အစိုးရက ထုတ်လွှင့်နေတဲ့ ရုပ်သံလိုင်းတွေမှာ ပညာရေးချန်နယ်တစ်ခု သီးခြားထုတ်လွှင့်မည်

အစိုးရက ထုတ်လွှင့်နေတဲ့ ရုပ်သံလိုင်းတွေမှာ ပညာရေးချန်နယ်တစ်ခု သီးခြားထုတ်လွှင့်မည်

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာဖေမြင့်က ‘ရုပ်သံဆိုင် ရာ အခြေခံအဆောက်အအုံ၊ နည်းပညာပိုင်းမှာ ကူညီဆောင်ရွက်ပေးမှာဖြစ်ပါ တယ်။

ထုတ်လွှင့်မယ့် အစီအစဉ်တွေကို တော့ ပညာရေးဝန်ကြီးဌာနက ရိုက်ကူး ထုတ်လုပ်ရမှာဖြစ်ပါတယ်။

READ - ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ပေါင်း ၇၀ ကျော် လာရောက်ပြသကြမည့် နိုင်ငံတကာ တက္ကသိုလ်ပညာရေးပြပွဲကြီး ကျင်းပမည်

ဒီရုပ်သံလိုင်း ကို MRTV ရဲ့ multichannel ရုပ်သံလိုင်းထဲမှာ ထည့်သွင်းဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်”လို့ ယနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောပါတယ်။

ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေက အကယ်၍ ပညာရေးဝန်ကြီးဌာနရဲ့ စတူဒီယိုကို ရန်ကုန်မှာထားရင် ရန်ကုန် အသံလွှင့်ရုံကနေတစ်ဆင့် နေပြည်တော် တပ်ကုန်းက ရုံးချုပ်ကို ပေးပို့ရမှာပါ။

သည်ကမှ လက်ရှိထုတ်လွှင်နေတဲ့ ဒစ်ဂျစ် တယ်ရုပ်သံလိုင်းတွေနဲ့ ပေါင်းစပ်ပြီး ဂြိုဟ်တုဆီ ပေးပို့ကာ နယ်တွေက ထပ်ဆင့်လွှင့် စက်ရုံ ၁၄၅ ရုံကို ပေးပို့ထုတ်လွှင့်မှာ ဖြစ်ပါ တယ်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး က Education channel ထုတ်လွှင့်မယ်ဆို ရင် ပြန် ကြားရေးဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီး ဌာနတို့ တီဗီချန်နယ် ကို သီးခြားလိုင်းတစ် ခုနဲ့ ပညာရေးပို့ချ ချက်များ၊ မှတ်တမ်းများ ဇာတ်လမ်းများ ထုတ်လွှင့်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ရမှာဖြစ်သလို နည်းပညာ ပိုင်းမှာလဲ ပူးပေါင်းပြီးတော့မှ ပညာရေး ရုပ်မြင်သံကြားလိုင်း သီးခြားဖြစ်ပေါ်လာ ရေးအတွက် လိုအပ်လာမယ့် စတူဒီယို၊ ဖိုင်ဘာဆက်ကြောင်းတွေနဲ့ အိုင်စီတီဆိုင်ရာပစ္စည်းတွေ၊ ကျွမ်းကျင်သူတွေ၊ ပညာရှင်တွေနဲ့ အခြားလိုအပ်ပစ္စည်းတွေ လုပ်ငန်းသုံးတွေကို နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေကို ရေတိုရေရှည်စီမံကိန်းတွေ လျာထားတင်ပြဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်”လို့ ပြောပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: kumudranews

News Read 1925 times