တိုင်းရင်းသားစာပေ သင်ကြားရေးအတွက် သင်ကြားရေးအကူ ဆရာ၊ ဆရာမ ရွေးချယ်ခန့်ထားခြင်းနှင့် ပတ်သက်၍ဆွေးနွေး

တိုင်းရင်းသားစာပေ သင်ကြားရေးအတွက် သင်ကြားရေးအကူ ဆရာ၊ ဆရာမ ရွေးချယ်ခန့်ထားခြင်းနှင့် ပတ်သက်၍ဆွေးနွေး

၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ တိုင်းရင်းသားစာပေသင်ကြားဖို့ Teaching Assistant တွေ ရွေးချယ်ခန့်အပ်ခြင်းနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲကို စက်တင်ဘာလ ၁၉ ရက်က ပညာရေးဝန်ကြီးဌာနရုံးမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက တိုင်းရင်းသားကလေးငယ်တွေရဲ့ သင်ယူတတ်မြောက်မှု ရလဒ်ကောင်းတွေ ဖြစ်ထွန်းလာဖို့ ရည်ရွယ်ပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှာ ပြည်နယ်နှင့် တိုင်းအားလုံးအတွက် တိုင်းရင်းသား ဘာသာစာပေနဲ့ သင်ကြားရေး အထောက်အကူပြု သင်ကြားရေးအကူ ဆရာ၊ ဆရာမ (Teaching Assistant) နေ့စား၊ လပေး စုစုပေါင်း ၅၁၆၁ ဦးကို ခန့်ထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံတိုင်းရင်းဘာသာစကား၊ စာပေကျွမ်းကျင်တဲ့ Teaching Assistant ဆရာ၊ ဆရာတွေကို ခန့်ထားခြင်းဖြင့် ဒေသခံလူငယ်တွေရဲ့ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုတိုးမြှင့်ပေးနိုင်ခဲ့ပြီး ဘွဲ့ရ TA တွေကို မူလတန်း စာပေးစာယူသင်တန်းပေးပြီး မူလတန်းပြဆရာ၊ ဆရာမတွေအဖြစ် ခန့်ထားပေးနိုင်ခြင်းဖြင့် မိမိဒေသရဲ့ ပညာရေးဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နိုင်ဖို့ မျှော်မှန်းဆောင်ရွက်လျက် ရှိတယ်လို့ ဆိုပါတယ်။

၂၀၁၈-၂၀၁၉ ပညာသင်နှစ် အခြေခံပညာ ကျောင်း ၁၂၂၄၈ ကျောင်းမှာ ဆရာ၊ ဆရာမ ၂၈,၇၈၃ ဦးက ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၇၅၃,၆၇၅ ဦးကို သင်ကြားပေးလျက်ရှိပြီး တိုင်းရင်းသားဘာသာ စာပေ ၅၄ မျိုးကို သင်ကြားပေးလျက်ရှိတယ်လို့ ဆိုပါတယ်။

၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း စုစုပေါင်း ၆,၃၈၆ ကျောင်းကို ကျောင်းအဆင့် တိုးမြှင့်ပေးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

READ - သင်ကြားရေးအကူ နေ့စားလပေးများကို ၉ တန်းအောင်အဆင့်မှ စတင်ခန့်ထားမည်

source: internet

News Read 2688 times