နေ့စားလပေးဆရာ၊ ဆရာမများ ထပ်မံခန့်ထားတော့မည်မဟုတ်ဟု ပညာရေးဒုဝန်ကြီးဆို

နေ့စားလပေးဆရာ၊ ဆရာမများ ထပ်မံခန့်ထားတော့မည်မဟုတ်ဟု ပညာရေးဒုဝန်ကြီးဆို

ဖေဖော်ဝါရီ ၇ ရက်က ပြည်သူ့လွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏မေးမြန်း မှုကို ဒုတိယဝန်ကြီးက ယင်းသို့ ထည့်သွင်းပြောကြားသည်။

‘‘ပညာရေးအရည်အသွေး မြင့်မားရေးတွင် ဆရာများ၏အ ရည်အသွေးသည် အထူးအရေး ကြီးပါတယ်။ ဒီအတွက် အရည် အသွေးပြည့်ဝသော ဆရာ၊ ဆရာ မများကို လေ့ကျင့်ပြီးမှ ခန့်ထား ပေးရန် စီစဉ်ထားတဲ့အတွက် နေ့ စားလပေးဆရာများကိုတော့ ထပ်မံခန့်ထားခြင်း မပြုတော့ပါဘူး’’ ဟု ဦးဝင်းမော်ထွန်းက ပြောသည်။ အခြေခံပညာကဏ္ဍတွင် ဆရာ၊ ဆရာမလိုအပ်ချက်အရ ၂၀၁၄-၁၅ ပညာသင်နှစ်မှ ၂၀၁၆-၁၇ ပညာသင်နှစ်အထိ နေ့စားလပေးမူလတန်းပြများ ခန့် ထားခဲ့သည်။ ၎င်းတို့ကို နွေရာသီ ကျောင်းပိတ်ရက်များ တွင် မြို့နယ်အခြေပြုဆရာအတတ်ပညာသင် တန်းတိုများပေးပြီး နေ့စားလပေး မူလတန်းပြမှ နိုင်ငံ့ဝန်ထမ်းမူလ တန်းပြအဖြစ် အတည်ပြုခန့်ထား သည်။

READ - ၂၀၁၈ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် ကတ်ပြားများကို ၁၉-၂-၂၀၁၈ (တနင်္လာနေ့) တွင်စတင်ထုတ်ယူနိုင်

သို့သော် ပညာရေးဝန်ကြီး ဌာနမူဝါဒအသစ်အရ ယခု ၂၀၁၇-၁၈ ပညာသင်နှစ်ကစကာ နေ့စားလပေး မူလတန်းပြများ မခန့်ထား တော့ဘဲ ပါရဂူဘွဲ့ရ၊ မဟာဝိဇ္ဇာ၊ မဟာသိပ္ပံဘွဲ့ရ၊ ဝိဇ္ဇာ၊ သိပ္ပံဘွဲ့ရများကို အကြိုသင်တန်းပေးပြီးမှသာ မူလတန်းပြအဖြစ် ခန့်အပ်တော့ မည်ဟု အခြေခံ ပညာဦးစီးဌာန ခေတ္တညွှန်ကြား ရေးမှူးချုပ် ဒေါက်တာအောင်နိုင် စိုးက ဆိုသည်။

‘‘နေ့စားလပေးဆိုတဲ့ ခေါင်း စဉ်မျိုး မသုံးတော့ဘူး။ KG+12 သင်ရိုးသစ်ကလည်း စနေပြီဆို တော့ အဲဒီတွက် အခုကတည်းက Qualified Teacher တွေ စုချင် တာ။ အဲဒီတော့ ပထမဦးစားပေး က ပါရဂူဘွဲ့ရ၊ ဒုတိယဦးစားပေး က မဟာဘွဲ့ရ၊ ရိုးရိုးဘွဲ့ရဆိုရင် တောင် Grading 3.5 လောက်ကို ဦးတည်ပြီး ခေါ်ချင်တာ။ သူတို့ အားလုံးကို မခန့်ခင်မှာ အကြိုသင်တန်းတွေပေးဖို့ ညှိနေတယ်’’ဟု ဒေါက်တာအောင်နိုင်စိုးက ပြော သည်။

အနည်းဆုံးဘွဲ့တစ်ခုရရှိ ထားသူကိုသာ ဆရာ၊ ဆရာမအဖြစ် ခန့်ထားမည်ဖြစ်ပြီး မခန့်ထားမီ နီးစပ်ရာ ဒေသများရှိ ပညာရေး ကောလိပ်များတွင် အကြိုသင်တန်းပေးနိုင်ရန် အဆင့်မြင့်ပညာ ဦးစီးဌာန၊ ဆရာအတတ်ပညာ ဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ညှိနှိုင်းဆောင်ရွက်မည်ဖြစ်သည်။

‘‘အခုက ဝန်ကြီးဌာနက ဆရာဖြစ်သင်တန်းလက်မှတ်မဲ့ တွေ မခန့်ချင်တော့ဘူး။ အဲဒါ ကြောင့် ခေါ်တာကတော့ အခြေခံ ဘက်က ခေါ်မယ်။ သူတို့ဘယ် လောက်ခေါ်မလဲ။ ခေါ်သလောက် ကို ကာလဘယ်လောက်လောက် ပညာရေးကောလိပ်တွေက အကြိုသင်တန်းပေးနိုင်မလဲ ညှိနေပါတယ်’’ဟု အဆင့်မြင့်ပညာဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်အောင်မင်းက ပြောသည်။

ဆရာ၊ ဆရာမလိုအပ်ချက် ဖြည့်ဆည်းရန် ၂ နှစ်သင် ပညာရေးကောလိပ်များကို လေးနှစ်သင်ပညာရေးဒီဂရီကောလိပ်များ အဖြစ် အဆင့်တိုးဖွင့်လှစ်ရန် ဆောင်ရွက်နေကြောင်း ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြော သည်။

၂၀၁၈-၁၉ ပညာသင်နှစ် တွင် အခြေခံပညာဦးစီးဌာန အောက်ရှိ ကျောင်းများအားလုံး တွင် ဆရာ၊ ဆရာမ ၃၃,၆၈၁ ဦး လိုအပ်ပြီး ယင်းလိုအပ်ချက်များ ကို ၂၀၁၈-၁၉ ပညာသင်နှစ်က စကာ ပညာသင်နှစ်တစ်နှစ်လျှင် တစ်သောင်းကျော် သုံးနှစ်ဆက် တိုက် ခန့်ထားရန် စီစဉ်ထား ကြောင်း ဦးဝင်းမော်ထွန်းက ပြော သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: 7day daily

News Read 1957 times