ဆရာ/မများထပ်ခန့်ရန် ပိုက်ဆံမရှိသေးဟု ပညာရေးပြည်ထောင်စုဝန်ကြီး ပြော

ဆရာ/မများထပ်ခန့်ရန် ပိုက်ဆံမရှိသေးဟု ပညာရေးပြည်ထောင်စုဝန်ကြီး ပြော

“ဆရာ၊ ဆရာမလိုအပ်တာက ဦးစားပေးဖြည့်ထားပေးပါ့မယ်၊ သို့သော် ဘယ်အချိန်ဆိုတာကတော့ ပြောလို့မရသေးပါဘူး၊ လုပ်ဖို့အတွက်တော့ အစီအစဉ်တွေရှိတယ်၊ အားလုံးသိတဲ့အတိုင်းပဲ ဆရာ၊ ဆရာမခန့်ထားရေးဆိုတာ ဘဏ္ဍာငွေရှိမှ ခန့်လို့ရမှာ ဖြစ်ပါတယ်။

လောလောဆယ်တော့ ခြောက်လအတွင်းမှာ ခန့်ထားဖို့ရှိလားဆိုတော့ မရှိသေးပါဘူးနော်။

ဘာဖြစ်လို့လဲဆိုတော့ ဘဏ္ဍာငွေမရှိသေးလို့ပါ။

မူလတန်းပြ ဆရာ/မအားလုံးသင်တန်းပေးလိုက်တယ်၊ အစိုးရဆရာ/မတွေ ပဲမဟုတ်ဘူး။ ပုဂ္ဂလိက ဆရာ၊ ဆရာမများရော ကျောင်းက ဆရာ၊ ဆရာမများရော IDP Camp က ဆရာ၊ ဆရာမတွေရော အားလုံး ကို ပေးလိုက်တဲ့အတွက် ပိုက်ဆံတော်တော်ကုန်သွားတယ်” ဟုပြောသည်။

ထို့အပြင် ယခုနှစ်တွင် ကျောင်းသား/သူများပိုများပြားလာပြီး ကပြဌာန်းစာအုပ်များလည်း အသစ်ပေးလိုက်သည့်တွက် ကုန်ကျစရိတ်များ ရှိနေသည့်အတွက် ပညာရေးဝန်ကြီးဌာနတွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလအထိ သုံးစရာငွေမရှိခြင်းဖြစ်ကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

News Read 1789 times