စနစ်သစ်၊ သင်ရိုးညွှန်းတမ်း အသစ်များဖြင့် သင်ကြားနေသော သူငယ်တန်းနှင့် ပထမတန်းတွင် ကျောင်းသားများ တတ်မြောက်မှုကို စာမေးပွဲစစ်ဆေးရန် မလိုအပ်ခြင်းကြောင့် စာမေးပွဲမစစ်ရန် ညွှန်ကြားထားသော်လည်း အ ချို့ကျောင်းများ ၌ စာမေးပွဲစစ်ဆေးမှုများ ရှိနေသည်။
‘‘ဒီမနက်ပဲ (ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်) သတင်းကြားလို့ လှမ်းပြီးတော့ ပြောဖို့လုပ်နေပြီ။ စာမေးပွဲစစ်ခြင်းက သူကနဂိုက တည်းက မရှိဘူး။ Assessment နဲ့ သွားမယ်လို့ ပြောထားတဲ့ဟာ ကို စာမေးပွဲစစ်ဖို့ တချို့ကျောင်း တွေက လုပ်နေတယ်လေ။ အဲဒါ ကို ဒီကနေပြန်ပြီး ညွှန်ကြားချက် ထုတ်ပြီးပြောမယ်။ အခုတိုက်ရိုက် လှမ်းပြောပြီး မလုပ်ဖို့ပြောမယ်’’ ဟု ဒေါက်တာအောင်နိုင်စိုးက ဆို သည်။
ပထမတန်းတွင် စာသင်ခန်း အတွင်း ပုံမှန်ပြုလုပ်သည့် စစ်ဆေးအကဲဖြတ်ရန်နှင့် ရရှိသော အချက်အလက်များကို အသုံးပြုပြီး သင်ယူပြီးစစ်ဆေး အကဲဖြတ်ခြင်း (Summative Assessment) အနေဖြင့် တစ်နှစ် နှစ်ကြိမ်ပြုလုပ် ရန်၊ စစ်ဆေးအကဲဖြတ်ရလဒ် များကို စနစ်တကျ မှတ်တမ်း တင်ထားပြီး တစ်နှစ်လျှင် မိဘများထံ အစီရင်ခံစာ နှစ်ကြိမ်ပေးပို့ရန် အခြေခံပညာဦးစီးဌာနက ဇန်န၀ါရီ ၁၇ ရက်၌ အခြေခံပညာကျောင်းများသို့ ညွှန်ကြားခဲ့သည်။
တတ်မြောက်မှုစစ်ဆေး သည့် ပုံစံနှင့်ပတ်သက်၍ ပထမ တန်းသင်ရိုးသစ်သင်တန်းပေး စဉ်ကပင် ဆရာ၊ ဆရာမများအား ပြောကြားထားသော်လည်း ပထမတန်း အတန်းကူးပြောင်းခွင့်ပြု ရမည့် ပုံစံကိုရှင်းလင်းစေရန် ထပ်မံညွှန်ကြားခဲ့သည်ဟု ဆိုသည်။
‘‘ပထမတန်းကို စာမေးပွဲ မစစ်ဘူး။ အကုန်လုံးကိုတစ် ယောက်မကျန် အတန်းတင်ပေး မယ်။ တတ်မြောက်မှုဘယ်လိုစစ် ဆေးသလဲဆိုတော့ တစ်နှစ်လုံး စာသင်နေရင်းနဲ့ စာသင်ခန်းတွင်း မှာ လုပ်တဲ့လေ့ကျင့်ခန်းတွေကို သူ ဘယ်လောက်လိုက်လုပ်လဲ ဆို တာ ဆရာမတွေက အကဲဖြတ် နေတာ ရှိတယ်။ တစ်နှစ် နှစ်ခါစာ သင်ခန်းထဲမှာပဲ သူတို့ဘယ် လောက်တတ်လဲဆိုတာ လေ့ကျင့် ခန်းတွေ အားလုံးကို Review ပြန်လုပ်၊ မြန်မာစာမှာ အရေး အားနည်းနေသလား၊ အဖတ် အားနည်းနေသလား၊ သင်္ချာအ တွက်အချက် အားနည်းနေသ လားဆိုတာ စစ်ဆေးတဲ့ Summ -ative Assessment နဲ့ သူ့ရဲ့ ရလဒ်ဘယ်လောက်ရှိတယ် ဆို တာကြည့်မယ်’’ဟု မြန်မာနိုင်ငံစာ စစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ပြောသည်။
