ပညာရေးကောလိပ်တွင် အခြေခံပညာ ဆရာများ ခန့်နိုင်ရန် စီစဉ်

ပညာရေးကောလိပ်တွင် အခြေခံပညာ ဆရာများ ခန့်နိုင်ရန် စီစဉ်

“ပညာရေးကောလိပ်တွေက လေးနှစ်သင်ပညာရေးကောလိပ်အဖြစ် ပြောင်းလဲတော့မှာဆိုတော့ အဲ့ဒီကျောင်းတွေမှာ လိုတဲ့ နည်းပြ၊ သရုပ်ပြလိုအပ်တယ်။ ထို့ကြောင့် ပညာရေးကောလိပ်တွေမှာ တာဝန်ထမ်းဆောင်ဖို့ လျှောက်မယ့် အခြေခံပညာ က ဆရာ၊ ဆရာမတွေကို အားလုံးနီးပါးခန့်ဖို့ စီစဉ်နေပါတယ်” ဟု ဆိုသည်။

ထိုကိစ္စနှင့် ပတ်သက်၍ အခြေခံပညာကဏ္ဍတွင် တာဝန်ထမ်းဆောင်နေသော Ph.D, M.Ed ဘွဲ့ရ အထက်တန်းးပြ၊ အလယ်တန်းပြ ဆရာ၊ ဆရာမများအနေဖြင့် ဌာန အကူးအပြောင်း လျှောက်ထားနိုင်သည်။

READ - ၁၉ ကြိမ်မြောက် (PGDMA) အခြေခံပညာ အလယ်တန်းပြ ဆရာ၊ ဆရာမများ လျှောက်ထားနိုင်

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်ရှိ ပညာရေးကောလိပ်များကို ၂ နှစ်သင် ပညာရေးကောလိပ်အဆင့်မှ ၄ နှစ်သင် ပညာရေး ဒီဂရီကောလိပ်အဆင့်သို့ ကနဦးအနေဖြင့် အဆင့်တိုးမြှင့်ဖွင့်လှစ်သွားမည် ဖြစ်သည်။

လာမည့် ဒီဇင်ဘာလ၌ ပညာရေးကောလိပ်ငါးကျောင်းကို လေးနှစ်သင်ဒီဂရီကောလိပ်အဆင့်သို့ အဆင့်မြှင့်တင် ဖွင့်လှစ်ကာ ကျောင်းသား၊ ကျောင်းသူများကို တစ်ကျောင်းလျှင် ဦးရေ ၃၀၀၀ ၀င်ခွင့်ပေးရန် စီစဉ်လျက်ရှိသည်။

လေးနှစ်သင်ပညာရေးကောလိပ်များ၌ တက်ရောက်ပြီးပါက ဘွဲ့လက်မှတ်အဆင့်ထိ ရရှိမည် ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: unity

News Read 3150 times