်းပြင်ပမူလတန်းပညာရေးနှစ်ဆုံး တတ်မြောက်မှု ဆန်းစစ်ခြင်း ယခုလကုန်တွင် ပြုလုပ်မည်

ပညာရေးဝန်ကြီးဌာနအနေဖြင့် ယခုပညာသင်နှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၃ ခုရှိ မြို့နယ်ပေါင်း ၈၁ မြို့နယ်တွင် ငွေကျပ် သန်းပေါင်း ၉၀၀ ကျော် အသုံးပြုပြီး ကျောင်းပြင်ပပညာရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

ကျောင်းပြင်ပ မူလတန်းပညာရေးနှစ်ဆုံးတတ်မြောက်မှု ဆန်းစစ်ခြင်းလုပ်ငန်းများကို မတ် ၂၉ ရက်နှင့် ၃၀ တွင် ပြုလုပ်သွားမည်ဖြစ်ရာ နှစ်ဆုံးတတ်မြောက်မှု ဆန်းစစ်လွှာများကို မတ် ၂၁ ရက်မှ ၂၃ ရက်အတွင်း ကျောင်းပြင်ပ မူလတန်းပညာရေးကို ဖွင့်လှစ်သင်ကြားလျက်ရှိသော အခြေစိုက်စခန်းများကို ပေးပို့ပေးသွား မည်ဖြစ်ကြောင်း ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာနမှ သိရသည်။

READ - ကမာရွတ် တီတီစီကျောင်း သူငယ်တန်းဝင်ခွင့်လျှောက်လွှာယူသူ နှစ်ရက်အတွင်း တစ်ထောင်ခန့်ရှိ

ကျောင်းပြင်ပရောက် ကလေးများထဲတွင် မူလတန်းအရွယ်ကလေး ရာခိုင်နှုန်းမှာ ၁၂ ဒသမ ၂၆ ရာခိုင်နှုန်းရှိပြီး အဆိုပါကလေးများထဲမှ ၃၆ ရာခိုင်နှုန်းကျော်သည် ကလေးလုပ်သားများ ဖြစ်နေကြောင်း၊ အလယ်တန်းအဆင့် ကျောင်းပြင်ပ ရောက်ကလေး ရာခိုင်နှုန်းမှာလည်း ၁၂ ရာခိုင်နှုန်းရှိပြီး အဆိုပါကလေးများထဲမှ ရာခိုင်နှုန်း၉၀ ကျော်သည်လည်းကလေး လုပ်သားများဖြစ်နေသည်။

အလယ်တန်းအဆင့်အရွယ်တွင် ကျောင်းပြင်ပရောက်ရှိပြီး ကလေးလုပ်သားများဖြစ်နေခြင်းမှာ စိုးရိမ်စရာအခြေအနေတွင် ရှိနေသည်။

ကျောင်းပြင်ပသို့ ရောက်ရှိနေသော (၅) နှစ် (၁၆) နှစ် ကြား ကလေးဦးရေမှာ ၂ ဒသမ ၇ သန်းအထိ ရှိနေသေးသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: democracy today

News Read 1293 times