အဆိုပါ တတ်မြောက်မှုစစ် ဆေးမှု ပုံစံအရ ပညာသင်နှစ်တစ် နှစ်လုံးအတွက် ပထမတန်း ကျောင်းသားများ တတ်မြောက်မှု ရလဒ် မှတ်တမ်းနှစ်ခုရှိရမည် ဖြစ်သည်။
သို့သော် ဇန်န၀ါရီ ၁၇ ရက်က အခြေခံပညာဦးစီးဌာန ညွှန်ကြားချက်ထုတ်ပြန်ပြီးချိန်တွင် အချို့အခြေခံပညာ ကျောင်း များ၌ ထိုသို့စစ်ဆေးထားသည့် မှတ်တမ်းမပြုလုပ်ထားခြင်းကြောင့် ယခုရက်အတွင်း စာမေးပွဲများ ကျင်းပ နေခြင်း ဖြစ်နိုင်ကြောင်း အခြေခံပညာအသိုင်းအ၀ိုင်းမှ ဆရာများ က ဆိုသည်။
‘‘ဘာမှကြိုမသိထားဘဲ မနက်စာမေးပွဲစစ်မယ်၊ ဒီညမှ ဒီစာတွေကျက်လို့ ကျောင်းက လှမ်းပြောတယ်။ စာမေးပွဲက တစ်ကြိမ်တည်းတောင် မဟုတ်ဘူး၊ နှစ်ကြိမ်ဖြေရတာ’’ဟု ဗိုလ်တထောင် မြို့နယ်မှ ပထမတန်းကျောင်းသား မိခင်တစ်ဦးက ပြောသည်။
အခြေခံပညာဦးစီးဌာန ညွှန်ကြားချက်တွင် တစ်နှစ် နှစ် ကြိမ်မိဘများထံ အစီရင်ခံစာပေး ပို့ ဆွေးနွေးရမည်ဆို သော်လည်း အစီရင်ခံစာရရှိခြင်းမရှိဟု ပထမ တန်းကျောင်းသားမိဘများက ဆိုသည်။
ပထမတန်းသင်ရိုးသစ် သင် တန်းပေးစဉ်က တတ်မြောက်မှု စစ်ဆေးသည့်ပုံစံကို ပြောကြား ထားသော်လည်း ထိုစစ်ဆေးမှုပုံ စံနှင့်ပတ်သက်၍ အခြေခံပညာ ဦးစီးဌာနက ဇန်န၀ါရီ ၁၇ ရက် မတိုင်မီ ညွှန်ကြားမှုမရှိခြင်းကြောင့် တစ်နှစ် နှစ်ကြိမ် ရလဒ်မှတ်တမ်း မပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လှိုင်မြို့နယ်မှ ဆရာမ တစ်ဦးက ဆိုသည်။
KG+12 စနစ်အရ ယခင် ၂၀၁၆-၁၇ ပညာသင်နှစ်ကစတင် ကာ သူငယ်တန်း၊ ယခု ၂၀၁၇-၁၈ ပညာသင်နှစ်၌ ပထမတန်း တွင် ကျောင်းသား၊ ကျောင်းသူ များကို သင်ရိုးညွှန်းတမ်းအသစ်ဖြင့် စတင်သင်ကြားနေသည်။
သင်ရိုးသစ်အရ မူလတန်း အောက်ဆင့်တွင် သီးခြားစာမေး ပွဲထပ်မံကျင်းပရန် မလိုဘဲ သင် ကြားနေစဉ် စာသင်ခန်း အတွင်း အမေး၊ အဖြေလုပ်ကာ စစ်ဆေးမှု မျိုးဖြင့် တတ်မြောက်မှုတိုင်းတာ ခြင်းသည် လုံလောက်သည်ဟု မူလတန်း သိပ္ပံသင်ရိုးရေးဆွဲရေးအ ဖွဲ့မှ ဒေါက်တာကေသီမော်က ဆို သည်။
သင်ရိုးညွှန်းတမ်းအသစ်များ ဖြင့် သင်ကြားနေသော သူငယ် တန်းနှင့် ပထမတန်းတွင်ကျောင်းသားများ၏ တတ်မြောက်မှု ကို စာ မေးပွဲစစ်ဆေးရန် မလိုအပ်ကြောင်း၊ စစ်ဆေးပါက အရေးယူမည်ဖြစ် ကြောင်း အခြေခံပညာဦးစီးဌာန က ၂၀၁၇ ဇူလိုင်တွင် ညွှန်ကြားထားသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: 7day daily