သုံးနှစ်အတွင်း မူလတန်းပြ ငါးသောင်းကျော်ခန့်မည်

သုံးနှစ်အတွင်း မူလတန်းပြ ငါးသောင်းကျော်ခန့်မည်

ထိုအရေအတွက်သည် ၁၂ တန်းပညာရေးစနစ်သစ် မူလတန်း ကျောင်းသားဦးရေအရ လိုအပ်သည့် ဆရာအရေအတွက်လည်း ဖြစ်သော်ကြောင့် ထိုသို့ ခန့်ထားမည်ဖြစ်သည်။

အစိုးရ၏ ဒုတိယတစ်နှစ်တာ ဆောင်ရွက်ချက်များကို မေလ ၂၁ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမတွင် ရှင်းလင်းစဉ် ၀န်ကြီးက ထိုစာရင်းကို ထည့်သွင်းရှင်းလင်းခဲ့ခြင်းဖြစ်သည်။

သုံးနှစ်အတွင်း ခန့်ထားမည့်အရေအတွက် အများဆုံးမှာ ဧရာဝတီတိုင်းဒေသကြီး ဖြစ်ပြီး အနည်းဆုံးမှာ ကယားပြည်နယ်ဖြစ်သည်ကို ၀န်ကြီးရှင်းလင်းသည့်အချက်များအရ သိရသည်။

မူလတန်းပြ ငါးသောင်းကျော်အပြင် အလယ်တန်းပြ နှစ်သောင်းကျော်နှင့် အထက်တန်းပြ တစ်သောင်းကျော်ကိုလည်း သုံးနှစ်အတွင်း အပြည့်ခန့်ထားမည်ဟု ရှင်းလင်းခဲ့သည်။

ပြီးခဲ့သည့်ပညာသင်နှစ်က တစ်နိုင်ငံလုံး အတိုင်းအတာအနေနှင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူ ၉ သိန်းကျော်ရှိကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရှိရပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: thevoice

News Read 6651 times