စတုတ္ထတန်းကျောင်းသားရှိတဲ့ကျောင်းတိုင်းမှာ စာဖြေဌာနဖွင့်လှစ်ပေးဖို့ စီစဉ်နေ

စတုတ္ထတန်းကျောင်းသားရှိတဲ့ကျောင်းတိုင်းမှာ စာဖြေဌာနဖွင့်လှစ်ပေးဖို့ စီစဉ်နေ

“ကလေးတွေ စာမေးပွဲဖြေရတာ အဆင်ပြေအောင် စီစဉ်ပေးဖို့ လုပ်နေပါတယ်၊ အတိအကျပြောဖို့ စောနေသေးတယ်၊ သေချာပြီဆိုတာနဲ့ ကျောင်းတွေကို ညွှန်ကြား စာတွေပို့ပြီး အကြောင်းကြားပေးမှာပါ”လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမျိုးညွန့်က ပြောပါတယ်။

အရင်နှစ်တွေက စတုတ္ထတန်းကျောင်း သားရှိပေမဲ့ ကျောင်းသားဦးရေ နည်းပါး တယ်ဆိုရင် ကျေးရွာအုပ်စုအလိုက် သတ်မှတ်အခြေခံပညာကျောင်းတွေမှာ ဖြေဆို ရတာ ဖြစ်ပါတယ်။

အခုနှစ်မှာတော့ အဲသည်လို အုပ်စုအလိုက် ကျောင်းတွေမှာ စုစည်းပြီး မဖြေဆို ခိုင်းတော့ဘဲ စတုတ္ထတန်းကျောင်းသားရှိတဲ့ ကျောင်းတိုင်းမှာ စာဖြေဌာန ဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

စာဖြေဌာနဖွင့်လှစ်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အခြေခံပညာ ကျောင်းတွေမှာ ညွှန်ကြားထားတာမျိုး လည်းမရှိသေးဘဲ ကြိုတင်ပြင်ဆင်ဖို့လည်း ညွှန်ကြားထားတာ မရှိသေးဘူးလို့ အခြေခံ ပညာကျောင်းတချို့က သိရပါတယ်။

READ - ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနမှ GLOBAL ENGLISH COURSE သင်တန်းကို ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် အွန်လိုင်းဖြင့် လျှောက်ထားနိုင်ပြီ

ဇလွန်မြို့နယ် ရွှေကျောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်း အုပ်ကြီး ဦးရဲထွဋ်က “ဆရာတို့ဆီကို ဘာ ညွှန်ကြားချက်မှ မရောက်သေးဘူး၊ အ စည်းအဝေး ခေါ်ထားတာ တော့ရှိတယ်၊ အဲ ဒီကျမှ ညွှန်ကြားမလားမပြောတတ်သေး ဘူး၊ အခုတော့ စာမေးပွဲစစ်ဖို့က ပုံမှန် အ တိုင်းပါပဲ”လို့ ပြောပါတယ်။

အခုနှစ်မှာ အခြေခံပညာကျောင်းတွေမှာ စာမေးပွဲစစ်ဆေးတဲ့ အကြိမ်အရေအတွက်ကို လျှော့ချပြီး စာသင်နှစ်တစ်နှစ်လုံး မှာ စာမေးပွဲလေးကြိမ်သာပြုလုပ်ဖို့ ညွှန် ကြား ထား တာဖြစ်ပါတယ်။

ပညာသင်နှစ်ရဲ့ ဇူလိုင်လ၊ အောက်တိုဘာလ၊ ဒီဇင်ဘာလနဲ့ ဖေဖော်ဝါရီလစတဲ့ လတွေမှာ စာမေးပွဲစစ်ဆေးမှာဖြစ်ပြီး ဇူလိုင်လနဲ့ ဒီဇင်ဘာလမှာ ပြုလုပ်တဲ့ စာမေးပွဲ တွေကတော့ အခန်းဆုံးစစ်ဆေးတဲ့ စာမေးပွဲဖြစ်ပြီး Group Work ပုံစံနဲ့ စစ် ဆေးမှာ ဖြစ်ပါတယ်။

ပထမနှစ်ဝက်ဆုံးစာမေးပွဲကိုတော့ အောက်တိုဘာလထဲမှာ ပြုလုပ်ခဲ့တာဖြစ် ပြီး ဒုတိယနှစ်ဝက်ဆုံးစာမေးပွဲကို ဖေဖော် ဝါရီလထဲမှာ ပြုလုပ်မှာဖြစ်ပါတယ်။

မူလတန်းအဆင့် (စတုတ္ထတန်း)နဲ့အလယ်တန်း အဆင့် (အဋ္ဌမတန်း) စာမေးပွဲကိုလည်း အဲ သည်လထဲမှာပဲ ပြုလုပ်မယ်လို့ သိရပါ တယ်။

သတ်မှတ်ထားတဲ့လတွေမှာ အခန်း ဆုံး စစ်ဆေးတာတွေ ပြုလုပ်ပြီးပါက ဘာ သာရပ် အလိုက် အားနည်းတဲ့သူတွေကို ကုစားအနေနဲ့ ဖြည့်ဆည်း သင်ကြားပေးတာ တွေလည်း ရှိပါတယ်။

အခြေခံပညာစတုတ္ထတန်းနဲ့ အဋ္ဌမတန်းအတန်းတင်စာမေးပွဲတွေကို တိုင်း ဒေသကြီးနဲ့ ပြည်နယ်အဆင့် မေးခွန်းတွေနဲ့ ပြီးခဲ့တဲ့ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်က စတင် စစ်ဆေးခဲ့ပြီး စာမေးပွဲကျရှုံးသူတွေကို ပြန်လည်ကုစားစနစ်ကျင့်သုံးခဲ့ကာ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှာ ပြန် လည် ကုစားစနစ် မရှိကြောင်း ကြေညာခဲ့ ပြီး အောင်စာရင်း ထုတ်ပြန်ပြီးတဲ့ အခါမှာ စာမေးပွဲကျရှုံးသူတွေကို နောက်ဆက်တွဲ ဖြည့်ဆည်း စာမေးပွဲ နာမည်နဲ့ ကုစားစစ် ဆေးတဲ့ အစီအစဉ်ကို ပြုလုပ်ခဲ့တာဖြစ်ပါ တယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ပညာသင်နှစ်မှာ တော့ ပထမနှစ်ဝက်စာမေးပွဲမှာ ကျရှုံးတဲ့ ကျောင်းသား တွေနဲ့ ဘာသာရပ်တွေအလိုက် အားနည်းတဲ့ ကျောင်းသားတွေကို ကျောင်းချိန် ပြင်ပတွေမှာ အချိန်ပိုခေါ်ယူသင်ကြားပေးဖို့နဲ့ အတန်းတင်စာမေးပွဲမှာ ကျရှုံးသူမရှိ အောင် ကြိုတင်ကုစားစနစ် ကျင့်သုံးဖို့ ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာနကနေ ညွှန်ကြားထားတာ ဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: kumudranews

News Read 1943 times